Monday, August 26, 2013

တနင်္သာရီတွင် သစ်တန်ချိန်၇၀၀၀၀ နီးပါး ထုတ်မည်


တနင်္သာ ရီတိုင်းဒေသကြီးမှ ယခုနှစ်ဘတ် ဂျက်တွင် သစ်တန်ချိန် ၇၀၀၀၀ နီးပါးကို ထုတ်ယူသွားမည်ဖြစ်   ကြောင်း သစ်တောနှင့် သတ္တုဝန် ကြီး ဦးတင်စိုးက ပြောသည်။အဆိုပါသစ်တန်သည် ကုမ္ပ ဏီများမှ ထုတ်ယူမည့် သစ်တန် ၆၄၀၀ဝနှင့် ဒေသသုံးတန် ၅၀၀၀ စုစုပေါင်းတန် ၆၉၀၀၀ ထုတ်ယူ သွားမည်ဖြစ်ကြောင်း သိရသည်။ ဦးတင်စိုးက ''ဒီနှစ်ဘတ် ဂျက်အတွက် သစ်တန် နိုင်ငံတော်
  တော်တော်လျှော့ချလိုက်တယ်။ အရင်နှစ်တွေကနဲ့ ထက်ဝက် လောက် လျှော့ချလိုက်တယ်''ဟု ပြော သည်။နိုင်ငံတော်အနေဖြင့် လာ မည့် ၂၀၁၄ခုနှစ် မတ်တွင် သစ် လုံးတင်ပို့မှုကို လုံးဝရပ်ဆိုင်းပြီး သစ်ထုတ် လုပ်မှုကို လျှော့ချသွား မည်ဆိုသည့်အတိုင်း လျှော့ချသွား ခြင်းဖြစ်ကြောင်း သိရသည်။ ဦးတင်စိုးက ''သစ်တောတွေ က တော်တော်ရှိပါသေးတယ်။ အခုဆိုရင် သစ်ခိုးထုတ်သူတွေ ကိုလဲ နေ့ညမပျက် စောင့် ဖမ်းနေ တယ်။ ကုန်းလမ်းကဆိုရင် ဖမ်းရ တာ လွယ်တယ်။ ရေလမ်းကကျ ကျွန်းပေါင်းက အများကြီး ဆိုတော့ ဖမ်းရတာခက်တယ်''ဟု ဆက် လက်ပြောသည်။ တနင်္သာရီးတိုင်းဒေသကြီး သည် မြန်မာနိုင်ငံ အတွင်း သစ် တောဖုံးလွှမ်းမှုအများဆုံးနေရာ တစ်ခုဖြစ်နေသည့်အပြင် ဇီဝမျိုးစုံ မျိုးကွဲ အပေါများဆုံးနေရာ တစ်ခု အဖြစ် သတ်မှတ်ထားကြောင်း သစ် တောပညာရှင်များက ဆိုသည်။ ယင်းနှင့်ပတ်သက်ပြီး သစ်   တောပညာရှင် ဦးစည်သူလွင်က ''မြန်မာနိုင်ငံမှ သစ်ထုတ်နေတာ က အပြောင်ရှင်းစနစ်ဖြစ်နေတယ်။   မြန်မာ့ သစ်ထုတ်လုပ်မှု System အတိုင်း သွားမယ်ဆိုရင် ဘာပြဿ နာမှမရှိဘူး။ သစ်ထုတ်လုပ်မှုတိုင်း က အပြောင်ရှင်းနေတာ အဓိပ္ပာယ် မရှိဘူး။ သေချာစိစစ်ဖို့တော့ လို နေပြီး အပြောင်ရှင်းစနစ်တွေ အ တိုင်းသွားနေမယ်ဆိုရင်တော့ ဂေဟစနစ်တွေ အကုန်ပျက်ကုန် မှာပဲ''ဟု ပြောသည်။ တနင်္သာရီတိုင်းဒေ သကြီး သည် သစ်တော၊ ဒီရေတောအများ ဆုံးဒေသတစ်ခုဖြစ်နေသော ကြောင်း၊ နိုင်ငံတကာသဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ အစည်းများက သစ်တောသယံ ဇာတထိန်းသိမ်းခြင်းလုပ်ငန်းများ နှင့် ဇီဝမျိုးစုံးမျိုးကွဲ ထိန်းသိမ်း ခြင်းလုပ်ငန်းများနှင့် သဘာဝခရီး သွားလာရေးလုပ်ငန်းများကို လုပ် ကိုင်ရန် စိတ်ဝင်စားနေသည့် နေ ရာတစ်ခုဖြစ်ကြောင်း ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဆိုင်ရာ လုပ် ကိုင်နေသူများက ဆိုသည်။ မြန်မာနိုင်ငံ၏ သစ်တော ဖုံးလွှမ်းမှု မှာ ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် သစ်တောဦးစီးဌာန မှ ထုတ်ပြန်ချက်အရ ၄၆ရာခိုင် နှုန်းရှိပြီး သစ်တောပညာရှင် များ၏ အဆိုအရ ၂၅ရာခိုင်နှုန်း သာရှိကြောင်း သိရသည်။ 

by Myanmar breaking News

No comments:

Post a Comment