Thursday, August 29, 2013

ကာသပတေးနေ့  လင်းအားကြီး ချိန် မှာ တိုမာဟောခ် ဒုံးကျဉ် ၁၀၀ ကျော် နဲ့  စတိုက် မယ်




ဆက်ဒမ် ဟူ စိန် ကို ဖယ်ရှား တဲ့ အီရတ် စစ် ပွဲ ရဲ့  ဗျုဟာ ပုံစံ မျိုး အတိုင်း ဆီးရီးယား ကို တိုက် ခိုက် မယ် လို့  အမေရိကန် ထိပ်တန်း စစ်တပ် အရာရှိ
တစ်ယောက် က AP သတင်း ဌာန ကို ပြောပါတယ်။ ကြာသပတေးနေ့ နံနက်
လင်း အားကြီး ချိန် မြန်မာ နိုင်ငံ မှာ တော့ ကြာသပတေး နေ့  ည ကိုးနာရီ လောက် မှာ ရေငုပ် သဘောင်္တွေ မှာ တပ် ဆင် ထား တဲ့ တိုမာဟောခ် ဒုံး ကျဉ် တွေ ကို ဦး ဆုံး ပစ်လွှတ် တိုက် ခိုက် မှာ ဖြစ် ပြီး အဲဒီနောက် သဘောင်္တွေ က ပဲ့ ထိမ်း ဒုံးကျဉ်တွေ ပစ် လွှတ် ပြီး အာဆဒ် ရဲ့  လေကြောင်း မဟာဗျူဟာ တွေ ကို ရှင်းလင်း မှာ ဖြစ် ပါတယ်။

အသက် ၁၆ နှစ်အရွယ် အပျိုစင်လေးအား လိမ်ညာ၍ ပြည့်တန်ဆာလုပ်ခိုင်းသူ အရေးယူခံရ


မုံရွာမြို့ နန္ဒ၀န် ရပ်ကွက်တွင် ယခုလ ၂၆ ရက်နေ့က အသက် ၁၆ နှစ်အရွယ် အမျိုးသမီး ငယ်လေး တစ်ဦးအား နေအိမ်၌ ထမင်းချက် အလုပ်ပေးမည် ဟုဆိုကာ ပြည့်တန်ဆာ လုပ်ငန်းအတွက် ခိုင်းစေ ခဲ့သဖြင့် အိမ်ရှင်လင်မယား အား ရဲတပ်ဖွဲ့မှ အရေးယူ ခဲ့ရကြောင်း မုံရွာ အမှတ်(၂) ရဲစခန်းရှိ တာဝန်ကျ ရဲအရာရှိ တစ်ဦးမှ ပြောကြား သည်။
“ ပြည့်တန်ဆာ လုပ်ငန်းအတွက် ခိုင်းစေခဲ့တာ ဖြစ်ပါတယ်..၊ ဒီအလုပ်ကို မလုပ်ဘူး ဆိုခဲ့ရင် ရိုက်နှက်မယ် လို့လည်း အိမ်ရှင်ဖြစ်သူ ကအဲ့ဒီ ကောင်မလေး အပေါ်မှာ ခြိမ်းခြောက် ပြောဆိုခဲ့တာ တွေရှိတယ်လို့ အသက် ၁၆ နှစ်အရွယ် မမေသူဇော် က အမှုစစ် ရဲအရာရှိထံ ထွက်ဆို ခဲ့တယ် ..” ဟု ၎င်းရဲအရာရှိက ဆက်လက်၍ ပြောပြသည်။

အမှုစစ်ရဲအရာရှိ ရဲအုပ် မောင်မောင်မြင့် ၏ ပြောပြချက်များ အရအဆိုပါ မိန်းကလေး ငယ်သည် မုံရွာခရိုင် ကနီမြို့နယ် ၊ ကဲတောင်ကျေးရွာ မှဖြစ်ကြောင်း ၊ လွန်ခဲ့သော တစ်လ ၀န်းကျင်ခန့်က အမည်မသိ ဆိုင်ကယ် အငှား လိုက်သူ လူတစ်ဦးမှ မုံရွာမြို့ နန္ဒ၀န်ရပ်ကွက် နေ ကိုအရှည်ကြီး (ခေါ်) ကိုဇော်မင်းလွင် ၎င်း၏ ဇနီး မထား (ခေါ်) မစန်းစန်းနွယ် ဆိုသူတို့၏ နေအိမ်၌ ထမင်းချက် အလုပ်အား လုပ်ကိုင် နေထိုင်ရန် ပို့ဆောင်ပေး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အသက် ၁၈ နှစ်အထက် တောင်းရမ်းစားသူများကို အရေးယူမည်


ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တောင်းရမ်းစားသောက်သူများကို ထိန်းသိမ်းရေး စခန်းများသို့ ပို့ဆောင်ပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တောင်းရမ်းစားသောက်သူများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးဌာန ရဲတပ်ဖွဲ့ဝင်များက လိုက်လံထိန်းသိမ်းနေခြင်းဖြစ်ပြီး တွေ့ရှိပါက နာနတ်တော ထိန်းသိမ်းရေးစခန်းသို့ ဦးစွာပို့ဆောင်စေကြောင်း၊ နာနတ်တောစခန်းရောက်မှ စိစစ်ကာ အချို့ကလေးများအား မိဘများထံ ပြန်လည်အပ်နှံခြင်း၊ အချို့ကလေးများကို လူမှုဝန်ထမ်းသို့ အပ်နှံခြင်းနှင့် အသက် ၁၈ နှစ် အထက်များကို ၀ါးနက်ချောင်း ထိန်းသိမ်းစောင့်ရှောက်ရေး စခန်းသို့

ဆီးရီးယားကို အမေရိကန်တို့ တိုက်မည်မို့ အစ္စရေးတို့လည်း ပြင်ဆင်


အဆုံးမသတ်နိုင်တဲ့ ဆီးရီးယား ပြည်တွင်း စစ်အတွက် နောက်ဆုံးဖြေရှင်း နည်းအနေနဲ့ အမေရိကန်တို့ ဆီးရီးယား ကို ဝင်တိုက်တော့မှာ ဖြစ်ကြောင်း သိရပါတယ်။ သို့ပေမယ့် ဒါက အစ္စရေးဘက်က အတည်ပြု ပြောဆိုတဲ့ သတင်းပါ။ အမေရိကန်မှ မပြောသေးပါဘူး။

မောင်တော ပဋိပက္ခတွင် ပြစ်မှုကျူးလွန်ခဲ့သူ ဘင်္ဂါလီ ၇၀ ကျော်ကို ပြစ်ဒဏ်ချ

ရခိုင်ပြည်နယ် မောင်တော မြို့နယ်၌် ပြီးခဲ့သည့်နှစ် ဇွန်လ ၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် ပဋိပက္ခများတွင် မီးရှို့မှုများ ကျူးလွန်ခဲ့သူ ဘင်္ဂါလီ လူမျိုး ၇၄ ဦးကို ပြစ်မှုကျူးလွန်မှု အလိုက် တစ်သက် တစ်ကျွန်း၊ ၁၀ နှစ်၊ ခုနစ်နှစ်စသော ထောင်ဒဏ်များ ကျခံစေရန် မောင်တောခရိုင် တရားရုံးက သြဂုတ်လ ၂၁ ရက်နေ့တွင် ပြစ်ဒဏ်ချမှတ် လိုက်ကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ထံမှ သိရှိရသည်။

၁၀တန်းကျောင်းသားလေး အုပ်စုဖွဲ့ရိုက်ခံရ၍ သေဆုံးမှု့ဖြစ်ပွား


30.8.2013

၂၂.၈.၂၀၁၂ ရက်နေ့ ည ၁ဝ နာရီခွဲ အချိန်တွင် စာကျက်ဝိုင်းမှ ပြန်လာသော အထက (၇) ကျောင်းသာ ခွန်အောင်ခမ်းဦး အသက်(၁၆) နှစ် ၊အောင်သိန်းဦး (၁၆) နှစ် ၁၀ တန်းကျောင်းသား တို့သည် စာကျက်ဝိုင်းမှ ဆိုင်ကယ်နှင့်ပြန်လာစဉ် အုပ်စုဖွဲ့ပြီး ဝိုင်းရိုက်ခဲ့ ကြပါသည်။ည ၁၁နာရီ အချိန်တွင် လှည့်ကင်းမှ တွေ့ရှိခဲ့ပြီး စပ်စံထွန်းဆေးရုံသို့ ဆေးကုသခဲ့ပါသည်။

မြန်မာအလှမယ် ခင်ဝင့်ဝါ ဒုတိယမဲအများဆုံး ရနေ

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW3SODW9_va5oiqYuMdjFRYs_RkhG9tT5_4yYdiaCZjml6v8ShDAngKr2fOB6-jH_2Ty0NGZk7TYeRLNiZZstv0QUXRc5UhtljZYQlncUV6-QUOxjY-E-UM1QYHPu3uO_r-HzBUl_9iUg/s1600/3.jpg
အရှေ့ဥရောပ BELARUS ဘေလာရွတ် နိုင်ငံတွင် ကျင်းပနေသည့် Miss Supranational 2013 အလှမယ် ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ မခင်ဝင့်ဝါ ဝင်ရောက်ယှဉ်ပြိုင် လျှက်ရှိပြီး အွန်လိုင်း နှင့် Facebook သုံးစွဲကြသော မြန်မာပရိသတ်၏ လှုံ့ဆော် မဲပေးမှုကြောင့် မခင်ဝင့်ဝါ သည် ဒုတိယ မဲအများဆုံးဖြင့် ထိပ်တန်းပြေးလျှက်ရှိသည်။

တရုတ်မြန်မာ ပိုက်လိုင်းတစ်လျှောက် လယ်ယာမြေ ပျက်ဆီးမှုတွေ ဖြစ်ပေါ်နေ


တရုတ် CNPC ကုမ္ပဏီက လုပ်ဆောင်နေတဲ့ မြန်မာ တရုတ် သဘာဝဓါတ်ငွေ့ ပိုက်လိုင်း တစ်လျှောက်မှာ မိုးတွင်းကာလအတွင်း လယ်ယာမြေ ပျက်ဆီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေတယ်လို့ မြန်မာ-တရုတ်ပိုက်လိုင်း စောင့်ကြည့်ရေး ကော်မတီက ပြောပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်း က ရည်းစားဟောင်း ကို သတ်ပြစ် ရန် အမိန့် ပေး


အန်ဟာဆု အော်ခက်စတြာ တီးဝိုင်း က အဆို တော် ဟွန်ဆန်ဝိုလ်း ကို ညစ်ညမ်း ရုပ်ရှင် ဖန်တီးမှု နဲ့  မြောက် ကိုရီးယား ခေါင်း ဆောင် ကင်ဂျုံအန်းက ပစ်သတ် ဖို့  အမိန့် ပေး ခဲ့ လို့  သြဂုတ် လ ၂၀ ရက် နေ့  မှာ သူ နဲ့  အခြား ၁၂ ဦး ကို သေနတ် နဲ့  ပစ်သတ် ပြီး အဆုံး စီရင် ခဲ့ ပါတယ်။

ဆီးရီးယားအရေး လုံခြုံရေးကောင်စီ သဘောကွဲ


ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ရုရှား နဲ့ အမေရိကန်နိုင်ငံတွေဟာ ဆီးရီးယား အရေး တံခါးပိတ်ဆွေးနွေးပွဲကို ဒုတိယနေ့အဖြစ်ပြုလုပ်ခဲ့ကြပေမယ့် စစ်ရေးအရ အရေးယူဖို့အတွက်တော့ တညီတညွတ်တည်း ဆုံးဖြတ်ချက် မချနိုင်သေးပါဘူး။ သူတို့ရဲ့ ကြာသပတေးနေ့ အစည်းအဝေးဟာ တနာရီတောင်မကြာခဲ့သလို သတင်းထောက်တွေရဲ့ မေးမြန်းချက်တွေကိုလည်း ဘယ်သူကမှ ပြန်လည် မဖြေကြားခဲ့ပါဘူး။

မြေယာသိမ်းပိုက်တဲ့ တရုတ်ဘူဒိုဇာကြောင့် ၄ နှစ်သမီးငယ်သေဆုံး

Friday, 30, August, 2013

တရုတ်နိုင်ငံမှာ မြေယာပိုင်ဆိုင်မှုအတွက် အငြင်းအခုန်ဖြစ်ရာက ဘူဒိုဇာနဲ့ ၀င်တိုက်ခဲ့တဲ့အတွက် ၄ နှစ်အရွယ် မိန်းကလေးငယ်တဦး သေဆုံးသွားခဲ့သလို၊ ဒီဖြစ်ရပ်အတွက် အင်တာနက် အွန်လိုင်းပေါ်မှာ လည်း ဒေါသတကြီး တုန့်ပြန်မှုတွေ ပေါ်ပေါက်လာပါတယ်။

တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း Fujian ပြည်နယ်မှာ သေဆုံးသူ မိန်းကလေးငယ် မိသားစုနေထိုင်ရာ နေရာအနီး မြေညှိနေကြတဲ့ ဆောက်လုပ်ရေးလုပ်ငန်းက အလုပ်သမားတွေကို တားဆီးဖို့ မိဘတွေက ကြိုးပမ်းရင်း ဗုဒ္ဓဟူးနေ့ကပဲ မတော်တဆမှု ဖြစ်ပွားခဲ့တာပါ။

သေဆုံးသူ ၄ နှစ်သမီးအရွယ် Hong Xiaorou ရဲ့ အဖြစ်အပျက်ကိုတော့ အခင်းဖြစ်ပြီး မကြာမီမှာပဲ တရုတ်လူမှုဆက်သွယ်ရေး ကွန်ရက်တွေမှာ ဖြန့်ဝေခဲ့ကြတာ ဖြစ်ပါတယ်။ ဒေသခံ အာဏာပိုင်တွေကတော့ မတော်တဆမှုလို့ ပြောပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုတွေ အားကောင်းလာနေတဲ့ တရုတ်နိုင်ငံမှာ မြို့ပြချဲ့ထွင်လာရာက နစ်နာကြေး အနည်းအကျဉ်းလောက် ပဲပေးပြီး အတင်းအကျပ် ရွှေ့ပြောင်းခိုင်းတာတွေ မကြာခဏဆိုသလို ကြုံနေရတဲ့အတွက်လည်း ဒေါသထွက် မကျေနပ်မှုတွေ ဖြစ်ပွားလေ့ရှိပါတယ်။

VOA Burmese

Wednesday, August 28, 2013

ရွှေတိဂုံစေတီတော်ပုံ ကုန်အမှတ်တံဆိပ် သိမ်းဆည်းမည်


၂၆.၈.၂၀၁၃ရက်နေ့က ဖူးရှင်းဘရားသား ကုမ္ပဏီမှ လက်ဆောင်ပေး သည့် လက်ဖက်ခြောက်ဗူးများ ပေါ်တွင် ရွှေတိဂုံစေတီတော်ပုံ ပါရှိသဖြင့် တာမွေမြို့နယ် သံဃာ့နာယကအဖွဲ့ဝင် ဆရာတော်တစ်ပါးမှ တိုင်းသံဃာ့ နာယက ဥက္ကဌ ဆရာတော်ထံသို့ အဆိုပါ လက်ဖက်ခြောက်ဗူး ပေါ်တွင် ရွှေတိဂုံစေတီပုံပါရှိ၍ သံဃာတော်များမှ ကျေနပ်မှုမရှိခြင်း၊ သံဃာတော်နှင့် ဗုဒ္ဓဘာသာဝင်တို့မှ စိတ်မချမ်းမြေ့ခြင်း ဖြစ်ကြကြောင်း လျှောက်ထားခဲ့ရာ တိုင်းသံဃာ့နာယက ဥက္ကဌဆရာတော်မှ သာသနာရေးမှူးမှ တဆင့် တာဝန်ရှိသူ အဆင့်ဆင့်ထံ သတင်းပို့စေခဲ့ ပါသည်။

ဘက်မလိုက်ဘူးဆိုတဲ့ ကုလ အထူးကိုယ်စားလှယ်

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana ရန်ကုန်လေဆိပ်မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် (ဓာတ်ပုံ-ဗွီအိုအေမြန်မာပိုင်း)
ဒီတပတ် မြန်မာ့အရေး သုံးသပ်ချက်အစီအစဉ်မှာ မြန်မာနိုင်ငံသွားရောက်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား (Thomas Ojae Quintana) နဲ့ သူ့ခရီးစဉ်အတွင်း ကြုံတွေ့ခဲ့ရတာတွေနဲ့ ပတ်သက်လို့ ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပါမောက္ခ ကင်တားနား ခင်များ ... ဒီတကြိမ် မြန်မာပြည်ကိုသွားတုန်းက ပါမောက္ခ ကင်တားနားဟာ ဆန့်ကျင်ဆန္ဒပြသူတွေနဲ့ နှစ်နေရာမှာ ရင်ဆိုင်ကြုံတွေ့ခဲ့ရတယ်လို့ သိရပါတယ်။ အဲဒီဖြစ်စဉ်ကို အကျဉ်းရုံးလေး ပြောပါအုံးခင်မျာ။

UMFCCI ၏ ဘဏ္ဍာရေးရှင်းတမ်း အစည်းအဝေး ည ၁၁ နာရီအထိ ကျင်းပခဲ့သော်လည်း အသေးစိတ် ရှင်းလင်းနိုင်ခဲ့ခြင်း မရှိ

ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၏ ဘဏ္ဍာရေးရှင်းတမ်း ထုတ်ပြန်နိုင်မှု မရှိသည့် ပြဿနာအတွက် သြဂုတ် ၂၇ ရက်က ဒုတိယအကြိမ် အစည်းအဝေးအား ညနေ ၄ နာရီမှ ည ၁၁ နာရီအထိ ကျင်းပခဲ့သော်လည်း အသေးစိတ် ရှင်းလင်းနိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။ ယခုအကြိမ် ဘဏ္ဍာရေးရှင်းတမ်း ရှင်းလင်းမှုတွင် သြဂုတ် ၆ ရက် ပထမအကြိမ် ဘဏ္ဍာရေးရှင်းစဉ်က ပါဝင်တက်ရောက်မှု မရှိဘဲ ခရီးထွက်နေသည့် အသင်းချုပ်ဥက္ကဋ္ဌ ဦးဝင်းအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ညနေ ၄ နာရီမှ ည ၁၁ နာရီအထိ ၇ နာရီခန့်ကြာအောင် ရှင်းလင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ရသည်။ ရှင်းလင်းပွဲတွင်

ဝေးလံဒေသများတွင် တာဝန်ထမ်းဆောင်မည့်နေ့စားလပေးဆရာများ လစာနှစ်ဆရတော့မည်

အလွန်ဝေးလံသည့်ဒေသများသို့ သွားရောက်တာဝန်ထမ်းဆောင်ရသော နေ့စားလပေးဆရာ၊ ဆရာမ များ လည်း အမြဲတမ်းဝန်ထမ်းများနည်းတူ လစာနှစ်ဆရရှိမည်ဖြစ်ကြောင်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ အတွင်းနေ့စား လပေး ပညာရေးဝန်ထမ်း ငါးသောင်းကျော်ခန့်ကို ခန့်အပ်ပြီးအဆိုပါဝန်ထမ်းများ သည် အဝေးဆုံးဒေသ အဆင့် သတ်မှတ်ချက် စီ၊ ဒီ၊အီးအဆင့်ရှိသော မြို့နယ်ဒေသများတွင် တာဝန်ထမ်း   ဆောင်ကြမည်ဖြစ်သည်။ဝေးလံခေါင်ဖျားဒေသအဆင့် သတ်မှတ်ရာတွင် မြို့ပေါ်ကိုအေအဆင့်၊ မြို့ပြင်ကို ဘီအဆင့်၊ နေ့ချင်း ပြန်သွားက်ေနိုင်လျှင်စီအဆင့်၊ တစ်ပတ်တစ်ကြိမ်ခန့်သာ သွားရောက်နိုင်ပါက ယင်းအ ဆင့်နှင့်တစ်လ တစ်ကြိမ်ခန့်သာ သွားရောက်နိုင်ပါက အီးအဆင့်သတ်မှတ်ထားကြောင်း သိရသည်။ နေ့စား လပေးဝန်ထမ်းများကို ခန့်အပ်မှုတွင် အမှတ်အလိုက် ခွဲခြားခန့်အပ်ခြင်းဖြစ်ပြီး အမှတ်အများဆုံး ရရှိသူများ တွင် မြို့နှင့်အနီးဆုံးဖြစ်သည့် စီအဆင့်ရှိဒေသများတွင် တာဝန်ထမ်းဆောင် ရကြောင်း၊ အမှတ်အနည်း ဆုံးသူများသည် အီးအဆင့်ဒေသများတွင် တာဝန်ထမ်းဆောင်ရကြောင်း သိရသည်။ ခန့်အပ်ပြီးသော နေ့ စားလပေး ဝန်ထမ်းများကို ဆရာဖြစ်မွမ်းမံသင်တန်းများပေးပြီးမှသာ အမြဲတမ်းဝန်ထမ်း အဖြစ် ခန့်အပ် သွားမည် ဖြစ်ကြောင်း ယင်းသင်တန်းများကို ကျောင်းပိတ် ရာသီများတွင် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

by Myanmar Breaking News

အခြေခံဥပဒေပြင်ဆင်စရာ မလိုဘဲ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော် သမ္မတ တာဝန် ထမ်းဆောင်နိုင်ပြီ

လက်ရှိအချိန်တွင် မြန်မာ့နိုင်ငံရေးခေါင်းဆောင်များနှင့် နိုင်ငံရေးပါတီများသာမက နိုင်ငံ့အရေးကို စိတ်ဝင်စားသူများ အားလုံး၏ဆုံချက်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး သို့ ရောက်ရှိနေလေပြီ။ ဖွဲ့စည်းပုံအခြေခံဥ ပဒေပြင်ဆင်ရေးနှင့်ပတ်သက်ပြီး အလေးထား ပြောကြားနေကြသည့် အထဲတွင် ဒေါ် အောင်ဆန်းစုကြည် နိုင်ငံတော်သမ္မတဖြစ်နိုင်စေရန် ပုဒ်မ ၅၉(စ)ကို ပြင်ဆင်နိုင်ရေးလည်း အဓိက ပါဝင်နေပါသည်။ ပြည်ထောင် စုလွှတ်တော် နာယကကြီး သူရဦးရွှေမန်းကလည်း အလေးထား ဆောင် ရွက်ပေးမည်၊ အစိုးရ၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်သည် ဟု မကြာသေး ခင်ကပင် သတင်းထောက် များနှင့် တွေ့ဆုံရာ၌ ထုတ်ဖော်ပြောကြား ထားပြီး ဖြစ်ပါသည်။

ရေတံခါးမလုံ၍ လယ်ဧက ၅၀၀၀ ကျော် ရေမြုပ်

ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် လယ်ဦးစုရွာနှင့် အောင်ချမ်းသာ ရပ်ကွက် ဆက်သွယ် ကာရံထား သည့် ရေကာတာ ရေထိန်းတံခါး မလုံသဖြင့် အောက်ရွာကြီး အုပ်စု အနီးဝန်းကျင်တွင် လယ်မြေ ဧက ၅၀၀၀ ကျော် စပါးပင်များ ရေနစ်မြုပ်နေကြောင်း ဒေသခံများက ပြောကြား သည်။ အောက်ရွာကြီး အုပ်စု အမှတ် (၁) ရပ်ကွက်၊ မကျီးကုန်း အုပ်စု၊ ဒယ်ပုတ်ကွင်း အုပ်စု၊ တစ်ပင်ကန် အုပ်စု စသည့် ဒေသများရှိ လယ်မြေများ သည် အဆိုပါ ရေထိန်တံခါး မလုံမှုကြောင့် နှစ်စဉ် မိုးရာသီတွင် စပါးပင်များ ရေနစ်မြုပ်ပြီး အထွက်နှုန်း ကျဆင်းကြောင်း ၎င်းတို့က ဆိုသည်။ ရေနစ်မြုပ်ရာ လယ်များတွင် စပါးထွက်နှုန်း ထက်ဝက်ခန့် ကျဆင်း သွားကြောင်း အောက်ရွာကြီး အုပ်စုမှ တောင်သူ ဦးမြင့်သိန်းက ပြောဆို သည်။ ရေအလွယ်တကူ မရောက်နိုင်သည့် လယ်မြေဧက နှစ်ထောင်ခန့် တွင် ကောက်စိုက်သမများဖြင့် စိုက်ပျိုးသည့် စိုက်စနစ်ဖြင့် စိုက်ပျိုးရာ တစ်ဧက စပါးတင်း တစ်ရာ အထွက်နှုန်း ရှိသော်လည်း ရေဝင်သည့် လယ်မြေများတွင် ရေမြုပ်ခံ စပါးမျိုးများကို ပျိုးကြဲစနစ်ဖြင့် စိုက်ပျိုးရာ တစ်ဧက တင်း ၄၀ ခန့်သာ ထွက် ရှိကြောင်း တောင်သူ ဦးမြတ်စံက ပြောကြားသည်။ ယင်းသို့ ရေနစ်မြုပ်နေမှု ပြဿနာကို ဖြေ ရှင်းပေးရန် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌတို့ထံ တိုင်ကြား ထားကြောင်း တောင်သူ ဦးငြိမ်းဟန်က ဆိုသည်။ တောင်သူများ၏ တိုင်ကြားချက်ကြောင့် အင်္ဂပူမြို့နယ် အုပ်ချုပ်ရေးမှူးက စစ်ဆေး မည် ဖြစ်ကြောင်း အောက်ရွာကြီးအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းနိုင်က ပြောကြားသည်။

by Myanmar Breaking News

ထန်းကုန်းတွင် ဘာသာပေါင်းစုံ ပါဝင်သော ပဋိပက္ခ ကာကွယ်တားဆီးရေး အဖွဲ့ ဖွဲ့

ပဋိပက္ခကြောင့် မီးရှို့ ဖျက်ဆီးမှုများ ဖြစ်ပွားခဲ့သော စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ကန့်ဘလူ မြို့နယ် ထန်းကုန်းမြို့တွင် ဘာသာပေါင်းစုံ ပါဝင်သည့် ပဋိပက္ခ ကာကွယ် တားဆီးရေးအဖွဲ့ ဖွဲ့စည်း ထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဦးကြည်လင်က ပြောကြားသည်။ ဘာသာပေါင်းစုံ ပါဝင်သော ပဋိပက္ခ ကာကွယ် တားဆီးရေးအဖွဲ့ကို ထန်းကုန်းမြို့ ပဋိပက္ခ ဖြစ်ပွားပြီးနောက် သြဂုတ်လ ၂၅ ရက်နေ့တွင် ထန်းကုန်းမြို့ အနီးဝန်းကျင် ကျေးရွာ ၁၂ ရွာရှိ ဘာသာရေး ခေါင်းဆောင် များ၊ ရပ်မိ&ပ်ဖများနှင့် ကျေးရွာ လူငယ်များဖြင့် စတင် ဖွဲ့စည်း လိုက်ခြင်း ဖြစ်ကြောင်း ယင်းဒေသခံများထံမှ သိရသည်။ ဒေသတွင်း ပဋိပက္ခ ဖြစ်ပွားမှုကို ကြိုတင် ကာကွယ် တားဆီး ဆောင်ရွက်နိုင် ရန်အတွက် အဆိုပါအဖွဲ့ကို ဖွဲ့စည်း ဆောင်ရွက်ခြင်း ဖြစ်သည်ဟု ဝန်ကြီး ဦးကြည်လင်က ဆိုသည်။ ပြီးခဲ့သည့် သြဂုတ်လ ၂၄ ရက်နေ့က ထန်းကုန်းမြို့တွင် အစ္စလာမ် ဘာသာဝင် သုံးဦးက ၁၉ နှစ်အရွယ် မိန်းကလေးကို အဓမ္မကျင့်သည်ဟု သတင်းများ ထွက်ပေါ်ရာမှ ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး မီးသတ်ယာဉ် ခုနစ်စီး၊ လုံခြုံရေး တပ်ဖွဲ့အင်အား ၃၀၀ နီးပါးခန့်ဖြင့် မြို့နေရာအနှံ့ လုံခြုံရေး ချထား ဆောင်ရွက်ခဲ့ ခြင်းကြောင့် သြဂုတ်လ ၂၅ ရက်နေ့တွင် အခြေအနေ များ ပြန်လည် တည်ငြိမ်မှု ရှိလာကြောင်း ထန်းကုန်းဒေသခံများထံမှ သိရသည်။ ထန်းကုန်းမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် အိမ်ခြေ ၅၁ လုံး၊ ကြက်ခြံ နှစ်ခြံ၊ ဈေးဆိုင်ခန်း ၁၃ ခန်းနှင့် နွားသတ်ရုံ တစ်ရုံ မီးရှို့ ဖျက်ဆီးခံ ခဲ့ရကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

by Myanmar Breaking News

ရွှေ ၃၂၁ ပိဿာကျော်၊ ကျပ် ၃၅၃ သန်းကျော်နှင့် အမေရိကန်ဒေါ်လာ ၂၂ သန်းကျော် နိုင်ငံတော်သို့ ပေးသွင်းရန် ၀န်ကြီးဌာနများ ကြွေးကျန်ရှိနေ

