Friday, August 23, 2013

ရန်ကုန်မြို့အား ဒလဘက်သို့ တိုးချဲ့မည့် စီမံကိန်းကို လုံးဝမလုပ်ဟု သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း အတည်ပြု ပြောကြား

AddThis Social Bookmark Button 8.1.1
ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ရှင်းလင်း ပြောကြားနေစဉ်
ယခုအစိုးရ လက်ထက်တွင် ရန်ကုန်မြို့ကြီးအား ဒလဘက်သို့ ချဲ့ရန်စီမံကိန်းကို လုံးဝမလုပ်ကြောင်း နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက အတည်ပြု ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံတွင် မြေဈေးများ အဆမတန် မြင့်တက်မှုနှင့် ပတ်သက်၍ နိုင်ငံတော် အစိုးရအနေဖြင့် မည်သို့ထိန်းချုပ်သွားရန် ရှိမရှိ သတင်းထောက်များက မေးမြန်းခဲ့မှုအပေါ် ပြန်လည် ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

သြဂုတ် ၂၃ ရက်က နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာနတွင် ကျင်းပသော ပြည်ထောင်စုအဆင့် ၀န်ကြီးဌာန တာဝန်ရှိသူများနှင့် မီဒီယာများ တွေ့ဆုံပွဲတွင် မြေဈေးနှုန်းနှင့် ပတ်သက်၍ မေးမြန်းခဲ့ခြင်း ဖြစ်သည်။
ပြန်လည် ဖြေကြားရာ၌ နိုင်ငံတော် သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ''ကျွန်တော်တို့ ဒလဘက်မှာ လုပ်စရာ အကြောင်းမရှိဘူး။ တစ်ချိန်တော့ ရန်ကုန်မြို့ကြီးက ဒလဘက်ကို ချဲ့ဖို့အကြောင်း ရှိတယ်။ အခုမဟုတ်ဘူး။ ကျွန်တော်တို့ မလုပ်ပေမယ့် ကြားကလူတွေက ဒလကိုလုပ်မယ် ဆိုတာနဲ့ မြေတွေအားလုံးက ဈေးတွေတက်သွားတယ်။ ကျွန်တော်တို့ ဒလကို လုံးဝမလုပ်ဘူး။ ဒီအစိုးရ လက်ထက်မှာ ဒလမလုပ်ဘူး။ ဒါပေမဲ့ လူတွေက လုပ်ပစ်လိုက်တော့ လူတွေပဲ ဒုက္ခရောက်ပြီး ဘယ်နေရာမှန်းမသိ၊ ညာနေရာမှန်းမသိ ဖြစ်သွားတယ်။ ဒါကြောင့် ဒလကို ကျွန်တော်တို့ မလုပ်ဘူး။ ဒလကို ကိုရီးယားနဲ့ တံတားထိုးမယ်ဆိုတာ ဆောက်လုပ်ရေးက သွားကြည့်တာနဲ့မှန်းပြီး အဲဒီနေရာမှာ တံတားထိုးမယ်ဆိုပြီး ၀ယ်ကြပြန်ရော။ ကျွန်တော်တို့လည်း အဲဒီအလုပ်တွေက လိုက်လို့ကို မနိုင်ဘူး'' ဟု ပြောကြားခဲ့သည်။
မြေဈေးမြင့်တက် မှုများကို နိုင်ငံတော် အနေဖြင့် အခွန်ဖြင့် ထိန်းချုပ်သွားမည် ဖြစ်ကြောင်း၊ မြေနှင့်ပတ်သက်သော အခွန်ဥပဒေများကို ပြုပြင်သင့်တာ ပြုပြင်သွားမည် ဖြစ်ကြောင်း၊ အရောင်းအ၀ယ်များအား Moniter လုပ်ပြီး အခွန်ဖြင့် လိုက်ထိန်းသွားရန် စီစဉ်နေကြောင်း၊ တိုင်းဒေသကြီး ပြည်နယ်များရှိ မြို့နယ်အလိုက် မြေဈေးနှုန်းများအား သတ်မှတ်ကာ တံဆိပ်ခေါင်းခွန်အား အပြည့်အ၀ ရရန်အတွက် ဆောင်ရွက်နေသည် ဟုလည်း သိရှိရသည်။
မြို့နယ်အလိုက် တစ်စတုရန်းပေ ပတ်လည် မြေတန်ဖိုးများကို ပြုစုပြီးပါက ထုတ်ပြန်သွားမည် ဖြစ်ကြောင်းနှင့် တံဆိပ်ခေါင်း ခွန်များအား လျော့ပြကာ ယခုအချိန်တွင် လုပ်ကိုင်နေကြောင်း ကိုလည်း သိရှိရသည်။

By ElevenNews

No comments:

Post a Comment