Total Pageviews

Wednesday, September 4, 2013

နေပြည်တော်ရှိ မူလတန်း ကျောင်းသူ၊ ကျောင်းသားများ၏ သွားနှင့်ခံတွင်း ကျန်းမာရေးအတွက် သင်တန်းပို့ချသွားမည်

နေပြည်တော်ရှိ မူလတန်း ကျောင်းသူ၊ ကျောင်းသားများ၏ သွားနှင့်ခံတွင်း ကျန်းမာရေးအတွက် ကျန်း မာရေး ၀န်ကြီးဌာန၊ ပညာရေး ၀န်ကြီးဌာနနှင့် Colgate-Palmolive တို့ ပူးပေါင်းပြီး သင်တန်းပို့ ချသွား မည်ဖြစ်ကြောင်း စက်တင်ဘာ ၃ ရက်က နေပြည်တော် MICC အစည်းအဝေးခန်းမတွင် ပြုလုပ်သည့် အခမ်းအနား၌ သိရသည်။ စက်တင်ဘာမှ စတင်ပြီး နေပြည်တော် ကောင်စီနယ်မြေရှိ မူလတန်း   ကျောင်းများမှ ဆရာ၊ ဆရာမများကို Teacher Training Program သို့ ဖိတ်ခေါ်ပြီး တစ်ကမ္ဘာလုံးဆိုင်ရာ သွားနှင့်ခံတွင်း ကျန်းမာရေး ပညာပေး သင်ထောက်ကူ ပစ္စည်းများ အသုံးပြုကာ ကျောင်းသူကျောင်း သားများကို မည်သို့အကျိုးဖြစ်ထွန်း စေနိုင်ကြောင်း ကျန်းမာရေးနှင့် ပညာရေး ၀န်ကြီးဌာနများမှ အဖွဲ့ဝင် များ က သင်တန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ပညာရေး ၀န်ကြီးဌာန၊ ပညာရေးစီမံကိန်းနှင့် လေ့ ကျင့်ရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်မောင်က "မြန်မာနိုင်ငံမှာ ပညာရေးဝန်ကြီးဌာန အနေနဲ့ ၁၉၉၈ ပညာသင်နှစ်ကစပြီး အခြေခံပညာ အတန်းတိုင်းမှာ ဘ၀တွက်တာ ကျွမ်းကျင်စရာ ဘာ သာရပ်ကို စတင်သင်ကြား ပေးခဲ့ပါတယ်။ ပထမတန်းကနေ စပြီးတော့ သွားကိုဂရုစိုက်ပါဆိုတဲ့ သင်ခန်းစာ ကို စတင်လေ့ကျင့် သင်ကြားပေးပြီး သွားနှင့်ခံတွင်း ကျန်းမာရေးအတွက် စတင်လေ့ကျင့် သင်ကြားပေး လျက် ရှိပါတယ်" ဟု ပြောကြားခဲ့သည်။ အခြေခံ သွားကျန်းမာရေး စောင့်ရှောက်မှု မရရှိသော ကလေး ငယ်ပေါင်း မြောက်မြားစွာကို တစ်ကမ္ဘာလုံးဆိုင်ရာ သွားနှင့်ခံတွင်း ကျန်းမာရေး ပညာပေး အစီအစဉ်ဖြင့် အခမဲ့ သွားနှင့်ခံတွင်း စစ်ဆေးပေးခြင်းများကို ကလေးငယ်များထံ ရောက်ရှိအောင် စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးနှင့် အခြားတိုင်းဒေသကြီး နှစ်ခုမှ ကျောင်းများအားလုံးကို ၂၀၁၃ ခုနှစ် ကုန်ပိုင်းတွင် ကလေးငယ်များ၏ သွားနှင့်ခံတွင်း ကျန်းမာရေးကို အခမဲ့ စစ်ဆေးပေးသွား မည်ဖြစ်ကြောင်း သိရသည်။

by http://myanbnews.blogspot.com

No comments: