Total Pageviews

Wednesday, September 4, 2013

ယခင် အခွန်စနစ်များကြောင့် သဘာဝ သယံဇာတ တွင်းထွက်များ တူးဖော်ထုတ်လုပ်ရေး ပွင့်လင်းမြင်သာမှု အစီရင်ခံစာတွင် အချက်အလက်များ ထည့်သွင်းရန် ခက်ခဲနေ

ယခင်က စီမံခန့်ခွဲမှု အားနည်းခဲ့သည့် အခွန်ဆိုင်ရာ စနစ်များကြောင့် သဘာဝ သယံဇာတ တွင်းထွက်များ တူးဖော်ထုတ်လုပ်ရေး ပွင့်လင်းမြင်သာမှုဆိုင်ရာ အစီရင်ခံစာ (EITI) တွင် ထည့်သွင်းရမည့် အချက် အလက်များ ရယူရန် ခက်ခဲနေကြောင်း သဘာဝ တွင်းထွက်များ တူးဖော်ထုတ်လုပ်ရေး ပွင့်လင်းမြင်သာမှု ရှိစေရေး အချက်များဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲတွင် အရပ်ဘက် အဖွဲ့အစည်းများ၏ ပြောပြချက်အရ သိရသည်။ အစိုးရဌာန တစ်ခုချင်းစီ၏ အခွန်ဆိုင်ရာ ထုတ်ပြန်မှုများသည် ယခင်က ပွင့်လင်းမြင်သာစွာ
ထုတ်ပြန်ခြင်း မရှိခဲ့ခြင်းကြောင့် လည်းကောင်း၊ အခွန်ဆိုင်ရာ စီမံခန့်ခွဲမှု အပိုင်းတွင် အားနည်းချက်များ ရှိနေခြင်းကြောင့် လည်းကောင်း၊ အခွန်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ယင်းအစီရင်ခံ စာတွင် ထည့်သွင်းရန် အခက်အခဲ ရှိနေကြောင်း ၎င်းတို့က ဆိုသည်။ "(EITI) အစီရင်ခံစာမှာ အစိုးရ ၀န်ကြီးဌာနတွေဆီက သတင်းအချက်အလက် ရယူရမယ်ဆိုတာ သူတို့တွေကို အကြောင်းကြားပြီးသားပါ။ အခက်အခဲက ဘာဖြစ်နေလဲဆိုတော့ အခွန်စနစ်နဲ့ အခွန်စီမံ ခန့်ခွဲမှုတွေက ဘယ်လိုချိတ်ဆက် ရမယ်ဆိုတဲ့ စီမံခန့်ခွဲမှုတွေမှာ အားနည်းနေတယ်။ အခွန်ပုံစံ မျိုးစုံရှိတဲ့အတွက် ဘယ်အခွန်က ဘယ်ဌာနကိုသွားမယ်၊ ဘယ်လိုစုစည်းရမယ် ဆိုတာကို ၀န်ကြီးဌာနတွေ အနေနဲ့လည်း သတင်းအချက်အလက်တွေကို စစ်ဆေးနေ တယ်။ အခွန်ကောက်ခံမှု စနစ်နဲ့ စီမံခန့်ခွဲမှုကတော့ အရင်ကတည်းက ရှေးအစွဲတွေ ရှိနေတော့ အချက်အလက်တွေ ရဖို့က အချိန်ယူ လုပ်ရမယ်။ သက်ဆိုင်ရာ ၀န်ကြီးဌာန တစ်ခုချင်းစီရဲ့ ပြုပြင်ပြောင်းလဲ မှု အတွက်ကို ပြည်တွင်းပြည်ပ ပညာရှင်တွေနဲ့ ပူးပေါင်းပြီးတော့ မူဝါဒတွေ ရေးဆွဲနေတယ်။ ဥပဒေတွေကိုလည်း ပြင်ဆင်သင့်တာ ပြင်ဆင်၊ ဖြည့်စွက်သင့်တာ ဖြည့်စွက်နေပါတယ်" ဟု MEITI အတွင်းရေးမှူးရုံးအဖွဲ့မှ ဒေါ်ကေသီက ဆိုသည်။ မြန်မာနိုင်ငံ အနေဖြင့် (EITI) အဖွဲ့ဝင်လောင်းနိုင်ငံဖြစ်ရန် ယခုနှစ် ဒီဇင်ဘာလတွင် လျှောက်ထားမည်ဖြစ်ပြီး အဖွဲ့ဝင်လောင်းနိုင်ငံ ဖြစ်လာပါက သဘာဝ သယံဇာ တမှ ရရှိသည့် အကျိုးအမြတ်နှင့် အခွန်အခများကို အစိုးရနှင့် သယံဇာတ တူးဖော်မည့် ကုမ္ပဏီမှ ပွင့်လင်းမြင်သာစွာ ဖော်ပြရမည်ဖြစ်ပြီး ယင်းအချက်အလက်များကို EITI ညွန့်ပေါင်းအဖွဲ့က ဆန်းစစ်ရမည် ဖြစ်သည်။

by http://myanbnews.blogspot.com

No comments: