Total Pageviews

Thursday, November 28, 2013

ပလတ်စတစ်တိပ်နှင့် ကြွက်နိုသတ်နည်း


ရိုးရာကုထုံးကို အခြေပြုပြီး ကြွက်နို့သတ်နည်းတစ်ခုမှာ စက္ကူများတွင် ကပ်သော တိပ်ပြားကို ကြွက်နို့ပေါ်၌အုပ်ပြီး လေလုံအောင် လေးထပ်ခန့် ခပ်တင်းတင်းလေး ကပ်ထားပေးလျှင် ကြွက်နို့များ သေသွားနိုင်ပါသည်။
တိပ်ပြားတစ်ကြိမ်ကပ်လျှင် ပြန်မခွာဘဲ (၆)ရက်ထားပါ။ (၇)ရက်မြောက်နေ့တွင် ခွာကြည့်ပါ။ ကြွက်နို့သေစေပါသည်။ ဆရာဝန်များအနေဖြင့် အဘယ်ကြောင့် ဤသို့
တိပ်ကပ်ရုံမျှ ကြွက်နို့ဖြစ်စေသော ဗိုင်းရပ်ပိုးများ သေစေရပါသနည်း ဆိုသည်ကို မဖြေနိုင်သေးပါ။ အောက်စီဂျင်ဓာတ် ပြတ်လပ်သွားသောကြောင့် ဗိုင်းရပ်များ သေရသည်ဟုသာ ယူဆထားကြပါသည်။

ဒေါက်တာအောင်နိုင်(ဆေးသုတေသန)

No comments: