Total Pageviews

Wednesday, September 4, 2013

အစ္စလာမ် စာသင်ကျောင်း မီးတုတ်ပစ်မှု ဖြစ်ပွား

မီးတုတ်ပစ်ခံရတဲ့ ဂျာမေ အာရ်ဗီယာ အစ္စလာမ်မီယာသ်လီမွလ်ကုရ်အာန် အထက်တန်း ဘာသာရေး စာသင်ကျောင်း
စက်တင်ဘာလ(၄)ရက်နေ့ ယနေ့ နံနက် ၂ နာရီကျော်လောက်က ရန်ကုန်တိုင်း ဒေသကြီး သင်္ဃန်းကျွန်းမြို့ နယ်၊ (ခ)ရပ်ကွက်၊ ယုဝလမ်းမှာရှိတဲ့ အစ္စလာမ် အထက်တန်း ဘာသာရေး စာသင်ကျောင်း (ဓနိမိုး ထရံကာ) မှာ ကျောင်းသား (၄၀)လောက် အိပ်နေတုန်း မီးတုတ်ပစ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါတယ်။

အဆိုပါ ဂျာမေ အာရ်ဗီယာ အစ္စလာမ်မီယာသ်လီမွလ်ကုရ်အာန် အထက်တန်း ဘာသာရေး စာသင်ကျောင်းဝင်း အတွင်းမှာ အဆောက်အဦး နှစ်ခုပေါင်း ကျောင်းသားအားလုံး (၂၀၀)ကျော် ရှိတယ်လို့ သိရပါတယ်။

အစ္စာလမ်စာသင်ကျောင်းနဲ့ မျက်နှာချင်းဆိုင်က ဦးသန်းမြင့်က မီးခိုးထွက်တာတွေ့လို့ သွားကြည့်တော့ မီးရှို့ထားတဲ့ အ၀တ်စပတ်ထားတဲ့ သစ်သားချောင်းကို တွေ့ ရတယ်လို့ ကနဦး သတင်းများ အရ သိရပါတယ်။

အဆိုပါ မီးရှို့ မှုကြောင့် နည်းနည်း ရုတ်ရုတ်သဲသဲတော့ ဖြစ်သွားပေမယ့် အခုတော့ အကြီးအကျယ် မဖြစ်အောင် လုံခြုံရေး တပ်ဖွဲ့ က ထိန်းထားနိုင်ပြီးလို့ သိရပါတယ်။

by Myanmar News Now

No comments: