
ရခိုင်ပြည်နယ်၊သံတွဲမြို့နယ်၌် ဗုဒ္ဓဘုရားရှင်အပေါ် ဆဲဆိုသူ ဘင်္ဂလီ မူဆလင် တစ်ဦးအား ပြစ်မှုထင်ရှားသဖြင့် မြို့နယ် တရားရုံးက စက်တင်ဘာလ ၃ရက်နေ့တွင် ထောင်ဒဏ် ၂နှစ်ချမှတ်လိုက်ကြောင်း သိရသည်။ အမှုဖြစ်စဉ်မှာ၂၀၁၂ခုနှစ်၊ဒီဇင်ဘာလ၂၈ရက်နေ့က နတ်မော်ကျေးရွာအုပ်စု၊သပြုချိုင်ရွာနေ(ဘ) ဦးကျော် မောင် ၏သားအောင်ကျော်မိုး(၂၉-နှစ်)မှာအရက်သေစာသောက်စားမူးယစ်ကာဗုဒ္ဓဘုရားရှင်အပေါ် ရိုင်းပြ ပြင်းထန်စွာ ဆဲရေးတိုင်းထွာခဲ့သဖြင့် နယ်မြေရွှေလှေရဲစခန်းမှ(ပ)၄၈/၂၀၁၂၊ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၉၅-ကအရ ၄င်းအား အမှုဖွင့် အရေးယူခဲ့သည်။
by thithtoolwin
No comments:
Post a Comment