Friday, August 23, 2013

တရားမ၀င် ကုန်သွယ်မှု တားဆီးရေးအဖွဲ့၏ စစ်ဆေးခြင်းကို ရှောင်လွှဲရန် သတ်မှတ်ဆိပ်ကမ်းများတွင် ဆိုက်ကပ်ခြင်း မပြုပါက အရေးယူမည်

တရားမ၀င် ကုန်သွယ်မှု တားဆီးရေး အဖွဲ့၏ စစ်ဆေးခြင်းကို ရှောင်လွှဲရန်အတွက် ကမ်းရိုးတန်းသွား ပြည်တွင်းရေယာဉ်များ အနေဖြင့် သတ်မှတ်ဆိပ်ကမ်းများတွင် ဆိုက်ကပ်ခြင်း မပြုပါက ပညာပေးကာလ ဖြစ်သော်လည်း အရေးယူသွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
''ကပ်ရမယ့် ဆိပ်ကမ်းတွေမှာ မကပ်ဘဲ ရွှေပြည်သာဘက် သွားကပ်တာတွေ ရှိတယ်လို့ သတင်းတွေ ပေါ်ထွက်နေတာ ရှိပါတယ်။ သတ်မှတ်တဲ့ နေရာက ဆိပ်ကမ်းမှာ မကပ်ရင်တော့ ဖမ်းမှာပဲ။ သြဂုတ် ၃၁ ရက်အထိ ပညာပေးကာလ ဖြစ်ပေမယ့် အဲဒီမှာ ပညာပေး မရှိဘူး။ ဒီမှာဖမ်းနေရင် ဧရာဝတီတိုင်းဘက် ကပ်မှာပေါ့။ ဘယ်မှာကပ်မှာပေါ့ ပြောကြတာတွေ ရှိတယ်။ အဲဒါတွေ အတွက်လည်း သက်ဆိုင်ရာကို စာထုတ်ပြီး အသိပေး ထားတာတွေ ရှိပါတယ်'' ဟု ၎င်းက ပြောကြားခဲ့သည်။


ကပ်ရမယ့် ဆိပ်ကမ်းတွေမှာ မကပ်ဘဲ ရွှေပြည်သာဘက် သွားကပ်တာတွေ ရှိတယ်လို့ သတင်းတွေ ပေါ်ထွက်နေတာ ရှိပါတယ်။ သတ်မှတ်တဲ့ နေရာက ဆိပ်ကမ်းမှာ မကပ်ရင်တော့ ဖမ်းမှာပဲ။ သြဂုတ် ၃၁ ရက်အထိ ပညာပေးကာလ ဖြစ်ပေမယ့်…


တရားမ၀င် ကုန်သွယ်မှု တားဆီးနိုင်ရန်အတွက် တနင်္သာရီတိုင်း ဒေသကြီး ကော့သောင်း၊ မြိတ်မြို့များ အပါအ၀င် အခြားမည်သည့် မြို့/ဆိပ်ကမ်းများမှ အခြားဆိပ်ကမ်းများသို့ ထွက်ခွာ/၀င်ရောက်လာသည့် ပြည်တွင်း ကမ်းရိုးတန်းသွား ရေယာဉ်များ အားလုံးသည် ရန်ကုန်တိုင်း ဒေသကြီး ပင်လယ်ဝ (တော်ကလု) တွင် ရဲရင့်မာန်ရေယာဉ်နှင့် စောင့်ကြည့်စစ်ဆေးမှု ပြုလုပ်နေသော Mobile Team အဖွဲ့သို့ ၀င်ရောက်စစ်ဆေး ခံရမည်ဖြစ်ပြီး စစ်ဆေးခံပြီးမှသာ လိုရာခရီးသို့ ဆက်လက်ထွက်ခွာခွင့် ပြုမည်ဖြစ်ကြောင်းနှင့် ၀င်ရောက်စစ်ဆေး ခံခြင်းမပြုဘဲ မောင်းပြေးမည် ဆိုပါက ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။
ပင်လယ်ဝ (တော်ကလု) တွင် ၀င်ရောက် အစစ်ဆေးခံရမည့် ရေယာဉ်များတွင် အပြည်ပြည်ဆိုင်ရာ ရေကြောင်းလိုင်းများမှ သင်္ဘောများမှအပ ပြည်တွင်း ကမ်းရိုးတန်းသွား ရေယာဉ်များ၊ ခရီးသည်တင် ရေယာဉ်များ၊ ငါးဖမ်းရေယာဉ်များ၊ အမြန်ရေယဉ်များ (ရှပ်ပြေး) နှင့် စက်မဲ့ရေယာဉ်တွဲများ ပါဝင်ကြောင်း သိရသည်။
တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရန်ကုန်ဆိပ်ကမ်း နယ်မြေ Mobile Team အဖွဲ့မှ ပင်လယ်ဝ (တော်ကလု) နှင့် ရန်ကုန်မြစ်၊ လှိုင်မြစ်အတွင်းရှိ ဆိပ်ကမ်းများတွင် စောင့်ကြည့်စစ်ဆေး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကမ်းရိုးတန်းသွား ပြည်တွင်းရေယာဉ်များ ဆိုက်ကပ်သည့် ဆိပ်ကမ်းများဖြစ်သော ယုဇန၊ သာကေတ ဆိပ်ကမ်း၊ နန်းသီတာ၊ ၀ါးတန်း၊ ချောင်းဝ၊ ဘုရင့်နောင်နှင့် ဗားဂရာ ဆိပ်ကမ်းများတွင်လည်း စစ်ဆေးမှုများ ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။

By Eleven News

No comments:

Post a Comment