Monday, September 9, 2013

KIA နှင့် UWSA အပါအ၀င် လက်နက်ကိုင်အဖွဲ့များ၏ ရာဘနှင့် မူးယစ်ဆေးဝါးစက်ရုံများအား ဘင်္ဂလားဒေ့ရှ် သတင်းစာများမှ ထုတ်ဖော်ပြောကြားခဲ့



 မြန်မာနိုင်ငံတွင် အမြောက်အမြားထုတ်လုပ်နေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ မူးယစ်ဆေးဝါးစက်ရုံများအား ပိတ်သိမ်းပေးဖို့  ဖိအားပေးရန်အတွက် မြန်မာအစိုးရအား မေတ္တာရပ်ခံ တိုက်တွန်းသွားမည်ဖြစ်ကြောင်း   နှင့် နှစ်နိုင်ငံအကြား  မူးယစ်ဆေးဝါးနှိမ်နှင်းမှုများတွင် ပိုမိုပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း ၅.၉.၂၀၁၃ ရက်နေ့ထုတ် The Daily Star သတင်းစာ နှင့် The Independent သတင်းစာတို့တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။

ဂျပန်နိုင်ငံမှ အမျိုးသမီး ဆာမူရိုင်း

samurine
အမှန်တော့ သူ့ကို ဆာမူရိုင်းလို့ မခေါ်ပါဘူး။ ဂျပန်လို Onna-bugeisha လို့ပဲခေါ်ပါတယ်။ ဆာမူရိုင်း အဆင့်အတန်းဝင် သူရဲခေါင်း ဖြစ်ပါတယ်။
ဆာမူရိုင်းဆိုတာကလည်း လူမျိုးစု မဟုတ်ပါဘူး။ ဂျပန်နိုင်ငံရဲ့  အထက်တန်း စားလွှာကို အကာအကွယ်ပေးတဲ့ စစ်သည်အဖွဲ့အစည်း တစ်ခုအဖြစ် လက်ခံထားကြခြင်း ဖြစ်ပါတယ်။ စက်မှုမထွန်းကားမှီ ကာလက ဆာမူရိုင်း ဟာ ဂျပန်နိုင်ငံရဲ့  စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေး တို့ မှာ အကြီးမားဆုံး ကဏ္ဍ တစ်ခုကနေ ပါဝင်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ကစပြီး ဥရောပခရီး စတင်မယ်

အမျိုးသားဒီမိုကရေစီ ​​အဖွဲ့ချုပ်ခေါင်းဆောင် ​​ဒေါ်အောင်ဆန်းစုကြည်က ​ဒီကနေ့ကစပြီး ​အရှေ့ဥရောပ​သုံးနိုင်ငံ ​ခရီးစဉ်ကို ​စတင်တော့မှာ ​ဖြစ်ပါတယ်။ ပိုလန်နိုင်ငံ၊ ​ဟန်ဂေရီနဲ့ ​ချက် ​သုံးနိုင်ငံခရီးစဉ်အတွင်း ​ပိုလန်နိုင်ငံကို ​အရင်ဦးဆုံး ​သွားရောက် လည်ပတ်မှာ ​ဖြစ်ပါတယ်။ ​စက်တင်ဘာလ ​၁၂ ​ရက်နေ့ကျရင် ​ပိုလန်နိုင်ငံ ​ဝါဆောမြို့ကို ​လည်ပတ်ပြီးနောက်ပိုင်း ​ဟန်ဂေရီနိုင်ငံနဲ့ ​ချက်နိုင်ငံကို ​သွားရောက်မှာ ​ဖြစ်ပါတယ်။ ခုသွားရောက်မယ့် ​နိုင်ငံ ​သုံးနိုင်ငံလုံးဟာ

အိမ်ဖေါ်အား မီးပူနှင့်ထိုးခဲ့သူကို ယနေ့အထိမဖမ်းဆီးသေး


ပဲခူးမြို့တွင် လွန်ခဲ့သည့်(၂၅.၃.၂၀၁၂)နေ့က တိုင်းတရားသူ ကြီးဟောင်း ယခု (တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ) အိမ်တွင်ငှားရမ်း နေထိုင်သော ပဲခူးမြို့နယ် တရားသူကြီး ဦးအောင်ဖုန်းဝင်း၏ ဇနီး ဒေါ်ဖြူဝင်းသက်(၃၆-နှစ်)မှ ၄င်းအိမ်တွင် အိမ်ဖေါ်အဖြစ် အလုပ်လုပ်ကိုင်သူ မအေးယုအောင်(၁၅-နှစ်)အားမီးပူနှင့် ထိုးခဲ့သဖြင့် မအေးယုအောင်၏ လည်ပင်းနှင့် ရင်ဘတ်တို့တွင် ဒါဏ်ရာများ ရရှိခဲ့သည်ကိုအမှတ်(၃) ရဲစခန်းမှတဆင့် ပဲခူးမြို့နယ် တရားရုံး သို့ တိုင်တန်းခဲ့ရာတွင် (၉.၅.၂၀၁၃)နေ့တွင် ပဲခူးမြို့နယ်တရားသူကြီး ဒေါ်ခင်မေယုမှ တရားလိုနှင့် သက်သေများကို ခေါ်ယူစစ်ဆေးခဲ့ပြီး တရားခံဟု စွပ်စွဲခံရသူသည် တရားရုံး၏ရှေ့မှောက်သို့ ယနေ့အချိန်အထိ လာရောက်ဖြေရှင်း ဆောင်ရွက်မှု မရှိသေးသဖြင့် ဒေါ်ဖြူဝင်းသက်အား ပဲခူးမြို့နယ် တရားရုံးမှ တရားခံပြေး အဖြစ်ကြေငြာထား ကြောင်းသိရှိရသည်။


by thithtoolwin

Sunday, September 8, 2013

လတ်စားမှု ကြီးသော မြို.တော်စည်ပင်(ကိုယ်တွေ့ ဖြစ်ရပ်)



ဆူလေးဘုရားဘေး မြို.တော်စည်ပင် အစဉ်လာကြီးမားစွာ ခေတ်အခြေနေတွေ ပြောင်းလဲနေသော်လည်း မပြောင်းလဲတဲ့ အမှုကျင့်တစ်ခုကတော့အမြဲတိုင်း တည်မြဲနေတယ် ၊ သမ္မတ မှ ဦးဆောင်ပြီး ပွင့်လင်းထင်သာမြင်သာ ဖြစ်ချင်သော ကြိုးစားအားထုတ်မှု က သဲထဲရေသွန် အချည်းနှီး ဖြစ်နေပြီ။ ဘယ်လိုပုံစံနှင့် စနစ်ဟောင်းကို ခင်တွယ်ပြီး ရှစား မှုကို မတိုက်ဖျတ်နိုင်သရွှေ့ နောင်ပြန်လည့် နေတယ်။

အိမ်တစ်လုံးဆောက်ဘို့ သွားစုံတယ် ။ ဘယ်သူကမှ အဘက်မလုပ်ဘူး တစ်ယောက်ကို တစ်ယောက် တစ်ဌာန ပြီး တစ်ဌာန လွှဲ ချနေကြတယ်။ ဒါနဲဘဲ စည်ပင်ဝန်ထမ်း များ နှင့် အလုပ်အပ်သူကြား လှုပ်ရှားနေတဲ့ ပွဲစား (ခ) အကျိုးဆောင်ကို အကူညီတောင်းရတယ် ။ ငွေများ တော်တောအဆင်ပြေတယ် မျက်နှာချိုတောင် လာသွေးနေတယ် အပြောတွေချိုသွားတယ် ။ မလုပ်ချင်တဲ့ အလုပ်တစ်ခု "လတ်ပေးမှု'' တစ်ခုကို ကျူးလွန်ခဲ့ရတယ် ။ တော်ကြာအိမ်ဆောက်နေတုန်း လာရစ်ပြီး ဆက်မဆောက်ခိုင်း ရင် ဒုက္ခ  ???  စတင်ပါတယ် ။ ဆောက်လုပ်ခွင့်အတွက် ပုံစံ ၊မြေရာဇ၀င် ၊မြို့ ပြမြေ့ပုံ၊ မီးသတ်လိုင်စင်၊ form ကြေး လိုအပ်တာ အကုန်လုံး အမှန်တစ်ကယ် ကုန်ကြတာထက် များများ ပိုပေးရတယ် ၊ စာရွက်စာတမ်း စုံလင်ပြီ ၀မ်းသာတုန်းရှိသေး ဖိုင်ကျအောင်လိုက်မလား ။ မလိုက်ရင် မပြန် ဖိုင်မကျဘူးလား ? စည်ပင်ဝန်ထမ်း တွေအလုပ်မလုပ်တော့ဘူးလား? အဖြေကတော့ မပေးမချင်း ကိုယ့်ဖိုင်ကို့ မကိုင်ချင်တော့ဘူး ။ဘာဖြစ်လို့ တုန်း? ၊ ပေးတဲ့သူ ဦးစားပေးရတယ်လေ ၊ အချို့ ဖိုင်တွေဆို ပျောက်တောင်သွားတယ် ။ ကျွှန်တော် ၀မ်းသာလုံးမဆို့ နိုင်တော့ဘူး ဘယ်လောက်လဲမေးလိုက်တယ် ၊ ဖိုင်ကျပြီးအထွက်အပြီးစီး ၄ သိန်းခွဲ နှင့်တည့်သွားတယ် ၊ နောက်တစ်လလောက်ကျတော့ ကြားခံလုပ်ပေးတဲ့သူရောက်လာတယ် အဆင်ပြေတယ် ၊ လတ်ပေးတာတယ် တယ်မြန်ပါလား ၊ သမ္မကြီး ဘယ်လို ဘဲ ပြင် ပြင် အောက်က တိုင်းပြည်တည်ဆောက်နေတဲ့ အောက်ခြေ က မခိုင် ၊ မပြင်တော့ နောက်ဆုံး ပြည်သူက အဆင်ပြေတဲ့ နည်းလမ်းကို ရှာရတယ်လေ ၊။

အမှန်တစ်ကယ်ကုန်ကျစရိတ်ကို ကျွှန်တော်မသိတော့ပါ ။ မေးလည်းပြောမပြောကျပါ ၊ ဘာတွေလိုအပ်တယ် ဘယ်လောက်ကျတယ်ဆိုတာကို အများပြည်သူမြင်သာအောင် ဆိုင်းဘုတ် ထောင်ထားပြီး အတိအကျ လုပ်လျှင် ပိုလွယ်ကူနေသော်လည်း လတ်စားမှုတွင် နေသားကျသော မစင်ပုံထဲက လောက်ကဲ့သို့ အဆင်ပြေနေသော သူတို့ အား ကြည့်ပြီး နောင်ရေးအတွက် စိတ်မအေးနိုင်ဖြစ်ရပါတယ် ။

နောင်တချိန် ဒီမိုကရေစီ နိုင်ငံတော် အသစ်စက်စက်တွင် လတ်စားမှုများ ပပျောက်သွား ပါလို့ မျှော်လင့်ရင်း အဖြစ်ပျက် တစ်ခုကို အများသူများသိစေရန် ဖော်ပြလိုက်ပါတယ်။

ကိုဆုတောင်း

ညောင်ရွက်ဖြင့် ဖုန်းဘတ်ထရီကို အားသွင်းနိုင်


သိပ္ပံပညာရှင်တွေရဲ့ လေ့လာမှုတွေ အရ ဖုန်းဘတ်ထရီများကို
ညောင်ရွက်ဖြင့် အားသွင်းနိုင်တယ်လို့ ဆိုပါတယ်။
သို့သော်လည်းပဲ ယုံကြည်တဲ့သူတွေဟာ အလွန်နည်းပါတယ်။

CNN က ညွှန်းဆိုသည့် အကောင်းဆုံး မြန်မာ့အစားအစာ ၁၀ မျိုး


ကမ္ဘာလှည့် ခရီးသည်များ အနေဖြင့် မပျက်မကွက် မြည်းစမ်းသင့်သည့် အစားအစာ (၁၀)မျိုးကို CNNသတင်းဌာနမှ အော်စတင်ဘုရှ်က စိတ်ဝင်စားဖွယ် ဖော်ပြထားသည့် လမ်းညွှန်မှုကို ဖော်ပြအပ်ပါသည်။
မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သော ကမ္ဘာလှည့် ခရီးသည်များ အနေဖြင့် မပျက်မကွက် မြည်းစမ်းသင့်သည့် အစားအစာ (၁၀)မျိုးကို CNNသတင်းဌာနမှ အော်စတင်ဘုရှ်က စိတ်ဝင်စားဖွယ် ဖော်ပြထားသည့် လမ်းညွှန်မှုကို ဖော်ပြအပ်ပါသည်။

ငါးဖယ်ချဉ် (ခ) ပုစွန်ချဉ် လုပ်နည်း


အိသက်သားအကြီးက ပုစွန်ချဉ်အရမ်းကြိုက်ပါတယ်။
ပုံမှန်ပုစွန်ချဉ် လန်ဒန်အိမ်မှာ လုပ်စားဖြစ်တယ်။
ဒါကို လန်ဒန်လာလည်သွားတဲ့ သူ့အဘွား ဒေါ်သဲသဲလှုပ်များက
ပုစွန်ချဉ်ပါပို့တဲ့ ဇာတ်လမ်းစပါတယ်။ ကိုထက်မေမေက ၀ါးခယ်မကပါ။
ပုစွန်ချဉ် နာမည်ကြီးသောဒေသပေါ့။

အမေရိကန်-မြန်မာ စစ်ဘက်ဆက်ဆံရေး

၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၂၆ရက်နေ့တွင် ဗိုလ်ချုပ်ကြီး သူရရွှေမန်း နှင့် ဗိုလ်ချုပ်ကြီး ကင်ဂျော့ဆစ်တို့ နားလည်မှု စာချွန်လွှာ တခု လက်မှတ်ရေးထိုးခဲ့သည်။
၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၂၆ရက်နေ့တွင် ဗိုလ်ချုပ်ကြီး သူရရွှေမန်း နှင့် ဗိုလ်ချုပ်ကြီး ကင်ဂျော့ဆစ်တို့ နားလည်မှု စာချွန်လွှာ တခု လက်မှတ်ရေးထိုးခဲ့သည်။

သမ္မတ အိုဘားမား အစိုးရအဖွဲ့က လွန်ခဲ့သော ၂၅နှစ် ဒီမိုကရေစီအရေး ဆန္ဒပြသူများကိုအကြမ်းဖက်နှိမ်နင်းသတ်ဖြတ်ခြင်းများ ဖြစ်ပွားခဲ့ပြီးကတည်းက မြန်မာနိုင်ငံအပေါ် ဖြတ်တောက်ထားခဲ့သော စစ်ရေးလေ့ကျင့်ပေးမှုကို ပြန်လည် စတင်ရန် ဆန္ဒရှိနေသည်။
တိုက်ခိုက်ရေးနှင့် ပတ်သက်သော အကူအညီ မဟုတ်သော်လည်း တိုင်းရင်းသားလူနည်းစုများနှင့် ဆက်လက် တိုက်ခိုက်နေဆဲဖြစ်ခြင်းကြောင့် မြန်မာစစ်တပ်ကို လက်တွဲရန် အမေရိကန်အစိုးရ၏ ဆောင်ရွက်မှုသည် အလျင်စလိုနိုင်လွန်းသည်ဟု အမေရိကန် လွှတ်တော်အမတ် အချို့က ဆန့်ကျင်ကန့်ကွက်ကြသည်။
အမေရိကန် အစိုးရအနေဖြင့် ယခင် စစ်အစိုးရ အဖွဲ့ဝင်ဟောင်းတယောက်ဖြစ်သော်လည်း သမ္မတဦးသိန်းစိန်၏ ဒီမိုကရေစီကို ဦးတည်သော ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုများကို အသိအမှတ်ပြုသည့်အနေဖြင့် ချမှတ်ထားသည့်

Wednesday, September 4, 2013

ဆေးမင်ကြောင် ဖျက်နည်းများ

-ဆေးမင်ကြောင် ထိုးထားတဲ့ အရေ ပြားကို တိုက်စားပစ်ခြင်း၊ လေဆာ နှင့် ဖျက်ခြင်းတို့ ပြုလုပ်နိုင် ပါတယ်။ အရောင်ပါတဲ့ ဆေးမင်တွေကိုတော့ တစ်ကြိမ်တည်းနှင့် အပြီးသတ်မဖျက် နိုင်ဘဲ အကြိမ်ကြိမ်ဖျက်ပေးရပါတယ်။ မည်သည့်နည်းကို အသုံးပြုသည် ဖြစ်စေ ဆေးမင်ကြောင်ထိုးထားတဲ့ အသားအရေဟာ နဂိုမူလအတိုင်း ပြန်မရတော့ပါဘူး။

ဦးနှောက်ကို အမြဲနုပျိုနေစေရန်


(၁) လှုပ်ရှားပါ

လေ့ကျင့်ခန်းလုပ်ခြင်း၊ကိုယ် လက်လှုပ်ရှားခြင်း ကြောင့် ဦးနှောက်ဆံခြည်မျှင်သွေးကြောဖွဲ့စည်းမှု ကောင်းမွန်ပြီးသွေးအထောက်အပံ့၊ အာဟာရနှင့် အောက်ဆီဂျင်ပေါများစွာ ရရှိနိုင်သောကြောင့် ဦးနှောက် နဗ်ဆဲလ်များနုပျိုစေသည်။

(၂) အစာကျွေးပါ

ဟင်းသီးဟင်းရွက်များနှင့်သီးနှံများတွင်ဓါတ်တိုးဆန့်ကျင်ပစ္စည်း (antioxidant)များပါဝင်သောကြောင့် ဖရီး ရယ်ဒီကယ် (free radical) ဟုခေါ်သည့် အိုမင်းရင့်ရော် စေသောဓါတ်များကိုချေဖျက်ပေးနိုင်သည်။

(၃) အရှိန်တင်ပါ

ဦးနှောက်လုပ်ငန်းများသည်အသက်သုံးဆယ်ဝန်း ကျင်မှစ၍ဖြည်းဖြည်းချင်းဆုတ်ယုတ်လာသည်။ သို့သော် ဦးနှောက်ကိုအမြဲတစေ အလုပ်ခိုင်းစေနေသူများ၌ ဦး နှောက်အိုမင်းမှုကို ဆိုင်းငံ့ထားနိုင်သည်။ စကားလုံး ဆက်ကစားခြင်း၊ပဟေဠိဖြေခြင်း၊ ဘာသာစကားအသစ် တစ်ခုသင်ယူခြင်း၊ တူရိယာပစ္စည်းတီးမှုတ်ရန်သင်ယူခြင်း တို့ဖြင့်ဦးနှောက်ကို အမြဲတစေသစ်လွင်နေစေရန် ထိန်း သိမ်းနိုင်သည်။

(၄) စိတ်ဖိစီးမှုလျှော့ပါ

စိတ်ဖိစီးမှုသည်ဦးနှောက်တည် ငြိမ်မှုနှင့်မှတ်Óဏ်မှတ်သားနိုင်စွမ်းကိုအနှောင့်အယှက်ဖြစ်စေသည်။နာတာ ရှည် စိတ်ဖိစီးမှုခံရသောအခါ ဦးနှောက်၏့ငစစသခောစကျ ဟုခေါ် သောအစိတ်အပိုင်းသည် မှတ်Óဏ်မှတ်သားနိုင်စွမ်းလျော့နည်းလာသည်။

(၅) ရယ်ပါ

ဟာသဓါတ်ခံရှိခြင်းကြောင့် ဦးနှောက်မှဒိုပါမင်း (dopamine) ဟော်မုန်းများထွက်ရှိလာပြီးစိတ် ကြည် လင်ချမ်းမြေ့မှုကိုပေးစွမ်းနိုင်သည်။ ဒိုပါမင်းဟော်မုန်းသည် ဦးနှောက်ဆဲလ်များအတွက် အားဆေးတစ်ခုလည်းဖြစ် သည်။

ဇော်ကို
Source:RD
Health Updates Journal

လွဲမှားနေသော ခံတွင်းသန့်ရှင်းရေးစနစ်များ


၁. သွားတိုက်စဉ် အချိန်ကြာမြင့် စွာတိုက်ခြင်း၊ မကြာခဏသွားတိုက် ခြင်း
မကြာခဏသွားတိုက်ခြင်းဖြင့် သွား၏အပေါ်ယံလွှာတွေ စားသွား ပြီး နာကျင်မှုတွေ ဖြစ်လာနိုင်ပါ တယ်။ ဒါကြောင့် တစ်ရက်ကို သုံးကြိမ်ခန့်သွားတိုက်နိုင်ပြီး အနည်း ဆုံးမနက်တစ်ကြိမ်၊ ညတစ်ကြိမ် တစ်ခါတိုက်လျှင် ၂-၃ မိနစ်ခန့် သာ တိုက်ပေးသင့်ပါတယ်။

ကိုယ်အလေးချိန် ချမှာလား၊ အဆီချမှာလား


ကိုယ်အလေးချိန်ချလိုပါက

-အစားအစာကယ်လိုရီပမာဏတတ်နိုင်သလောက်လျှော့ပါ။
-ကစီဓါတ်များများ၊အဆီနည်းနည်း၊ပရိုတင်းနည်းနည်းပါဝင်သော အစာ များဦးစားပေးပါ။
-ညစာလျှော့ပါ။
-ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်ပါ။
-အသီးအရွက်သီးသန့်စားသုံးပါ။
-ဂေါ်ဖီဟင်းချို၊ဂရိတ်ဖရုသီး၊မုန်လာဥများမကြာခဏစားပါ။

အဆီချလိုပါက

-အင်ဆူလင်ဟော်မုန်းပမာဏကို ထိန်းပါ။
-ကစီဓါတ်ကိုဆန်၊ဂျုံနှင့်ပြောင်းတို့အစားဟင်းသီးဟင်းရွက်များမှအဓိကရယူပါ။
-ပရိုတင်းရရှိရန်အသားနှင့်ပဲများများစားပါ။
-လေ့ကျင့်ခန်းအပျော့စားထက်ပြင်းထန်သောလေ့ကျင့်ခန်းများဦးစား ပေးပါ။
-ငါးကြီးဆီစားပါ။
-ဖိစီးမှုဟော်မုန်းများမြင့်တက်မလာစေရန်စိတ်ခံစားမှုချုပ်ထိန်းပါ။

ဇော်ကို
Source:healthhabits
Health Updates Journal

မျှစ်နဲ့ စွမ်းပကား လွန်ထူးခြား


မန်မာ လူမျိုးတွေက မျှစ်ကို ကြော်ချက်ပြီး ဟင်းလျာ အမျိုးမျိုး ပြုလုပ် စားသောက် တတ်ကြပါတယ်။

ဒါပေမယ့် မျှစ်တွေကို ဆေးဆိုးထားတယ် ဆိုတဲ့သတင်း ထွက်လာပြီးနောက်မှာ မျှစ်ကို စားဖို့ လက်တွန့် သွားကြပါတယ်။ ဒါကြောင့် ဆေးမဆိုး ထားတဲ့ မျှစ်တွေကို ရွေးချယ် စားသောက်ဖို့ အကြံပြုရင်း မျှစ်ကြောင့် ရရှိလာနိုင်တဲ့ ကျန်းမာရေး စွမ်းပကားတွေကို ရေးသား လိုက်ရပါတယ်။

ဆိုတေးအား ဦးနှောက်နှင့် အာရုံကြော ခွဲစိတ် ကုသဆောင်သို့ ပြောင်းရွှေ့

ဆိုတေးအား ဦးနှောက်နှင့် အာရုံကြော ခွဲစိတ် ကုသဆောင်သို့ ပြောင်းရွှေ့မော်တော်ယာဉ် တိမ်းမှောက်မှုကြောင့် မန္တလေး အထွေထွေ ရောဂါကု ဆေးရုံကြီး အထူးကြပ်မတ် ဆောင်တွင် အတွင်းလူနာ အဖြစ် ဆေးကုသမှု ခံယူလျက် ရှိသော အဆိုတော် ဆိုတေး ကို စက်တင်ဘာ ၂ ရက်နေ့တွင် ဦးနှောက်နှင့် အာရုံကြော ခွဲစိတ် ကုသဆောင်သို့ ပြောင်းရွှေ့လိုက်ပြီ ဖြစ်ကြောင်း မန္တလေး အထွေထွေ
ရောဂါကုဆေးရုကြီးမှ ဦးနှောက်နှင့် အာရုံကြော ခွဲစိတ် အထူးကု ပါမောက္ခ ဒေါက်တာ ဦးခင်မောင်လွင်က Venus News သို့ ပြောသည်။

သင်္ဘောသီးမှည့်၏ ကောင်းကျိုးများ

သင်္ဘောသီး မှည့်ဟာ ဆိုလျှင် ချိုသော အရသာရှိပြီး လူတိုင်းနီးပါး ကြိုက်နှစ်သက် လိမ့်မယ်လို့ ထင်ပါတယ်။ သင်္ဘောသီးမှည့်ကို စားလျှင် ရရှိနိုင်သော အကျိုးကျေးဇူး တွေကတော့- (၁) အသားအရေကို လှပါစေပါတယ်။
(၂) ကိုယ်လေးချိန်ကို လျော့ချပေးနိုင်ပါတယ်။
(၃) ဝက်ခြံများကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။
(၄) ဝမ်းကို ပျော့စေပါတယ်။
(၅) တုပ်ကွေးမိနေချိန် (သို့) အဖျားရှိနေချိန် စားပါက ရောဂါကို ပျောက်ကင်းစေနိုင် ပါတယ်။
(၆) ကိုယ်ခံအား ကျဆင်းမှုကိုလည်း တာဆီးပေးပါတယ်။
(၇) အူမကြီးကင်ဆာ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။
(၈) ချောင်းဆိုးရောဂါ၊ အဆုတ်ရောဂါ၊ တီဘီ ရောဂါများ အတွက်လည်း ကောင်းမွန်ပါတယ်။
အထူးသဖြင့် သင်္ဘောသီးမှည့်ကို အမျိုးသမီးများ ပို၍ စားသင့်ပါတယ်။ နေ့တိုင်း မစာနိုင်ဘူး ဆိုရင်တောင် အနည်းဆုံး တစ်ပတ်တစ်ခါ စားသုံးရုံဖြင့် အထက်ပါ ရောများကို ကာကွယ်ပေးနိုင် ပါလိမ့်မယ်။

by yoyarlay

မိကျောင်းတစ်ကောင်၏ အမဲလိုက်ခံရသူတစ်ဦးကို ကယ်တင်နိုင်ခဲ့

ဩစတြေးလျ နိုင်ငံတွင် မိကျောင်းတစ်ကောင်၏ ချောင်းမြောင်း စောင့်ဆိုင်းနေမှုကြောင့် သီတင်း(၂)ပတ်ကြာ ပိတ်မိနေသူ တစ်ဦးကို အောင်မြင်စွာ ကယ်တင်နိုင်ခဲ့ကြောင်း သိရှိရသည်။ နယူးဇီလန် နိုင်ငံမှ လာရောက် လည်ပတ်သော ကမ္ဘာလှည့် ခရီးသွားသည် ဩစတြေးလျ အနောက်ပိုင်းတွင် အပျော်တမ်း ကယပ်လှေစီးရန် ရောက်ရှိလာခြင်း ဖြစ်သည်။ ထို့နောက် ၎င်းသည် ကျွန်းငယ်လေး တစ်ခုပေါ်တွင် ရှိနေခဲ့ပြီး ဩစတြေးလျ ကမ်းခြေသို့ ပြန်ရန် ပြင်ဆင်ချိန်တွင် ကြီးမားသော မိကျောင်းတစ်ကောင်၏ ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်လာရသည်။ ၎င်းသည် ကယပ်လှေပေါ် ပြန်တက်ကာ ကျွန်းပေါ်မှ ထွက်ခွာရန် ပြင်ဆင်သည်နှင့် အဆိုပါ ရေမုဆိုး သားစား သတ္တဝါကြီးက လှည့်ပတ် ချောင်းမြောင်းနေသဖြင့် သောင်တင် ပိတ်မိနေခြင်းဟု ကယ်ဆယ်ရေးဝန်ထမ်း ဒွမ်မက်လီယော့ဒ်က ABC သတင်းဌာနသို့ ပြောကြားသွားသည်။

သီလ၀ါဆိပ်ကမ်း တိုးချဲ့တည်ဆောက်မည့် လယ်မြေများအား လျော်ကြေးပေးရန် မြေတိုင်းတာရာတွင် လယ်မြေဧက ကွာခြားမှုများ ရှိနေ

သီလ၀ါဆိပ်ကမ်း တိုးချဲ့တည်ဆောက်မည့် လယ်ယာမြေများအား လျော်ကြေးပေးရန် မြေတိုင်းရာတွင် လယ်မြေဧက ကွာခြားမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိသည်။ သီလ၀ါဆိပ်ကမ်း တိုးချဲ့တည်ဆောက် မည့် မြေကွက်အမှတ် ၂၅၊ ၂၆ နှင့် ၃၀ ရှိ လယ်ယာမြေများအား မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ   လျော်ကြေးပေး ရန် တိုင်းတာရာတွင် ဒေသခံများ၌ အမှန်တကယ်ရှိသော လယ်ယာမြေဧကနှင့် မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်မှ တိုင်းတာသော လယ်ဧကတို့မှာ ကွာခြားနေခြင်းဖြစ်သည်။ "သူတို့က

မြန်မာနိုင်ငံတွင် လူကုန်ကူးခံရသူများမှာ အဓမ္မ ထိမ်းမြားခြင်း၊ ပြည့်တန်ဆာပြုခြင်း၊ အဓမ္မ အလုပ်ခိုင်းခြင်းနှင့် သူတောင်းစားအဖြစ် ခိုင်းစေခြင်းတို့ ခံနေရ

မြန်မာနိုင်ငံတွင် လူကုန်ကူး ခံရသူများမှာ အဓမ္မ ထိမ်းမြားခြင်း၊ ပြည့်တန်ဆာပြုခြင်း၊ အဓမ္မ အလုပ် ခိုင်းခြင်းနှင့် သူတောင်းစားအဖြစ် ခိုင်းစေခြင်းတို့ ခံနေရကြောင်း ရဲတပ်ဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အား ထုတ်ပြန်ကြေညာချက်အရ သိရသည်။ "လူကုန်ကူးမှု အန္တရာယ်ကင်းသော ရွှေ့ပြောင်းသွားလာရေး" အမည်ဖြင့် ထုတ်ပြန်ခဲ့သော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ Facebook စာမျက်နှာတွင် ဖော်ပြပါရှိခဲ့ခြင်း ဖြစ်သည်။ လူကုန်ကူးမှုသည် တိုးတက်လာသော နည်းပညာအရ ကျူးလွန်ရန် လွယ်ကူလာခြင်း၊ အရင်းအနှီး

ယခင် အခွန်စနစ်များကြောင့် သဘာဝ သယံဇာတ တွင်းထွက်များ တူးဖော်ထုတ်လုပ်ရေး ပွင့်လင်းမြင်သာမှု အစီရင်ခံစာတွင် အချက်အလက်များ ထည့်သွင်းရန် ခက်ခဲနေ

ယခင်က စီမံခန့်ခွဲမှု အားနည်းခဲ့သည့် အခွန်ဆိုင်ရာ စနစ်များကြောင့် သဘာဝ သယံဇာတ တွင်းထွက်များ တူးဖော်ထုတ်လုပ်ရေး ပွင့်လင်းမြင်သာမှုဆိုင်ရာ အစီရင်ခံစာ (EITI) တွင် ထည့်သွင်းရမည့် အချက် အလက်များ ရယူရန် ခက်ခဲနေကြောင်း သဘာဝ တွင်းထွက်များ တူးဖော်ထုတ်လုပ်ရေး ပွင့်လင်းမြင်သာမှု ရှိစေရေး အချက်များဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲတွင် အရပ်ဘက် အဖွဲ့အစည်းများ၏ ပြောပြချက်အရ သိရသည်။ အစိုးရဌာန တစ်ခုချင်းစီ၏ အခွန်ဆိုင်ရာ ထုတ်ပြန်မှုများသည် ယခင်က ပွင့်လင်းမြင်သာစွာ

အစ္စလာမ် စာသင်ကျောင်း မီးတုတ်ပစ်မှု ဖြစ်ပွား

မီးတုတ်ပစ်ခံရတဲ့ ဂျာမေ အာရ်ဗီယာ အစ္စလာမ်မီယာသ်လီမွလ်ကုရ်အာန် အထက်တန်း ဘာသာရေး စာသင်ကျောင်း
စက်တင်ဘာလ(၄)ရက်နေ့ ယနေ့ နံနက် ၂ နာရီကျော်လောက်က ရန်ကုန်တိုင်း ဒေသကြီး သင်္ဃန်းကျွန်းမြို့ နယ်၊ (ခ)ရပ်ကွက်၊ ယုဝလမ်းမှာရှိတဲ့ အစ္စလာမ် အထက်တန်း ဘာသာရေး စာသင်ကျောင်း (ဓနိမိုး ထရံကာ) မှာ ကျောင်းသား (၄၀)လောက် အိပ်နေတုန်း မီးတုတ်ပစ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါတယ်။

အဆိုပါ ဂျာမေ အာရ်ဗီယာ အစ္စလာမ်မီယာသ်လီမွလ်ကုရ်အာန် အထက်တန်း ဘာသာရေး စာသင်ကျောင်းဝင်း အတွင်းမှာ အဆောက်အဦး နှစ်ခုပေါင်း ကျောင်းသားအားလုံး (၂၀၀)ကျော် ရှိတယ်လို့ သိရပါတယ်။

အစ္စာလမ်စာသင်ကျောင်းနဲ့ မျက်နှာချင်းဆိုင်က ဦးသန်းမြင့်က မီးခိုးထွက်တာတွေ့လို့ သွားကြည့်တော့ မီးရှို့ထားတဲ့ အ၀တ်စပတ်ထားတဲ့ သစ်သားချောင်းကို တွေ့ ရတယ်လို့ ကနဦး သတင်းများ အရ သိရပါတယ်။

အဆိုပါ မီးရှို့ မှုကြောင့် နည်းနည်း ရုတ်ရုတ်သဲသဲတော့ ဖြစ်သွားပေမယ့် အခုတော့ အကြီးအကျယ် မဖြစ်အောင် လုံခြုံရေး တပ်ဖွဲ့ က ထိန်းထားနိုင်ပြီးလို့ သိရပါတယ်။

by Myanmar News Now

ရခိုင်ပြည်နယ် တရားသူကြီး ဒေါ်စီစီကို လွှတ်တော် စုံစမ်းစစ်ဆေးရေး ကော်မတီ စစ်ဆေး

အာဏာအလွဲသုံးစားမှု၊ လာဘ်ငွေယူမှုများဖြင့် ရခိုင်ပြည်နယ် တရားသူကြီး ဒေါ်စီစီအား ပြည်နယ်လွှတ်တော် စုံစမ်းစစ်ဆေးရေး ကော်မတီ အဖွဲ့က စစ်ဆေးနေကြောင်း သိရသည်။ ကျပ် သိန်းပေါင်း ၄၃၀၀ ကျော် လိမ်လည်မှုတခု၌ လာဘ်ငွေယူကာ ယင်းအမှုကို ပယ်ချခဲ့ကြောင်း၊ အဆိုပါကိစ္စအား စက်တင်ဘာ ၂ ရက်နေ့မှ အောက်တိုဘာ ၁၆ ရက်နေ့အထိ စုံစမ်းစစ်ဆေးသွားမည် ဖြစ်ကြောင်း ဘီဘီစီ သတင်းတရပ်တွင် ဖော်ပြထားသည်။ ကော်မတီ၏ တွေ့ရှိချက်များကို လွှတ်တော် ကိုယ်စားလှယ် ၃ ပုံ ၂ ပုံ က လက်ခံပါက ပုဒ်မ ၃၁၁ အရ ဒေါ်စီစီ ရာထူးမှ ဖြုတ်ချ ခံရနိုင်သည်ဟု ဆိုသည်။

by irrawaddy

တရုတ်-အာဆီယံ ကုန်စည်ပြပွဲ မြန်မာ ပြခန်း ၈၄ ခန်းပါဝင်ပြသ

တရုတ်နိုင်ငံ နန်နင်းမြို့တွင် ကျင်းပနေသော တရုတ်-အာဆီယံ ၁၀ ကြိမ်မြောက် ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ ကုမ္ပဏီများလည်း ပါဝင် ပြသကြောင်း သိရသည်။ ပုဂ္ဂလိက ကဏ္ဍမှ အဖွဲ့ဝင်ပေါင်း ၂၅၀ ၊ ပြခန်းပေါင်း ၈၄ ခန်း ပါဝင်ပြသခဲ့ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်က ပြောဆိုကြောင်း အစိုးရ သတင်းစာများက ဆိုသည်။ ယင်း ကုန် စည် ပြပွဲတွင် ယမန်နေ့က ကျင်းပသည့် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီး အစည်းအဝေးသို့ သမ္မတ ဦးသိန်းစိန် တက်ရောက်ကြောင်း သိရသည်။ စက်တင်ဘာ ၂ ရက်နေ့ကလည်း တရုတ် ၀န်ကြီးနှင့် တွေ့ဆုံဆွေးနွေးခဲ့သေးသည်။

by irrawaddy

မလေးရှားတွင် မြန်မာ ၅၀၀ ကျော် ဖမ်းဆီးခံရ

မလေးရှားနိုင်ငံတွင်း တရားမ၀င် နိုင်ငံခြားသားများ ဖမ်းဆီးသည့် စီမံချက် အရ စက်တင်ဘာ ၁ ရက်က ဖမ်းဆီးမှုများ ပြုလုပ်ရာ မြန်မာ နိုင်ငံသား ၅၅၅ ဦး ဖမ်းဆီးခံရကြောင်း သိရသည်။ နေရာပေါင်း ၅၀ ၌ တပြိုင်တည်း ဖမ်းဆီး စစ်ဆေးမှုများ ပြုလုပ်သည့် အတွက် နိုင်ငံခြားသား ၈၁၀၅ ဦး ဖမ်းဆီးခံရကြောင်း၊ ထိုစာရင်းမှ ၂၄၃၃ ဦးသည် တရားဝင် စာရွက်စာတမ်း မပြည့်စုံသူများ(အိုဗာစတေးများ) ဖြစ်ကြောင်း၊ ၂၄၃၃ ဦးထဲတွင် မြန်မာနိုင်ငံသား ၅၅၅ ဦး ပါဝင်ကြောင်း ယနေ့ထုတ် မြန်မာ့ အလင်း သတင်းစာ၌ ဖော်ပြထားသည်။ အိုဗာစတေးဖြင့် ဖမ်းဆီးခံရသည့် နိုင်ငံခြားသားများတွင် အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ တရုတ်၊ နိုင်ဂျီးရီးယား နှင့် ထိုင်းနိုင်ငံသားများ ပါဝင်ကြောင်းလည်း သိရသည်။

by irrawaddy

လက်နက်နဲ့ အတူ ဖမ်းမိတဲ့ ဘင်္ဂါလီလူမျိုး (၃)ဦး အား ဆက်လက် အရေးယူ ဆောင်ရွက်နေ



စက်တင်ဘာလ (၁) ရက် ည (၁၁း၅၀)နာရီ အချိန်ခန့်တွင် မောင်းနှင်လျက်ရှိသော မသင်္ကာဖွယ်လှေတစ်စီးကို တနင်္သာရီ ရေတပ်စခန်း ဌာနချုပ်မှ မြိတ်ရေပြင်တွင် လုံခြုံရေးနှင့် ပိတ်ဆို့ရေး တာဝန်ထမ်းဆောင်လျက် ရှိသော ကမ်းခြေစောင့် တိုက်ရေယာဉ် (၄၀၃)မှ မီးအချက်ပြခေါ်ယူ၍ စစ်ဆေးခဲ့ရာ "ကောင်းမြတ်ဟင်္သာ" အမည်ရှိ စက်လှေပေါ်တွင် ဘင်္ဂါလီလူမျိုး (၃)ဦးအား AK-47 မောင်းပြန်ရိုင်ဖယ် တစ်လက်၊ ကျည်အတောင့် (၂၀၊ ကျည်ကပ် (၂)ခုနှင့် အတူ ဖမ်းဆီးရမိ ခဲ့သည်။

သံတွဲတွင် ဗုဒ္ဓရှင်တော်မြတ်ဘုရားကို ဆဲရေးတိုင်းထွာသူ ဘင်္ဂလီတစ်ဦး အား ထောင်ဒဏ်ချမှတ်



ရခိုင်ပြည်နယ်၊သံတွဲမြို့နယ်၌် ဗုဒ္ဓဘုရားရှင်အပေါ် ဆဲဆိုသူ ဘင်္ဂလီ မူဆလင် တစ်ဦးအား ပြစ်မှုထင်ရှားသဖြင့် မြို့နယ် တရားရုံးက စက်တင်ဘာလ ၃ရက်နေ့တွင် ထောင်ဒဏ် ၂နှစ်ချမှတ်လိုက်ကြောင်း သိရသည်။ အမှုဖြစ်စဉ်မှာ၂၀၁၂ခုနှစ်၊ဒီဇင်ဘာလ၂၈ရက်နေ့က နတ်မော်ကျေးရွာအုပ်စု၊သပြုချိုင်ရွာနေ(ဘ) ဦးကျော် မောင် ၏သားအောင်ကျော်မိုး(၂၉-နှစ်)မှာအရက်သေစာသောက်စားမူးယစ်ကာဗုဒ္ဓဘုရားရှင်အပေါ် ရိုင်းပြ ပြင်းထန်စွာ ဆဲရေးတိုင်းထွာခဲ့သဖြင့် နယ်မြေရွှေလှေရဲစခန်းမှ(ပ)၄၈/၂၀၁၂၊ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၉၅-ကအရ ၄င်းအား အမှုဖွင့် အရေးယူခဲ့သည်။

by thithtoolwin

ယာဉ်ကြောပိတ်ဆို့မှုများကြောင့် အချိန်ပိုင်းယာဉ်မရပ်နားရသည့် စနစ်ပြန်လည်အကောင်အထည် ဖော်ရန်စီစဉ်

ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုများကြောင့် အချိန်ပိုင်း ယာဉ်မရပ်နားရသည့်စနစ်ကို ပြန်လည် အကောင် အထည် ဖော်ရန်စီစဉ်နေကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့၊ အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်) မှ ဒုတိယ ရဲမှူးကြီး လင်းထွဋ်က စက်တင်ဘာ ၃ ရက်တွင်ပြောသည်။ ယခင်ကရန်ကုန်မြို့ တွင်း ခြောက်မြို့နယ်တွင် အချိန်ပိုင်းယာဉ်မရပ်ရစနစ် ပြုလုပ်ခဲ့ဖူးသည်။ ယခုနောက်ပိုင်းတွင် ရန်ကုန်မြို့ တွင်း ကားကြပ်မှုများကြောင့် အဆိုပါအချိန်ပိုင်းယာဉ် မရပ်ရစနစ်ကို ပြန်လည် အကောင်အထည် ဖော် မည်ဖြစ်သည်ဟု ဆိုခြင်းဖြစ်သည်။ ဒုတိယရဲမှူးကြီးလင်းထွဋ်က “အခုဆိုမြို့ထဲမှာ ကားတွေသွားလို့မရတဲ့ အနေအထားရှိနေတယ်။ မြို့ထဲမှာ လမ်းချဲ့ဖို့က လည်း အခြေအနေမပေးတဲ့ အနေအထားပါ။

အကျိုးတူ ဘီယာထုတ်လုပ်နေရာမှ ဖက်စပ်ကုမ္ပဏီ F&N က စာချုပ်စည်းကမ်း ဖောက်ဖျက်သည့်အတွက် F&N ရှယ်ယာအားလုံးကို ဥပဒေကြောင်းအရ မြန်မာ့စီးပွားရေး ဦးပိုင်က ၀ယ်မည်

စင်ကာပူ အခြေစိုက် F&N ကုမ္ပဏီသည် စာချုပ်ပါ စည်းကမ်းချက်အချို့ကို ဖောက်ဖျက်ခဲ့သည့်အတွက် စာချုပ်ပါ စဉ်းမျဉ်းအတိုင်း F&N ပိုင် ရှယ်ယာအားလုံးကို မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီ လီမိတက်က ၀ယ်ယူခွင့် ရှိခဲ့သည်ဟု သိရသည်။ မြန်မာနိုင်ငံတွင် ဘီယာထုတ်လုပ် ရောင်းချသည့် လုပ်ငန်းလုပ် ကိုင်နေသော မြန်မာဘရူဝါရီ ကုမ္ပဏီလီမိတက်ကို မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ ၄၅ ရာခိုင်နှုန်းနှင့် စင်ကာပူအခြေစိုက် APB မှ ၅၅ ရာခိုင်နှုန်း ပိုင်ဆိုင်ထားကြောင်း သိရသည်။ ထိုသို့ ပိုင်ဆိုင်လုပ်ကိုင်နေရာမှ

မြန်မာနိုင်ငံသို့ ပြန်လာလိုသည့် မလေးရှားရှိ မြန်မာအလုပ်သမားများအား သီတဂူ အထောက်အကူပြု အဖွဲ့နှင့် MAI လေကြောင်းလိုင်းတို့ ပူးပေါင်းပြီး ပြန်လည်ပို့ဆောင်ပေးမည်

မြန်မာနိုင်ငံသို့ ပြန်လာလိုသည့် မလေးရှားရှိ မြန်မာအလုပ်သမားများအား သီတဂူ အထောက်အကူပြုအဖွဲ့ (မလေးရှား)နှင့် MAI လေကြောင်းလိုင်းတို့ ပူးပေါင်းပြီး ပြန်လည်ပို့ဆောင် ပေးသွားမည်ဖြစ်ကြောင်း သီတဂူ အထောက်အကူပြုအဖွဲ့၏ ဘဏ္ဍာရေးမှူး၊ မြန်မာပြည်တာဝန်ခံ ဒေါက်တာမြတ်သူက The Daily Eleven သို့ ပြောကြားသည်။ မလေးရှားတွင် တရားမ၀င် သွားရောက်အလုပ် လုပ်ကိုင်နေပြီး ဒုက္ခရောက်နေ

အလုပ်သမားများအား တစ်ရက်အလုပ်ချိန် ရှစ်နာရီနှင့် အချိန်ပို သုံးနာရီထက် ကျော်လွန်ခိုင်းစေသည့် စက်ရုံ၊ အလုပ်ရုံများကို ၀န်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် တရားစွဲမည်

အလုပ်သမားများအား တစ်ရက်အလုပ်ချိန် ရှစ်နာရီနှင့် အချိန်ပို သုံးနာရီထက် ကျော်လွန်လုပ်ကိုင်ခိုင်းသည့် စက်ရုံ၊ အလုပ်ရုံများကို ၀န်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် တရားစွဲမည်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါ်ဝင်းမော်ထွန်းက ပြောကြားသည်။ ၁၉၅၁ ခုနှစ် အလုပ်ရုံ ဥပဒေနှင့်အညီ တစ်နေ့အလုပ်ချိန် ရှစ်နာရီအပြင် အချိန်ပိုတစ်ရက် သုံးနာရီ ခွင့်ပြုထား၍ အလုပ်သမားများ အား သတ်မှတ်အလုပ်ချိန်၊ အချိန်ပို လုပ်ကိုင်ချိန်များကို တိကျစွာ ဆောင်ရွက်ကြရန် လိုအပ်ပြီး သတ်မှတ်

နေပြည်တော်ရှိ မူလတန်း ကျောင်းသူ၊ ကျောင်းသားများ၏ သွားနှင့်ခံတွင်း ကျန်းမာရေးအတွက် သင်တန်းပို့ချသွားမည်

နေပြည်တော်ရှိ မူလတန်း ကျောင်းသူ၊ ကျောင်းသားများ၏ သွားနှင့်ခံတွင်း ကျန်းမာရေးအတွက် ကျန်း မာရေး ၀န်ကြီးဌာန၊ ပညာရေး ၀န်ကြီးဌာနနှင့် Colgate-Palmolive တို့ ပူးပေါင်းပြီး သင်တန်းပို့ ချသွား မည်ဖြစ်ကြောင်း စက်တင်ဘာ ၃ ရက်က နေပြည်တော် MICC အစည်းအဝေးခန်းမတွင် ပြုလုပ်သည့် အခမ်းအနား၌ သိရသည်။ စက်တင်ဘာမှ စတင်ပြီး နေပြည်တော် ကောင်စီနယ်မြေရှိ မူလတန်း   ကျောင်းများမှ ဆရာ၊ ဆရာမများကို Teacher Training Program သို့ ဖိတ်ခေါ်ပြီး တစ်ကမ္ဘာလုံးဆိုင်ရာ သွားနှင့်ခံတွင်း ကျန်းမာရေး ပညာပေး သင်ထောက်ကူ ပစ္စည်းများ အသုံးပြုကာ ကျောင်းသူကျောင်း သားများကို မည်သို့အကျိုးဖြစ်ထွန်း စေနိုင်ကြောင်း ကျန်းမာရေးနှင့် ပညာရေး ၀န်ကြီးဌာနများမှ အဖွဲ့ဝင် များ က သင်တန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ပညာရေး ၀န်ကြီးဌာန၊ ပညာရေးစီမံကိန်းနှင့် လေ့ ကျင့်ရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်မောင်က "မြန်မာနိုင်ငံမှာ ပညာရေးဝန်ကြီးဌာန အနေနဲ့ ၁၉၉၈ ပညာသင်နှစ်ကစပြီး အခြေခံပညာ အတန်းတိုင်းမှာ ဘ၀တွက်တာ ကျွမ်းကျင်စရာ ဘာ သာရပ်ကို စတင်သင်ကြား ပေးခဲ့ပါတယ်။ ပထမတန်းကနေ စပြီးတော့ သွားကိုဂရုစိုက်ပါဆိုတဲ့ သင်ခန်းစာ ကို စတင်လေ့ကျင့် သင်ကြားပေးပြီး သွားနှင့်ခံတွင်း ကျန်းမာရေးအတွက် စတင်လေ့ကျင့် သင်ကြားပေး လျက် ရှိပါတယ်" ဟု ပြောကြားခဲ့သည်။ အခြေခံ သွားကျန်းမာရေး စောင့်ရှောက်မှု မရရှိသော ကလေး ငယ်ပေါင်း မြောက်မြားစွာကို တစ်ကမ္ဘာလုံးဆိုင်ရာ သွားနှင့်ခံတွင်း ကျန်းမာရေး ပညာပေး အစီအစဉ်ဖြင့် အခမဲ့ သွားနှင့်ခံတွင်း စစ်ဆေးပေးခြင်းများကို ကလေးငယ်များထံ ရောက်ရှိအောင် စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးနှင့် အခြားတိုင်းဒေသကြီး နှစ်ခုမှ ကျောင်းများအားလုံးကို ၂၀၁၃ ခုနှစ် ကုန်ပိုင်းတွင် ကလေးငယ်များ၏ သွားနှင့်ခံတွင်း ကျန်းမာရေးကို အခမဲ့ စစ်ဆေးပေးသွား မည်ဖြစ်ကြောင်း သိရသည်။

by http://myanbnews.blogspot.com