Total Pageviews

Monday, September 9, 2013

ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ကစပြီး ဥရောပခရီး စတင်မယ်

အမျိုးသားဒီမိုကရေစီ ​​အဖွဲ့ချုပ်ခေါင်းဆောင် ​​ဒေါ်အောင်ဆန်းစုကြည်က ​ဒီကနေ့ကစပြီး ​အရှေ့ဥရောပ​သုံးနိုင်ငံ ​ခရီးစဉ်ကို ​စတင်တော့မှာ ​ဖြစ်ပါတယ်။ ပိုလန်နိုင်ငံ၊ ​ဟန်ဂေရီနဲ့ ​ချက် ​သုံးနိုင်ငံခရီးစဉ်အတွင်း ​ပိုလန်နိုင်ငံကို ​အရင်ဦးဆုံး ​သွားရောက် လည်ပတ်မှာ ​ဖြစ်ပါတယ်။ ​စက်တင်ဘာလ ​၁၂ ​ရက်နေ့ကျရင် ​ပိုလန်နိုင်ငံ ​ဝါဆောမြို့ကို ​လည်ပတ်ပြီးနောက်ပိုင်း ​ဟန်ဂေရီနိုင်ငံနဲ့ ​ချက်နိုင်ငံကို ​သွားရောက်မှာ ​ဖြစ်ပါတယ်။ ခုသွားရောက်မယ့် ​နိုင်ငံ ​သုံးနိုင်ငံလုံးဟာ
ဆိုဗီယက်ကွန်မြူနစ်လက်အောက်ခံ ​နိုင်ငံများ ​ဖြစ်ခဲ့ပြီး ​၁၉၈၀ ​ပြည့်နှစ်ဝန်းကျင်ကစပြီး ​ဒီမိုကရေစီ ​အသွင်ကူးပြောင်းလာကြတဲ့ ​နိုင်ငံတွေဖြစ်ပါတယ်။ ဒေါ်အောင် ဆန်းစုကြည်အနေနဲ့ ​ပိုလန်၊ ​ဟန်ဂေရီနဲ့ ​ချက်နိုင်ငံရဲ့ ​ဒီမိုကရက်တစ်စနစ်ကို ​လေ့လာမှာဖြစ်ပြီး ​ချက်နိုင်ငံရဲ့ ​မြို့တော် ​Prague ​မြို့မှာ ​ကျင်းပမယ့် ​Forum ​2000 ​ညီလာခံကိုလည်း ​တက်ရောက်မှာဖြစ်ပါတယ်။ စက်တင်ဘာလ ​၁၅ ​ရက်ကနေ ​၁၇ ​ရက်နေ့အထိ ​ကျင်းပမယ့် ​ညီလာခံအတွင်း ​တိဘက် ​ဘုန်းတော်ကြီး ​​ဒလိုင်လားမားလည်း ​​တက်ရောက်မယ်လို့ ​​သိရပါတယ်။ Forum ​​2000 ​​ကို ​​ချက်သမ္မတဟောင်း ​​Vaclav ​​Havel ​​က ​​၁၉၉၆ ​​ခုနှစ်မှာ ​​စတင်ခဲ့တာ ​​ဖြစ်ပြီး ​​ဒီမိုကရေစီ ​​မြှင့်တင်ရေး၊ ​​ပြဿနာလျော့ချဖြေ ရှင်းရေးနဲ့ ​​လူမှုအဖွဲ့အစည်းတွေကို ​​ကူညီ ​​ထောက်ပံ့ရေး ​​အကြောင်းတွေ ​​ဆွေးနွေးကြတဲ့ ​​ညီလာခံ ​​ဖြစ်ပါတယ်။ ဒေါ်အောင် ဆန်းစုကြည် ​​နိုဗယ်ဆုရရှိဖို့ ​​တိုက်တွန်းမှု ​​လုပ်ခဲ့သူတွေထဲမှာ ​​ချက်ပြည်သူ့သမ္မတဟောင်း ​​Vaclav ​​Havel ​​လည်း ​​ပါဝင်ပြီး ​​ချက်သမ္မတဟောင်းဟာ၂၀၁၁ ​​ခုနှစ်တုန်းက ​​ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ​ဥက္ကဌ ​ဒေါ်အောင် ဆန်းစုကြည်ဟာ ​ဥရောပခရီးစဉ်အပြီး ​စင်္ကာပူနိုင်ငံကို ​သွားရောက်ဖို့ ​ရှိတယ်လို့လည်း ​သိရပါတယ်။

by myanmarbreakingnews

No comments: