အလွန်ဝေးလံသည့်ဒေသများသို့ သွားရောက်တာဝန်ထမ်းဆောင်ရသော နေ့စားလပေးဆရာ၊
ဆရာမ များ လည်း အမြဲတမ်းဝန်ထမ်းများနည်းတူ
လစာနှစ်ဆရရှိမည်ဖြစ်ကြောင်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ အတွင်းနေ့စား လပေး
ပညာရေးဝန်ထမ်း ငါးသောင်းကျော်ခန့်ကို ခန့်အပ်ပြီးအဆိုပါဝန်ထမ်းများ သည်
အဝေးဆုံးဒေသ အဆင့် သတ်မှတ်ချက် စီ၊ ဒီ၊အီးအဆင့်ရှိသော မြို့နယ်ဒေသများတွင်
တာဝန်ထမ်း ဆောင်ကြမည်ဖြစ်သည်။ဝေးလံခေါင်ဖျားဒေသအဆင့် သတ်မှတ်ရာတွင်
မြို့ပေါ်ကိုအေအဆင့်၊ မြို့ပြင်ကို ဘီအဆင့်၊ နေ့ချင်း
ပြန်သွားက်ေနိုင်လျှင်စီအဆင့်၊ တစ်ပတ်တစ်ကြိမ်ခန့်သာ သွားရောက်နိုင်ပါက
ယင်းအ ဆင့်နှင့်တစ်လ တစ်ကြိမ်ခန့်သာ သွားရောက်နိုင်ပါက
အီးအဆင့်သတ်မှတ်ထားကြောင်း သိရသည်။ နေ့စား လပေးဝန်ထမ်းများကို
ခန့်အပ်မှုတွင် အမှတ်အလိုက် ခွဲခြားခန့်အပ်ခြင်းဖြစ်ပြီး အမှတ်အများဆုံး
ရရှိသူများ တွင် မြို့နှင့်အနီးဆုံးဖြစ်သည့် စီအဆင့်ရှိဒေသများတွင်
တာဝန်ထမ်းဆောင် ရကြောင်း၊ အမှတ်အနည်း ဆုံးသူများသည် အီးအဆင့်ဒေသများတွင်
တာဝန်ထမ်းဆောင်ရကြောင်း သိရသည်။ ခန့်အပ်ပြီးသော နေ့ စားလပေး ဝန်ထမ်းများကို
ဆရာဖြစ်မွမ်းမံသင်တန်းများပေးပြီးမှသာ အမြဲတမ်းဝန်ထမ်း အဖြစ် ခန့်အပ်
သွားမည် ဖြစ်ကြောင်း ယင်းသင်တန်းများကို ကျောင်းပိတ် ရာသီများတွင်
ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
by Myanmar Breaking News
by Myanmar Breaking News
No comments:
Post a Comment