နေပေါ်တွင် ဖြစ်ပွားသည့် ပေါက်ကွဲမှု တစ်ခုကြောင့် ရောင်ခြည်စက်ဝန်း ထုတ်လွှတ်မှုများ အရှိန်မြင့်ကာ ကမ္ဘာသို့ သက်ရောက်လာနိုင်ကြောင်း၊ ထိုသက်ရောက်မှု ဒဏ်ကြောင့် ဂြိုဟ်တုနှင့် အီလက်ထရွန်နစ် စနစ်များ ပျက်စီးနိုင်ကြောင်း အမေရိကန်ပြည်ထောင်စု အာကာသ သိပ္ပံစခန်း NASA က ထုတ်ပြန် ကြေညာထားသည်။
NASA ၏ သြဂုတ်လ ၂၀ ရက်နေ့တွင် ထုတ်ပြန်သော သတင်းများ အရ နေပေါ်တွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပြီး ထိုအရှိန်ကြောင့် ရောင်ခြည် များ ဖြာထွက်ကာ နေမုန်တိုင်းနှင့် သံလိုက် စက်ကွင်း ထုတ်လွှတ်မှု အာကာသအတွင်း ပိုမို မြင့်မားလာနိုင်သည်ဟု ယင်းအာကာသအဖွဲ့က ဆိုသည်။
ယင်းဖြစ်စဉ်ကြောင့် အာကာသအတွင်း အမှုန် တန်ပေါင်း ဘီလီယံနှင့် ချီကာ ထွက်ပေါ်လာနိုင်ပြီး၊ ကမ္ဘာသို့ သုံးလေးရက်အတွင်း ရောက်လာနိုင်ကြောင်း NASA က သတိပေးထားသည်။
by myanmarexpress
No comments:
Post a Comment