၂၀၁၃ ခုနှစ် သြဂုတ် ၁ ရက်ထိ ၀န်ကြီးဌာန ငါးခုမှ ရွှေစင် ၃၂၁ ပိဿာကျော်၊ ကျပ် ၃၅၃ သန်းကျော်နှင့် အမေရိကန်ဒေါ်လာ ၂၂ သန်းကျော် နိုင်ငံတော်မှ ရရှိရန် ကြွေးကျန်ရှိနေကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအရ သိရသည်။
ယင်းတို့မှာ စက်မှုဝန်ကြီးဌာန အမှတ် (၃) အကြီးစား စက်မှုလုပ်ငန်းမှ ကျပ် ၄၂ ဒသမ ၉၉၀ သန်း၊ ပညာရေး ၀န်ကြီးဌာန၊ အမှတ် (၂)အခြေခံပညာ ဦးစီးဌာနမှ ကျပ် ၂ ဒသမ ၂၇၅ သန်း၊ ကျန်းမာရေး ၀န်ကြီးဌာန၏ ရန်ကုန်ကလေးဆေးရုံကြီးမှ ကျပ် ၂၅ ဒသမ ၇၃၀ သန်း၊ သတ္တုတွင်း ၀န်ကြီးဌာန၊ အမှတ် (၂)သတ္တုတွင်း လုပ်ငန်းမှ ကျပ် ၂၈၂ ဒသမ ၈၆၇ သန်းနှင့် ရွှေစင် ၃၂၁၂၀ ဒသမ ၀၄၀ ကျပ်သား၊ ဟိုတယ်/ခရီးဝန်ကြီးဌာနမှ အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၈၉၀ သန်းတို့ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားချက်အရ သိရသည်။

မြန်မာနိုင်ငံအတွင်း ဟိုတယ်နှင့် လေယာဉ်ခဈေးနှုန်းများ မြင့်တက်ခြင်းကြောင့် စပိန်ခရီးသွားများ ၀င်ရောက်မှု ကျဆင်း

စပိန်ခရီးသွား ဧည့်သည်များ မြန်မာနိုင်ငံအတွင်း ဟိုတယ်နှင့် လေယာဉ်လက်မှတ်များ ဈေးမြင့်ခြင်းတို့ကြောင့် ခရီးသွား ကျဆင်းလျက်ရှိကြောင်း စပိန်ခရီးသွားများကို ၀န်ဆောင်မှု ပေးနေသည့် လုပ်ငန်းနယ်ပယ်မှ သိရသည်။ စပိန်ခရီးသွားများမှာ ဇွန်လမှ စက်တင်ဘာလအထိ ၀င်ရောက်လေ့ ရှိသည်။
"သူတို့နိုင်ငံမှာက ဒီအချိန်က သူတို့ရဲ့ အားလပ်ရက်တွေဖြစ်တော့ ခရီးတွေ သွားကြတာ များတယ်။ အခု မြန်မာနိုင်ငံက ဈေးမြင့်တော့ မလာနိုင်ကြဘူး။ နီးစပ်ရာ ထိုင်းတို့ ကမ္ဘောဒီးယားတို့လို နေရာတွေပဲသွားတော့တယ်။ ဈေးသက်သာတာကို ရွေးချယ်လာကြတာပေါ့။ အခုဆိုရင် F.I.T လောက်ပဲ တွေ့ရတော့တယ်။ လေကြောင်းလိုင်းတွေမှာလည်း တစ်စီးကို ၁၀ ယောက်လောက်ပဲ တွေ့တော့တယ်" ဟု Myanmar Voyages ခရီးသွား ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးသက်လွင်တိုးက ပြောကြားသည်။  
"မြန်မာနိုင်ငံကို စပိန်တွေက အရမ်းလာချင် ကြပါတယ်။ ဒီမှာက ဟိုတယ်အခန်းတွေကလည်း ဈေးကြီးတော့ ခရီးသွားက တော်တော်ကို သိသိသာသာ လျော့သွားတယ်။ အရင်ကဆိုရင် အယောက် ၂၀၊ ၂၅ ယောက် အဖွဲ့တွေ လာတာ။ ကျွန်တော်တို့ ဂိုက်တွေဆိုရင်လည်း တစ်ဖွဲ့နဲ့တစ်ဖွဲ့ တိုးနေတာ ပုဂံမှာဆို ညနေနေ၀င်ချိန်ဆိုရင် စပိန်အသံတွေချည်းပဲ၊ အခုက စပိန်ဂိုက်တွေတောင် မတွေ့တာ တော်တော်ကြာပြီ။ လာလိုက်ရင်လည်း စပိန်တွေ တစ်ယောက်စ၊ နှစ်ယောက်စလောက်ပဲ တွေ့တော့တယ်" ဟု စပိန်ဧည့်လမ်းညွှန် ကိုဇော်ဇော်လှိုင်က ပြောကြားသည်။
မြန်မာနိုင်ငံတွင်းသို့ စပိန်လူမျိုးများ လာရောက်မှုမှာ ရန်ကုန်လေဆိပ်မှ ၂၀၁၂ ခုနှစ်တွင် ၂၅၀၀ ကျော် ၀င်ရောက်ခဲ့ပြီး ယခုနှစ်အတွင်း ၁၆၉၆ ယောက်သာ ရှိသေးသည်။

by Eleven News

မြ၀တီ၊ တာချီလိတ်၊ ကော့သောင်း၊ ထီးခီးရှိ ထိုင်း-မြန်မာ နယ်စပ် ၀င်/ထွက်ပေါက်များအား အပြည်ပြည်ဆိုင်ရာ ၀င်/ထွက်ပေါက်အဖြစ် ထိုင်းနှင့် အခြားနိုင်ငံသား ခရီးသွားများအား စတင်ဝင်ရောက်ခွင့်ပြု

BB-29-8
မြန်မာ-ထိုင်းနယ်စပ် ကော့သောင်းဂိတ်သို့ စစ်ဆေးခံရန် ၀င်ရောက်လာသည့် နိုင်ငံခြားသား ခရီးသည်များအား တွေ့ရစဉ် (ဓာတ်ပုံ-ရဲမြင့်ဝင်း)
ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံ သဘောတူ သတ်မှတ်ထားသော နယ်စပ် ၀င်/ထွက်ပေါက် လေးခုဖြစ်သည့် မြ၀တီ၊ တာချီလိတ်၊ ကော့သောင်း၊ ထီးခီး ၀င်/ထွက်ပေါက်များအား အပြည်ပြည်ဆိုင်ရာ ၀င်/ထွက်ပေါက်အဖြစ် ထိုင်းနှင့် အခြားနိုင်ငံသား ကမ္ဘာလှည့် ခရီးသွားများကို စတင်ဝင်ရောက်ခွင့် ပြုလိုက်ကြောင်း သတင်းရရှိသည်။
နှစ်နိုင်ငံ နယ်စပ် ၀င်/ထွက်ပေါက်များဖြစ်သည့် တာချီလိတ်-မယ်ဆိုင်၊ မြ၀တီ-မဲဆောက်၊ ကော့သောင်း-ရနောင်းနှင့် ထီးခီး-ဖူနာရွန် နယ်စပ်ဂိတ်ပေါက်များအား အပြည်ပြည်ဆိုင်ရာ ၀င်/ထွက်ပေါက်များအဖြစ် ပြောင်းလဲသတ်မှတ်၍ ဗီဇာပါရှိသော နိုင်ငံကူးလက်မှတ်၊ ခိုင်လုံသော ခရီးသွားလက်မှတ် ပါရှိသည့် မြန်မာ၊ ထိုင်း နှစ်နိုင်ငံသားများနှင့် တတိယနိုင်ငံသား (မြန်မာ၊ ထိုင်းအပြင် အခြားနိုင်ငံများမှ) ခရီးသွား ဧည့်သည်များအား သြဂုတ် ၂၈ ရက် နံနက်ပိုင်းမှ စတင်၍ ၀င်/ထွက်ခွင့် ပြုလိုက်သည်ဟု သိရသည်။
"လက်ရှိကျင့်သုံးနေတဲ့ စနစ်အရ နိုင်ငံတော်ရဲ့ နယ်နိမိတ် ပိုင်နက်အတွင်း နိုင်ငံတကာ ခရီးသွားများနဲ့ ပတ်သက်ပြီးတော့ ဗီဇာအမျိုးအစား ခြောက်မျိုးနဲ့ ခွင့်ပြုထားပြီး ရန်ကုန်၊ နေပြည်တော်၊ မန္တလေး စတဲ့အပြည်ပြည်ဆိုင်ရာ ၀င်ထွက်ပေါက်သုံးခုမှ ဆိုက်ရောက်ဗီဇာနဲ့ ၅၁ နိုင်ငံကို ခွင့်ပြုပြီး ဖြစ်ပေမယ့် အခုဖွင့်လှစ်တဲ့ နယ်စပ်လေးခုမှ ဆိုက်ရောက်ဗီဇာ ခွင့်မပြုသေးပါဘူး။ BP : TBP ယာယီနယ်စပ် ဖြတ်သန်းခွင့် လက်မှတ်နဲ့ နှစ်နိုင်ငံ နယ်စပ်အတွင်း သွားလာလည်ပတ်ခွင့်ကိုလည်း နယ်မြေအကွာအဝေး တိုးမြှင့်ခွင့်ပြုဖို့ နှစ်နိုင်ငံ ဆွေးနွေးနေပါတယ်" ဟု မြ၀တီမြို့ရှိ ချစ်ကြည်ရေးတံတား မုခ်ဦး၌ သြဂုတ် ၂၈ ရက် နံနက်က ပြုလုပ်သော အပြည်ပြည်ဆိုင်ရာ ၀င်/ထွက်ပေါက်အဖြစ် ဖွင့်လှစ်သည့် အခမ်းအနားတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။
တနင်္သာရီတိုင်း ဒေသကြီးတွင် ကော့သောင်းနယ်စပ်၊ ထီးခီးနယ်စပ်၊ ကရင်ပြည်နယ်တွင် မြ၀တီနယ်စပ်၊ ရှမ်းပြည်နယ်တွင် တာချီလိတ် နယ်စပ်များမှတစ်ဆင့် ကမ္ဘာလှည့် ခရီးသွားများ ၀င်/ထွက်သွားလာ လည်ပတ်နိုင်သဖြင့် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက် လာနိုင်သည်ဟု သိရသည်။
CC-29-8

Monday, August 26, 2013

အသားမည်းမည်း လူမျိုးခြားဟု ထင်ရသူနှစ်ဦးက အမျိုးသမီး တစ်ဦး၏မျက်နှာကို ဓားဖြင့်လှီးရာ ၁၆ ချက်ချုပ်ရ


ရန်ကုန်တိုင်း ဒေသကြီး ၊ တောင်ဥက္ကလာပ မြို့နယ် ၊ (၁ဝ)ရပ်ကွက် ၊ အာဿက(၂၂)လမ်း နှင့် (၂၅)လမ်းအနီးတွင် ယနေ့မွန်းလွဲ (၂)နာရီခွဲခန့်က ဆိုက်ကား စီးလာသူ အမျိုးသမီး တစ်ဦးအား အမည်မသိ အသားမည်းမည်း လူမျိုးခြားဟု ထင်ရသူ နှစ်ဦးမှ မျက်နှာပြင် အား ဓားဖြင့်လှီးရာ (၁၆)ချက် ချုပ်လိုက် ရကြောင်း သိရသည်။

ကန့်ဘလူမြို့နယ် ထန်းကုန်းအကြမ်းဖက်မှု ဖြစ်စဉ်ကြောင့် ဒုက္ခသည် ၃၁၈ ဦး ရှိနေ


ရွှေဘိုခရိုင် ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာတွင် သြဂုတ် ၂၄ ရက်က ဖြစ်ပွားခဲ့သော အကြမ်းဖက် မှုကြောင့် ဒုက္ခသည် ၃၁၈ ဦးခန့် ရှိပြီး တစ်နာရီ ၀န်းကျင်အတွင်း သတင်းပျံ့နှံ့ကာ အကြမ်းဖက်ခဲ့ခြင်းအပေါ် ဝေဖန်မှုများ ရှိနေကြောင်း သိရသည်။

''စဖြစ်တာက ငါးနာရီသာသာ လောက်မှာ။ ရဲစခန်းရှေ့ကို ခြောက်နာရီလောက်မှာ အနီးတစ်ဝိုက် ရွာတွေက လူ ၂၀၀ လောက် ရောက်လာတယ်။ နောက်နာရီဝက်လောက် ကြာတော့ လူထောင်ချီထိ ဖြစ်သွားတယ်။ သတင်းပျံ့နှံ့မှုက ပုံမှန်ထက် မြန်ဆန်လွန်းနေတယ်''ဟု ကန့်ဘလူမြို့နယ် ဒေသခံတစ်ဦးက သုံးသပ်သည်။

ဗုဒ္ဓဘာသာဝင်



ဗုဒ္ဓဘာသာဝင် ဆိုတဲ့စကားဟာ အလွန်ကျယ်ဝန်းတဲ့ စကားဖြစ်ပါတယ်။ နာမည်ခံ ဗုဒ္ဓဘာသာဝင် အဆင့်ကနေ မဂ်ဖိုလ်သိမြင် အရိယာတွေ အထိပါဝင်တဲ့ စကားဖြစ်လို့  အလွန်ကျယ်ပြန့် လှပါတယ်။

ဒီတော့ ကျောင်းသားတွေကို မူလတန်း၊ အလယ်တန်း စသည်ဖြင့် ခွဲခြားသတ်မှတ် သလိုမျိုး ဗုဒ္ဓဘာသာဝင်တွေ ကိုလည်း အျမိုးအစား အဆင့်ခွဲပြီး ကြည့်သင့်လှပါတယ်။

အနိမ့်စားဗုဒ္ဓဘာသာဝင်။ ..... ။ ရတနာသုံးပါးကို အလေးအနက်ယုံကြည် ကိုးကွယ်ပြီး ကံနှင့် ကံ၏အကျိုးပေးကို အကြွင်းမဲ့ ယုံကြည်လက်ခံသူ။

အလယ်အလတ်ဗုဒ္ဓဘာသာဝင်။ .... ။ ပြဆိုခဲ့တဲ့ အင်္ဂါရပ်တွေအပြင် ရုပ်နာမ်တရားတွေရဲ့ အနိစ္စသဘော ဒုက္ခသဘော အနတ္တသဘောတို့ ကို ၀ိပဿနာဥာဏ်နှင့် ထင်ထင်ရှားရှား သိမြင်သူ။

အထက်တန်းဗုဒ္ဓဘာသာဝင်။ ... ။ မဂ်ဥာဏ် ဖိုလ်ဥာဏ်ရရှိပြီး ဖြစ်တဲ့ အရိယာပုဂ္ဂိုလ် မြတ်များ။

ဒီလိုမျိုး အဆင့်တွေ ကွဲပြားသလိုမျိုး ဗုဒ္ဓဘာသာဝင် ဖြစ်ရလို့  ရရှိလာမယ့် အကျိုးတရားတွေ၊ အနာဂတ် မျှော်လင့်ချက်တွေ ကလည်းကွဲပြားသွားတာပါပဲ။

အရှင်နန္ဒသေနာလင်္ကာရ၏ ဘာသာရေးအနှစ်သာရများ

by http://myanmarnewsupdates.blogspot.com

ဆီးရီးယားရောက် ကုလ စုံစမ်းရေးအဖွဲ့ အတိုက်ခံရ


ဆီးရီးယားစစ်တပ်က ဓာတုလက်နက်သုံး တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ကိစ္စ စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ စစ်ဆေးရေးမှူးတွေ Damascus မြို့မှာ ရောက်ရှိနေသလို၊ တနင်္လာနေ့ကတော့ သူတို့ရဲ့ ယာဉ်တစီး တိုက်ခိုက်ခံခဲ့ရပါတယ်။

ဆီးရီးယားစစ်တပ်က ဓာတုလက်နက်တွေ အသုံးပြု တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ သီတင်းပတ်က ဓာတုအဆိပ်သင့်ခဲ့သူတွေရဲ့ သွေး နမူနာတွေကို ကုလသမဂ္ဂ စစ်ဆေးရေးမှူးတွေက ရယူခဲ့ပါတယ်။

သစ်တောဖုံးလွှမ်းမှုမှာ နိုင်ငံဧရိယာ၏ ငါးပုံတစ်ပုံ ၀န်းကျင်သာ ရှိတော့သည်

AddThis Social Bookmark Button 8.1.1
မကွေးတိုင်းဒေသကြီး ကျောက်ထုမြို့နယ်ရှိ သစ်တောနယ်မြေ အတွင်း၌ သစ်လုံးများအား မေလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှု ပမာဏမှာ နိုင်ငံဧရိယာ၏ ငါးပုံတစ်ပုံ ၀န်းကျင်သာ ရှိတော့သည်ဟု သုံးသပ်ပြောဆိုမှုများ ရှိရာ ခန့်မှန်းပြောဆို မှုများထက် ပိုမိုကျန်ရှိနေပြီး ၂၀၁၅ ခုနှစ်တွင် သစ်တောဖုံးလွှမ်းမှု အခြေအနေ တွက်ချက်မှု ထပ်မံပြုလုပ်မည်ဟု ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန သစ်တောဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အမေရိကန် နိုင်ငံသား ဓာတ်ပုံဆရာ တစ်ဦး အစ္စလာမ်မစ် စစ်သွေးကြွများ လက်အတွင်းမှ လွတ်မြောက်

လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလ အတွင်းက ဆီးရီးယား နိုင်ငံတွင် အစ္စလာမ်မစ် စစ်သွေးကြွ များ၏ ဖမ်းဆီးခြင်း ခံခဲ့ရပြီး မတရား ညှဉ်းပန်း နှိပ်စက်ခြင်း ခံခဲ့ရသည့် အမေရိကန် နိုင်ငံ သား ဓာတ်ပုံဆရာ တစ်ဦးသည် ယခုအခါတွင် ၎င်းတို့၏ လက်တွင်းမှ  ထွက်ပြေးလွတ်မြောက် ခဲ့ကြောင်း နယူးယောက်တိုင်းစ် သတင်းစာတွင် ဖော်ပြထားသည်။

Facebook ပေါ်က ကျောင်းသားများကို မြှူဆွယ်သည့် ဆရာမအား ဖမ်းဆီး


နာမည်ကျော် လူမှုကွန်ရက် တစ်ခုဖြစ်သည့် Facebook ကွန်ရက်ပေါ်က တစ်ဆင့် ကျောင်းသား များအား လိင်ကိစ္စ မြှူဆွယ်သော ဆရာမ တစ်ဦးကို တာဝန်ရှိသူများက ဖမ်းဆီးလိုက်ကြောင်း USA Today သတင်းတွင် ဖော်ပြ ထားသည်။

ဖလော်ရီဒါ တောင်ပိုင်း အထက်တန်းကျောင်းတွင် တာဝန် ထမ်းဆောင်နေသည့် အသက် ၃၁ နှစ် အရွယ်ရှိ စတီဗီဂလပ်စ်ပူး ဆိုသူသည် ဖလော်ရီဒါ ဘိုကာရေတန်ရှိ မိမိ နေအိမ်တွင် ကျောင်းသားများ မိမိနှင့်အတူ လာရောက် အိပ်စက်ရန် Facebook ပေါ်ကတစ်ဆင့် ဖိတ်ခေါ်ခဲ့သည့်အပြင် မိမိထံတွင် ဆေးခြောက်များကိုလည်း သုံးစွဲနိုင်ကြောင်း ရေးသားထားသဖြင့် ထိုသို့ ဖမ်းဆီး အရေးယူရခြင်း ဖြစ်ကြောင်း ဘရိုးဝပ် ရဲစခန်း တာဝန်ခံ အရာရှိက ပြောကြား သည်။

လင်မယား ဆက်ဆံရေး မေးဖြေ

 

 from http://myanmarnewsupdates.blogspot.com

မေး။ ။ ၁။ တစ်လင် တစ်မယားစနစ်ကို ကျင်သုံးတဲ့ ဇနီးမောင်နှံတို့အတွက် တစ်ဦးကိုတစ်ဦး လေချိုသွေးခြင်းပာာ အန္တရာယ် ရှိနိုင်ပါသလားရှင်။ လေချိုသွေးတဲအခါမှာ စအို မပါပါဘူး ကျား၊ မ အင်္ဂါတို့ကိုသာ လေချိုသွေးပါတယ်။ တကယ်လို့ အန္တရာယ် ရှိမယ်ဆို လေချိုမသွေးခင် အန္တရာယ် မရှိအောင် ဘာလုပ်သင့်ပါသလဲရှင်။ အန္တရာယ် ရှိမယ်ဆို ကျန်မာရေး ရုထောင်ကနေ ပြောပြပေးပါဆရာ။

တရုတ်နိုင်ငံတွင် ဓားဖြင့် ရမ်းကားတိုက်ခိုက်မှု

တနင်္ဂနွေနေ့ ညပိုင်းက ဘတ်စ်ကား တစ်စင်းပေါ်တွင် ဖြစ်ပွားသော တိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရသူ (၁၁)ဦးကိုလည်း ဆေးရုံသို့ တင်ပို့ထားရသည်။

တရုတ်နိုင်ငံတွင် ဓားဖြင့် ရမ်းကားတိုက်ခိုက်မှုတစ်ခုကြောင့် လူ(၄)ဦး သေ ဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။ တနင်္ဂနွေနေ့ ညပိုင်းက ဘတ်စ်ကား တစ်စင်းပေါ်တွင် ဖြစ်ပွားသော တိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရသူ (၁၁)ဦးကိုလည်း ဆေးရုံသို့ တင်ပို့ထားရသည်။ ချန်ဒူမြို့တွင် ဖြစ်ပွားသော အကြမ်းဖက် ရမ်းကားမှုတွင် ဘတ်စ်ကားသည် မှတ်တိုင်တွင် ရပ်နားစဉ် အဆိုပါ အမျိုးသားက ရုတ်တရက်ထကာ ခရီးသည်များကို တိုက်ခိုက်လာခြင်းဟု မျက်မြင်များက ပြောကြားခဲ့သည်။ ဘတ်စ်ကား မောင်းသူသည် ကားကိုရပ်တန့်ကာ တံခါးပေါက်ကို ဖွင့်ပေးခဲ့၍ ခရီးသည် အများစု အောက်သို့ဆင်းပြေးကာ လွတ်မြောက်နိုင်ခဲ့သည်။

ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာမှာ မီးရှို့ဖျက်ဆီး မှ ပွင့်လင်းမြင်သာမှုမရှိသည့်အပေါ် လွှတ်တော်အမတ် ပြစ်တင်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာမှာ မီးရှို့ဖျက်ဆီးမှုကြောင့် မွတ်စလင် ကလေးလူကြီး ၃၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး သူတို့ရှေ့ရေးအတွက် အကူအညီလိုအပ်တယ်လို့ အမျိုးသားလွှတ်တော်အမတ် ဒေါက်တာမြင့်နိုင်က ပြောပါတယ်။

ဒုက္ခသည်တွေကို ထန်းကုန်းကျေးရွာက အာရဗီ ဘာသာရေးနှစ်ထပ်ကျောင်းဆောင်မှာ နေရာချထား ကျွေးမွေးနေပြီး အခြေအနေ တည်ငြိမ် အေးငြိမ်းနေတယ်လို့ သူက ပြောပါတယ်။

စတီဖင်ဟော့ကင်း ၏ အထ္ထုပထ္တိ

 စတီဖင်ဟော့ကင်း

စတီဖင်ဟော့ကင်း (Stephen Hawking) ကို ၁၉၄၂ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့တွင် အင်္ဂလန်နိုင်ငံ အောက်စ်ဖို့ဒ်၌ မွေးဖွားခဲ့သည်။ ငယ်ရွယ်စဉ်ကတည်းက သိပ္ပံနှင့် အာကာသဆိုင်ရာ ပညာရပ်များကို စိတ်ပါဝင်စားခဲ့သည်။ အသက် ၂၁ နှစ်တွင် ကင်းဘရစ်ခ်ျ တက္ကသိုလ်၌ စကြဝဠာပညာရပ် (Cosmology) ကို တက်ရောက် သင်ကြားနေစဉ် ကိုယ်ခန္ဓာအကြောများ အားနည်းပြီး လှုပ်ရှားမရသည့် (Amyotrophic Lateral Sclerosis) ရောဂါဝေဒနာကို ခံစားခဲ့ရသည်။ ကိုယ်ခန္ဓာချည့်နဲ့ပြီး မလှုပ်ရှားနိုင်တော့သော်လည်း ရူပဗေဒနှင့် အာကာသ သိပ္ပံဆိုင်ရာ ပညာရပ် များကို ထူးချွန်စွာ ဖော်ထုတ်တင်ပြနိုင်ခဲ့ပြီး သူရေးသားခဲ့သည့် စာအုပ်များသည် သိပ္ပံပညာလောကနှင့် ပညာရပ် လိုက်စား သူများအတွက် တန်ဖိုးမဖြတ်နိုင်သည့် လေ့လာတွေ့ရှိ ချက်များ ဖြစ်ခဲ့သည်။

အသုံးဝင်ကွန်ပျူတာဆော့ဝဲများစုစည်းမှု (ဆော့ဝဲပေါင်းချုပ်)

 
from http://www.myanmarmobileapp.com

ကွန်ပျူတာတစ်လုံးမှာ ရှိထားသင့်တဲ့ ဆော့ဝဲတွေအကုန်လုံးကို စုစည်းတင်ဆက်ပေးလိုက်ပါတယ်။  ဆော့ဝဲပေါင်းချုပ်ပေါ့နော် ။ Windows XP / Windows 7/ Windows 8 တို့မှာအသုံးပြုနိုင်တဲ့ ဆော့ဝဲများဖြစ်ပါတယ်။ အောက်က မှာ ဆော့ဝဲတစ်ခုချင်းဖြစ်စေ ၊ ဆော့ဝဲအားလုံးဖြစ်စေ ရွေးချယ် download ရယူနိုင်ပါပြီ။

ထန်းကုန်းကျေးရွာ အဓိကရုဏ်းကြောင့် လူ ၁၁ ဦးကို ထိန်းသိမ်းထား

ထန်းကုန်းကျေးရွာတွင် လူမျိုးရေး ဘာသာရေး အဓိကရုဏ်း ဖြစ်ပြီးနောက် မီးလောင်ကျွမ်းခဲ့ရသည် နေအိမ် အဆောက်အဦးပျက်များ အကြားတွင် တွေ့ရသော ကလေးငယ်တဦး (ဓာတ်ပုံ – Reuters / စိုးဇေယျာထွန်း)

မြန်မာပြည် အလယ်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ကန့်ဘလူမြို့နယ်ရှိ ထန်းကုန်းကျေးရွာတွင် ဘာသာရေး လူမျိုးရေး အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သဖြင့် လူ ၁၁ ဦးကို ထိန်းသိမ်းလိုက်ကြောင်း ဒေသခံအာဏာပိုင်များက ဧရာဝတီကို ပြောသည်။
“အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီးတော့ လူ ၁၁ ဦးကို ထိန်းသိမ်းထားတယ်။ အသေးစိတ် ကတော့ စုံစမ်းဆဲမို့ မပြောနိုင်သေးဘူး” ဟု ထန်းကုန်း ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက ပြောသည်။
သြဂုတ်လ ၂၄ ရက်နေ့က လူ့အဖွဲ့စည်း နှစ်ခုအကြား ထွက်ပေါ်လာသော ကောလာဟလ သတင်းများကြောင့် ထန်းကုန်း ကျေးရွာတွင် ဘာသာရေး ပဋိပက္ခ အသွင်ဆောင်သည့် မီးရှို့မှုများ ဖြစ်ပွားခဲ့သည်။

လူမျိုးတုံးသတ်ဖြတ်ချင်း

လူမျိုးတုန်းသတ်ဖြတ်မှုဆိုတာ ဓားနဲ့ခုတ်၊ တုတ်နဲ့ရိုက်၊သေနတ်နဲ့ပစ်၊ဗုံးနဲ့ခွဲမှ Genocide လို့သတ်မှတ်မှာလား။ ဟောဒီမှာ ဒါဟာခင်ဗျားတို့ကျုပ်တို့ကိုမသိမသာ Genocide လုပ်နေတယ်ဆိုတာလေး သိသာအောင်မြင်ကြည့်ကြရအောင်။

သွေးအား ကောင်းလိုသူတို့အတွက် သီးနှံ


သွေးအား နည်းတတ်သူတွေ၊ အထူးသဖြင့် လစဉ် ဓမ္မတာ ရာသီသွေး ဆင်းနေတဲ့ အမျိုး
သမီးတွေအနေနဲ့ သွေးအား ကောင်းစေဖို့အတွက် စားသင့်တဲ့ သဘာဝ အပင်ထွက် အစား
အစာတွေကို မီးဖိုချောင်ထဲမှာ တွေ့ရှိနိုင်ပါတယ်။

စပျစ်သီး

စပျစ်သီးမှာ ကယ်လ်စီယမ်၊ ဖော့စ်ဖရပ်စ်၊ သံဓါတ်၊ ဗီတာမင် အများအပြားနဲ့ အမိုင်နိုအက်စက်
တို့ ပါဝင်မှုများတာကြောင့် အသက်ကြီးသူ၊ အမျိုးသမီးတွေနဲ့ သွေးအားနည်းရောဂါ ရှိသူတွေ
အတွက် အကောင်းဆုံး အားဆေးတလက် ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင် မိခင်တွေ အနေနဲ့ စပျစ်
သီး စားတာကြောင့် သန္ဓေသားဆီကို အာဟာရ ရောက်ရှိမှု ကောင်းစေရုံသာမက အသားအရေ စိုပြည်နီမြန်းစေပါတယ်။

မလေးရှားရောက် တရားမဝင် လုပ်သားများကို ရက်ပိုင်းအတွင်း ဖမ်းဆီးရန် ပြင်ဆင်

မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားများ အပါအဝင် တရားမဝင် နေထိုင် သည့် အခြားနိုင်ငံသားများကို စက်တင်ဘာလ ၁ ရက်နေ့မှ စတင် ဖမ်းဆီးမည် ဖြစ်ကြောင်း The Star သတင်းဌာနတွင် ဖော်ပြသည်။

Enforcement Operation (မလေးရှားအခေါ် အော်ပရာစီ) ဟု အမည်ပေး ထားသည့် တရားမဝင် နိုင်ငံခြားသားများကို စစ်ဆေး ဖမ်းဆီးရေး စစ်ဆင်ရေးကို စက်တင်ဘာလ ၁ ရက်နေ့တွင် စက်ရုံ၊ အလုပ်ရုံ၊ စားသောက်ဆိုင်များ၊ တရားမဝင် အလုပ်သမားများ နေထိုင်သည်ဟု ယူဆရသော လူနေထိုင်ရာ နေရာများတွင် ပြုလုပ်ရန် သြဂုတ်လ ၂၄ ရက်နေ့ က မလေးရှား အစိုးရက တရားဝင် ကြေညာလိုက်ကြောင်း ယင်းသတင်းဌာန တွင် ဖော်ပြသည်။

လုပ်ရှားမှုနဲ ပါက ကျန်မားရေးအတွက် စိုးရိမ်ရ



လှုပ်ရှားမှု နည်းသော နေထိုင်မှု ပုံစံကြောင့် သင့်ကျန်းမာရေးကို ထိခိုက် နိုင်သည်များ အထိုင်များတာက သင့်ကျန်းမာရေးအတွက် မကောင်းသလို မတ်တတ်ရပ်တာများရင်လည်း ခြေသလုံး ကြွက်သားတွေ တောင့်တင်းတာ၊ ခြေဖဝါးတွေ ကျိန်းတာ၊ ခြေဖနောင့် နာတာတွေ ခံစား ရနိုင်တာကြောင့် သင့်တစ်နေ့ တာမှာ မတ်တတ် ရပ်တာနဲ့ ထိုင်တာကို မျှခြေ ဖြစ်အောင် ကြိုးစားပါ။
လေ့ကျင့်ခန်း မလုပ်တဲ့ အခါ သင့်ခန္ဓာ ကိုယ်က ကြွက်သားတွေ တောင့်တင်း နေတာကြောင့် တက်ကြွ လန်းဆန်းမှု မရှိ ဖြစ်နေ တတ်ပါတယ်။ တစ်နေ့ ငါး-ခြောက်ကြိမ်လောက် ခန္ဓာကိုယ်ကို အကြော ဆန့်ပေးတာမျိုး လုပ်ဆောင် ပေးပါ။ ရုံးတွင်းမှာ လုပ်ဖော် ကိုင်ဖက် အချင်းချင်း ထိုင်ရာက မထဘဲ စကား လှမ်းပြောမယ့် အစား နေရာ အရောက် သွားပြီး စကား ပြောဆိုပါ။ ဖုန်းပြောတဲ့အခါ လမ်းလျှောက်ပြီး ပြောပါ။ သင့်တစ်နေ့တာ အချိန်တွေမှာ လှုပ်ရှား ဆောင်ရွက် နေတာထက် ထိုင်နေတဲ့ အချိန်က ပိုများ နေပါ သလား။

တနင်္သာရီတွင် သစ်တန်ချိန်၇၀၀၀၀ နီးပါး ထုတ်မည်


တနင်္သာ ရီတိုင်းဒေသကြီးမှ ယခုနှစ်ဘတ် ဂျက်တွင် သစ်တန်ချိန် ၇၀၀၀၀ နီးပါးကို ထုတ်ယူသွားမည်ဖြစ်   ကြောင်း သစ်တောနှင့် သတ္တုဝန် ကြီး ဦးတင်စိုးက ပြောသည်။အဆိုပါသစ်တန်သည် ကုမ္ပ ဏီများမှ ထုတ်ယူမည့် သစ်တန် ၆၄၀၀ဝနှင့် ဒေသသုံးတန် ၅၀၀၀ စုစုပေါင်းတန် ၆၉၀၀၀ ထုတ်ယူ သွားမည်ဖြစ်ကြောင်း သိရသည်။ ဦးတင်စိုးက ''ဒီနှစ်ဘတ် ဂျက်အတွက် သစ်တန် နိုင်ငံတော်

သိမ်းဆည်းခံ လယ်မြေများ ပြန်ရရန် တောင်ငူမှ ကော့သောင်းမြို့အထိ လမ်းလျှောက်မည်


တောင်ငူခရိုင်အတွင်း အကြောင်းအမျိုးမျိုးဖြင့် သိမ်းဆည်းထားသော လယ်မြေများ ပြန်လည် ရရှိရေးနှင့် တောင်သူများကို တရားစွဲခြင်းမှ ပြန်လည် ရုပ်သိမ်းပေးရန် တောင်းဆိုသည့် အနေနှင့် သြဂုတ်လ ၂၈ ရက်နေ့ နံနက် ၈ နာရီ အချိန်တွင် တောင်ငူမြို့နှင့် မိုင် ၇၀၀ နီးပါး ကွာဝေးသည့် တနင်္သာရီတိုင်း ကော့သောင်းမြို့သို့ လယ်သမား အကျိုးဆောင် တစ်ဦးက တစ်ကိုယ်တော် လမ်းလျှောက် ဆန္ဒ ဖော်ထုတ်မည် ဖြစ်ကြောင်း တောင်သူ အကျိုးတော်ဆောင် ဦးခင်ဇော်က The Voice သို့ ပြောကြားသည်။

သူလာတဲ့အချိန် ပြုလုပ်ရန် (အမျိုးသမီးတိုင်းအတွက်)


မိန်းကလေးတွေရဲ့ ဘဝမှာ အပျိုဖော်ဝင်ချိန်မှစပြီး သွေးမဆုံးမချင်း (ကိုယ်ဝန်ဆောင်တာ၊ ပဋိသန္ဓေတားဆေး သောက်တာ၊ ရာသီထိမ်တာ စတဲ့ အကြောင်းရင်းတွေ မရှိဘူးဆိုရင်) လစဉ် ဓမ္မတာ ရာသီလာလေ့ ရှိပါတယ်။ တစ်ကြိမ်ရာသီလာတိုင်း ပျမ်းမျှအားဖြင့် အချိန်သုံးရက်မှ ငါးရက်ခန့် ကြာမြင့်တတ်ပါတယ်။ ရာသီလာတဲ့အချိန်မှာ အမျိုးသမီးအများစုဟာ ဗိုက်အောင့်တာ၊ လေပွတာ၊ ရင်သားနာကျင်တာ၊ အစာချဉ်ခြင်းတပ်တာ၊ စိတ်မသက်မသာ






(၁)ရေစက်ခေါင်းတွေ ပြောင်လက်တောက်ပချင်ရင် အဝတ်စမှာ သွားတိုက်ဆေးနည်းနည်းထည့်ပြီး ပွတ်တိုက်ပေးနိုင်ပါတယ်။

(၂)မျက်နှာသစ်ဘေစင်၊ ရေချိုးဘေစင်တွေပြောင်လက်ချင်ရင် ဖောမှာ သွားတိုက်ဆေး နည်းနည်းထည့်ပြီး ဆေးကြောပေးနိုင်ပါတယ်။

(၃)အဝါရောင်သမ်းနေတဲ့ အိမ်သုံးပစ္စည်းတွေကို အဝတ်စမှာ သွားတိုက်ဆေး နည်းနည်းထည့်ပြီး ပွတ်တိုက်ပေးရင် အရောင်လက်စေပါတယ်။

ဥက္ကံမြို့ ဆူပူအကြမ်းဖက်မှုမှ တရားခံများအား ပြစ်ဒဏ်ချမှတ်


တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့တွင်ဖြစ်ပွါးခဲ့သော ဆူပူအကြမ်းဖက်မှုများနှင့်ပတ်သက်၍ ဥက္ကံနယ်မြေ ရဲစခန်း(ပ) ၁၁၄/၂၀၁၃၊ ပုဒ်မ ၄၃၆/၁၁၄ဖြင့်အမှုဖွင့်အရေးယူထားရှိခဲ့သည့်  အမှုမှတရားခံ များဖြစ်သော စိန်ဟန်(ဘ)ဦးဖိုးဟန်၊ဥက္ကံမြို့၊ ၀င်းသန်း (ဘ)ဦးဖိုးထောင်၊ဥက္ကံမြို့ နှင့်ကြည်ခိုင်စိုး(ခ)ကုလား(ဘ)ဦးငြိမ်းရွှေ ၊ ဥက္ကံမြို့နေသူတို့(၃)ဦးအား ဥပဒေအကြံပြုချက်အရ ပုဒ်မ ၄၃၆/၄၄၀/၃၄ ဖြင့် တိုက်ကြီးမြို့နယ်
တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ၂၃.၈.၂၀၁၃ ရက်နေ့တွင်
တိုက်ကြီးမြို့နယ်တရားရုံးမှ  တရားခံ စိန်ဟန်အား ပုဒ်မ ၄၄၀/၃၄ အရ အလုပ်နှင့်ထောင်ဒဏ်(၅)နှစ်၊ တရားခံ ၀င်းသန်းအား ပုဒ်မ ၄၃၆/၃၄အရ အလုပ်နှင့်ထောင်ဒဏ်(၇)နှစ်၊ တရားခံ ကြည်ခိုင်စိုးအား
ပုဒ်မ ၄၄၀/၃၄အရ အလုပ်နှင့်ထောင်ဒဏ်(၅)နှစ်နှင့် ပုဒ်မ ၄၃၆/၃၄
အရ အလုပ်နှင့်ထောင်ဒဏ်(၇)နှစ်အား တစ်ပေါင်းတည်းကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိပါသည်။

by thithtoolwin

Siam ဘိလပ်မြေစက်ရုံ မြန်မာပြည်တွင် တည်ဆောက်မည်


ထိုင်းနိုင်ငံ Siam ဘိလပ်မြေ လုပ်ငန်းသည် မြန်နိုင်ငံတွင် ဘတ် ၁၂ ဒသမ ၄ ဘီလီယံ (အမေရိကန် ဒေါ်လာ ၃၈၈ သန်း) ခန့် အကုန်အကျခံ ရင်းနှီးမြှုပ်နှံ၍ ဘိလပ်မြေစက်ရုံ တည်ဆာက်မည် ဖြစ်ကြောင်း The Economic Times သတင်းတရပ်၌ ဖော်ပြ ထားသည်။ ယင်းသည် မြန်မာပြည်တွင် ပထမဆုံး တည်ဆောက်မည့် အစီအစဉ်ဖြစ်ပြီး တနှစ်လျှင် တန်ပေါင်း ၁ ဒသမ ၈ သန်း ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းကြောင်း၊ စက်ရုံ တည်ဆောက်မည့် အစီအစဉ်သည် ၂၀၁၆ ခုနှစ် နှစ်လယ်ခန့်တွင် စတင်နိုင်မည်ဟု ခန့်မှန်းကြောင်း ကုမ္ပဏီ၏ထုတ်ပြန်ချက်၌ ပါရှိသည်။ မြန်မာနိုင်ငံ၏ ဘိလပ်မြေ လိုအပ်ချက်သည် နောင်လာမည့် ၅ နှစ်အတွင်း ၁၀ ရာခိုင်နှုန်းကျော် ရှိလာမည်ဖြစ်ပြီး ပြီးခဲ့သည့်နှစ်က မြန်မာနိုင်ငံ၏ ပြည်တွင်း ၀ယ်လိုအားသည် တန်ချိန် ၄ သန်းကျော် ရှိခဲ့ကြောင်း သိရသည်။ Siam ဘိလပ်မြေ လုပ်ငန်းသည် အရှေ့တောင် အာရှတွင် ဒုတိယ အကြီးဆုံး ဘိလပ်မြေ လုပ်ငန်းဖြစ်သည်။

by irrawaddy

ဂတုံးလေးနှင့် မိုးယုစံ


 
ဒါရိုက်တာကျော်ဇောလင်း(အတွေးပုံရိပ်)ရိုက်ကူးနေတဲ့ 'လက်မရှောင် ကြေး' ဇာတ်ကား မှာမိုးယုစံက မိုးအောင်ရင်နဲ့အတူ ဇာတ်ကားရိုက်ကူးနေ ပါတယ်။ ဒီဇာတ်ကားထဲမှာ မိုးယုစံက ယောက်ျားလေးတစ်ယောက်လိုဝတ်ပြီး မိုး အောင်ရင်ကို လိုက်ပြိုင်တဲ့ ကောင်မလေး အဖြစ် သရုပ်ဆောင်ထားပါတယ်။

ခါးနာခြင်းအတွက် ကုထုံး


ယေဘုယျအားဖြင့် ခါးနာခြင်းသည် သက်ကြီးပိုင်းအမျိုးသားများတွင် အဖြစ်များလေ့ရှိသည်။ သို့ သော် အနေအထိုင်ပုံစံမမှန်ခြင်း၊ အားစိုက်လွန်း၍ကြွက်သား နှင့်အကြောများဒဏ်ဖြစ်ခြင်း၊ အ၀လွန်၍ဗိုက်တွင်အဆီစုဝေးခြင်းတို့ ကြောင့်လည်း သက်ကြီးပိုင်း သာမက၊ သက်လတ်ပိုင်း အမျိုးသား၊ အမျိုးသမီးများ တို့ ခါးနာတတ်ကြသည်။ ထို့ ပြင် သားအိမ်ပတ်ဝန်းကျင် အရိုးနှင့်ကပ်နေ သည့်အရွတ်များ ဆွဲဆန့် ရခြင်းကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးအားလုံးနီပါး ခါးနာလေ့ရှိကြသည်။ နာတာရှည် ခါးနာလာပြီ ဆိုမှဖြင့်၊ အအိပ်ပျက်-အစားပျက်-အလုပ်ပျက်ကာ ခံစားရသူအဖို့  ပင်ပန်းခက်ခဲရုံမက၊ ဘေးမှမြင်ရသူအဖို့ လည်း စိတ်မသက် သာလှပေ။

ထိုင်းနိုင်ငံ မယ်ဆိုင်ရဲတစ်ချို့မှ မြန်မာနိုင်ငံသားများအား အနိုင်ကျင့်မှုအပေါ် ကာကွယ်နိုင်ရန်အတွက် ကော်မတီတစ်ရပ်ဖွဲ့စည်းတော့မည်


တာချီလိတ်မြို့သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ၌ တည်ရှိသော မြို့တစ်မြို့ဖြစ်ပြီး မြန်မာ-ထိုင်း နယ်စပ်မြို့လေးတစ်မြို့ဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံသား ပြည်သူများအနေဖြင့် တစ်ဖက် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့သို့ သွားရောက်၍ ၀မ်းရေးအတွက် လုပ်ကိုင်ရှာဖွေစားသောက်ရသည့်အပြင်၊ အလည်သွားလာခြင်းနှင့် ဈေးဝယ်ထွက်မှုများ ပြုလုပ်လေ့ရှိရာ ထိုင်းရဲတစ်ချို့မှာ မြန်မာနိုင်ငံသားများအား နည်းမျိုးစုံဖြင့် ခြိမ်းခြောက်ကာ ငွေညှစ်တောင်းခံမှုများ၊ ထောင်ချမှုများပြုလုပ်သည့် ဓလေ့စရိုက်ရှိသည့်အတွက် မြန်မာနိုင်ငံသားများအနေဖြင့် ခံလာရသည့်ကိစ္စရပ်မှာ များပြားလျှက်ရှိကြောင်း သိရှိရသည်။

ပြည်မြို့ မြောက်န၀င်းဆည်နယ်နိမိတ်အတွင်းရှိ နေအိမ် ၇၅ လုံး သြဂုတ်လ ၂၉ ရက်တွင် အပြီးသတ်ဖယ်ရှားရန် အကြောင်းကြား


မြောက်န၀င်းဆည်

သဂုတ်လ ၂၆ ရက် ၂၀၁၃ ခုနှစ်

ပဲခူးတိုင်းပြည်မြို့နယ် မြောက်န၀င်းဆည်အနီးရှိ ရေလှောင်တမံ၊ ရေလွှဲဆည်၊ တူးမြောင်းနှင့် လမ်းနယ်နိမိတ်နယ်များ အတွင်း ဆောက်လုပ်ထားသည့် အဆောက်အအုံများ၊ လူနေအိမ်၊ တဲနှင့် စိုက်ခင်းများကို သြဂုတ်လ ၂၉ ရက်တွင် နောက်ဆုံးထား ဖယ်ရှားပေးရန် မြို့နယ်ဆည်မြောင်း ဦးစီးဌာနက သုံးကြိမ် မြောက်အဖြစ် သတိပေးစာ ထုတ်ပြန် ထားသည်။

မိုဘိုင်းလ် ဆင်းမ်ကတ်များ အရေအတွက် အကန့်အသတ်ဖြင့်သာ ဆက်လက် ရောင်းချမည်

 
အခြေခံ အဆောက်အဦများ တည်ဆောက်ပြီးစီးပါက လိုအပ်ချက်နှင့်အညီ ဖြန့်ချိပေးမည်ဟု ဆိုထားသည့် မိုဘိုင်းလ် ဆင်းမ်ကတ်များကို လက်ရှိရောင်းချထား ပေးနေသည့်အတိုင်း အရေအတွက် အကန့်အသတ်ဖြင့်သာ ဆက်လက် ရောင်းချသွားမည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြောကြားသည်။ သမ္မတ ဦးသိန်းစိန်၏ ညွှန်ကြားချက်ဖြင့် လစဉ်ဆင်းမ်ကတ် သုံးသိန်းငါးသောင်းကို ငွေကျပ် ၁၅၀၀ နှုန်းဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးသို့ ဖြန့်ချိနေခြင်းဖြစ်ပြီး ယင်းအတိုင်းသာ

အိန္ဒိယကလေးငယ်တစ်ဦး အလိုအလျောက် မီးတောက်လောင်

အလိုအလျောက် မီးတောက်လောင်မှု (SHC)များ ဖြစ်ပွားခဲ့သည်ဆိုသော သုံးလသားအရွယ် အိန္ဒိယ ကလေးငယ်တစ်ဦးသည် ၎င်းတက်ရောက် ဆေးကုသမှု ခံယူနေသည့် ဆေးရုံမှ သြဂုတ်လ ၂၃ရက်နေ့တွင် ပြန်ဆင်းလာပြီဖြစ်ကြောင်း သိရသည်။ ရာဟူးအမည်ရှိ အဆိုပါ ကလေးငယ်သည် ကိုးရက်သား အရွယ်မှစ၍ ဆေးရုံမတင်ဆောင်မီအထိ အလိုအလျောက် မီးတောက်လောင်မှု လေးကြိမ်ဖြစ်ပွားခဲ့ကြောင်း မိဘနှစ်ပါး၏ အဆိုကို ကိုးကား၍ နယူးယောက် တိုင်းမ်သတင်းစာတွင် ဖော်ပြထားသည်။

ထန်ကုန်းအကြမ်းဖက် နောက်ကွယ်မှ သဘောထားအမြင်

 ထန်းကုန်း အကြမ်းဖက် ဆူပူမှုသတင်း၊ Voice က ကျော်မင်းဆွေ ၊ ဦးဝီရသူဖေ့စ်ဘွတ်နဲ့ အစိုးရပြန်ကြားရေးက ထုတ်ပြန်ချက်
မိုးမခသတင်းကောက်နုတ်ချက်၊ သြဂုတ် ၂၆၊ ၂၀၁၃
            သြဂုတ်လ ၂၄ ညခင်းပိုင်းမှာ ၊ ကန့်ဘလူမြို့နယ် ထန်းကုန်းအရပ်တွင်၊ အမျိုးသမီးတဦးကို အမျိုးသား ၁ ဦး (သို့မဟုတ်) ၁ ဦးအထက်က အဓမ္မကြံစည်ရန် ကြိုးစားခဲ့ရာ၊ ရပ်ကွက်နဲ့ လုံခြုံရေးတို့က တရားခံအဖြစ် စွပ်စွဲခံရသူ အမျိုးသားတဦးကို ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်ဟု ဆိုသည်။ အဆိုပါသတင်းနောက်ပိုင်း ဒေသခံဟုဆိုနိုင်သော လူအုပ်များက အကြမ်းဖက်ဆူပူကြသဖြင့် ထန်းကုန်းအရပ်အတွင်းရှိ လူနေအိမ်များ ဈေးဆိုင်များ မီးလောင်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်ဟု