Wednesday, August 21, 2013

လွတ်လပ်စွာ ဆန္ဒဖော်ထုတ်သူများကို မတားဆီးသည့် အတွက် အစိုးရကို ကင်တားနား ဒေါသထွက်





သြဂုတ်လ ၁၉ရက်နေ့ ည၁၀နာရီခွဲက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တာနား မိတ္ထီလာမြို့ အုပ်ချုပ်ရေးမှူးရုံးကို သွားရောက်တဲ့လမ်းမှာ သူ့ရဲ့ကားကို လူအယောက်၂၀၀ လောက်က ကန်ကြောက်ပြီး ဆဲဆိုမှုတွေ ပြုလုပ်ခဲ့တာနဲ့ ပတ်သက်ပြီး သြဂုတ်လ ၂၁ရက်နေ့ ညပိုင်းက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ
“ကုလသမဂ္ဂ လူ့အခွင့်အရေး အစီရင်ခံစာတင်သွင်းသူဖြစ်တဲ့ ကျနော်လိုလူမျိုးကို အကာအကွယ်ဖို့ အစိုးရမှာတာဝန်ရှိတယ်။ အဲဒီဟာကဖြစ်မလာခဲ့ဘူး။ ကျနော်ကို အစိုးရက ကာကွယ်မပေးနိုင်ခဲ့ဘူး” လို့ မစ္စတာကင်တာနား ထည့်သွင်းပြောကြားသွားပါတယ်

No comments:

Post a Comment