Thursday, August 22, 2013

ဆီးဂိမ်း အထိမ်းအမှတ် ဂရက်ဖတီ ကိုအာကာကျော် နေပြည်တော်သို့ သွားရောက် ရေးဆွဲမည်

ဆီးဂိမ်း အထိမ်းအမှတ် ဂရက်ဖတီ ကိုအာကာကျော် နေပြည်တော်သို့ သွားရောက် ရေးဆွဲမည်ဆီးဂိမ်းပြိုင်ပွဲ အထိမ်းအမှတ် ဂရက်ဖတီပုံကို လာမည့် စက်တင် ဘာတွင်  နေပြည်တော်သို့ သွားရောက်ရေး ဆွဲပေးမည်ဟု ဂရက်ဖတီ ပညာရှင် ကို အာကာကျော်က ပေါ်ပြူလာနယူးစ်သို့ ပြောသည်။
အဆိုပါ ဆီးဂိမ်းThemes ပုံစံ ဂရက်ဖတီကို မြို့မ ဈေးနားတွင် ရေးဆွဲ ရမည်ဖြစ်ပြီး ရေးဆွဲရန် နေရာနှင့် လို အပ်သည့် ဆေးများကို အားကစားဝန် ကြီးဌာန ဘက်မှ ပံ့ပိုးပေး သွားမည်ဖြစ် ကြောင်း သိရသည်။
''လောလောဆယ် မှာတော့ နိုင်ငံ ကိုယ်စားပြု အနေနဲ့ ဆီးဂိမ်း Themes ပုံကို တစ်ပုံတည်း အရင်ရေးဆွဲဖြစ်မှာပါ။ အဲဒီပုံကို ဓာတ်ပုံရိုက်ခွင့်တွေ ဘာတွေ ပေးထားမယ်လို့လည်း ပြောပါတယ်''ဟု ၄င်းက ဆက်ပြောသည်။

နေပြည်တော်တွင် ကျင်းပပြုလုပ် မည့် (၂၇) ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲအ တွက် အထိမ်း အမှတ်အဖြစ် ဂရက်ဖတီ ရေးဆွဲပေးရန် အားကစား ဝန်ကြီးဌာန နှင့် ဆီးဂိမ်း Theme song များ ဖန် တီးပြုလုပ်သည့် Event Master အဖွဲ့မှ လွန်ခဲ့သည့် တစ်လခန့်က ပြောဆိုထားခဲ့ ခြင်းဖြစ်ပြီး ယခုသြဂုတ်လ အတွင်းမှသာ ရေးဆွဲရန် အတည်ပြုပြော ဆိုပြီးဖြစ် သည်ဟု ကိုအာကာကျော်က ထပ် လောင်းပြောသည်။
''အဓိက အနေနဲ့ ဆီးဂိမ်းအားက စားပုံစံတွေ၊ ဇီးကွက်ပုံ အဲဒါလေးကို ဆွဲ ဖြစ်မှာပါ''ဟု ၄င်းက ဆက်ပြောသည်။ ဂရက်ဖတီ ပညာရှင် အာကာကျော် မှာ ပြည်တွင်းသို့ အမေရိကန် သမ္မတ အိုဘားမား လာရောက်စဉ် ရွှေဂုံတိုင် တွင် ဂရက်ဖတီ ပုံ ရေးဆွဲ ဂုဏ်ပြုခဲ့သည်။ သို့သော် ယင်းနေရာ၌ပင် သမ္မတ ဦးသိန်းစိန်ပုံရေး ဆွဲခဲ့ရာ ဒဏ်ငွေ တစ် သိန်းပေးဆောင် ခဲ့ရသည်။ 


By Popular News

No comments:

Post a Comment