Total Pageviews

Friday, August 23, 2013

ထိုင်းငါးဖမ်းလှေပေါ်တွင် သားဖြစ်သူသေဆုံးခဲ့သဖြင့် မိခင်က တရားစွဲလိုက်ပြီ


ထိုင်းငါးဖမ်းစက်လှေပေါ်တွင် သားဖြစ်သူ အလုပ်လုပ်ရင်း သေဆုံးသွားမှုကြောင့် မိခင်ဖြစ်သူက သူ့ သားကို တရားမ၀င် ပို့ဆောင်ပေးခဲ့သူများကို အရေးယူပေးရန် သြဂုတ် ၂၁ ရက်က သုဝဏ္ဏနယ်မြေ ရဲစခန်းတွင် အမှုဖွင့် တိုင်တန်းလိုက်ကြောင်း ရန်ကုန်တိုင်းရဲဌာနက သတင်းထုတ်ပြန်သည်။

အမှုဖွင့်တိုင်တန်းသူမှာ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် နေထိုင်သည့် ဒေါ်အေးအေးမော်ဆိုသူဖြစ်ကြောင်း ရဲဌာနက အတည်ပြုထားသည်။
သူမ၏ တိုင်ကြားချက်တွင် သားဖြစ်သူကိုပြည့်မိုးဇော်အပါအ၀င် လူသုံးဦးကိုပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သူတစ်ဦးက ထိုင်းနိုင်ငံရှိ ငါးလုပ်ငန်းစက်ရုံတွင် လစာထိုင်းဘတ်ငွေ ၁၀၀၀၀ (ကျပ်သုံးသိန်းခန့်) ဖြင့် အလုပ်ရမည်ဟု စည်းရုံးပြောဆိုခဲ့ကြောင်း တိုင် တန်းထွက်ဆိုထားသည်။

ထိုသူကို ပို့ဆောင်ခ ကျပ်ငါးသိန်းပေး လစာမှ အရစ်ကျပေးဆောင်ရကြောင်းလည်း တရားလိုက ရဲကို ထွက်ဆို သည်။

ပြီးခဲ့သည့် ၂၀၁၂ နိုဝင်ဘာလဆန်းတွင် သူ့သားနှင့်အတူ အလုပ်သွားလုပ်သူနှစ်ဦးမှာ ရန်ကုန်သို့ ပြန်ရောက်လာပြီး ကိုပြည့်မိုးဇော်မှာ ငါးဖမ်းသင်္ဘောတစ်စီးတွင် အလုပ်လုပ်ကိုင်နေစဉ် သေဆုံးသွား ကြောင်း ပြောပြသဖြင့် သိရှိခဲ့ ရသည်ဟု ကွယ်လွန်သူ၏မိခင်က ရဲကိုဆက်လက်ထွက်ဆိုထားသည်။

ထို့ကြောင့် သူ့သားကို ထိုင်းနိုင်ငံသို့ တရားမ၀င် ပို့ဆောင်ပေးခဲ့သူ နှစ်ဦးဖြစ်သည့် ကိုထွန်းသိန်းနှင့် ကိုဆန်းဝင်း ဆိုသူတို့ကို အရေးယူပေးပါရန် ဒေါ်အေးအေးမော်က သုဝဏ္ဏရဲစခန်းတွင် စွပ်စွဲတိုင်တန်းခဲ့ပြီး ရဲစခန်းကလည်း အမှုအမှတ် (ပ)၁၆၂/၂၀၁၃ ဖြင့် အမှုဖွင့်ထားကြောင်း ရဲမှတ်တမ်းတွင် တွေ့ရသည်။

စွပ်စွဲတိုင်တန်းခံရသူ နှစ်ဦးကိုလည်း ရဲများက ဖမ်းဆီးရန် လိုက်လံရှာဖွေနေပြီး ဖမ်းမိပါက ပြည်ပအလုပ်အကိုင် ရှာဖွေရေး ဥပဒေပုဒ်မ ၂၆ ဖြင့် တရားစွဲမည်ဟု ရဲဌာနက ထုတ်ပြန်သည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese

No comments: