Total Pageviews

Wednesday, September 4, 2013

အလုပ်သမားများအား တစ်ရက်အလုပ်ချိန် ရှစ်နာရီနှင့် အချိန်ပို သုံးနာရီထက် ကျော်လွန်ခိုင်းစေသည့် စက်ရုံ၊ အလုပ်ရုံများကို ၀န်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် တရားစွဲမည်

အလုပ်သမားများအား တစ်ရက်အလုပ်ချိန် ရှစ်နာရီနှင့် အချိန်ပို သုံးနာရီထက် ကျော်လွန်လုပ်ကိုင်ခိုင်းသည့် စက်ရုံ၊ အလုပ်ရုံများကို ၀န်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် တရားစွဲမည်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါ်ဝင်းမော်ထွန်းက ပြောကြားသည်။ ၁၉၅၁ ခုနှစ် အလုပ်ရုံ ဥပဒေနှင့်အညီ တစ်နေ့အလုပ်ချိန် ရှစ်နာရီအပြင် အချိန်ပိုတစ်ရက် သုံးနာရီ ခွင့်ပြုထား၍ အလုပ်သမားများ အား သတ်မှတ်အလုပ်ချိန်၊ အချိန်ပို လုပ်ကိုင်ချိန်များကို တိကျစွာ ဆောင်ရွက်ကြရန် လိုအပ်ပြီး သတ်မှတ်
ခွင့်ပြုချက်ထက်ကျော် လုပ်ကိုင်မှု မရှိစေရေးကို ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း ၎င်းကဆက်လက်   ပြောကြားသည်။ ချိုးဖောက်မှုရှိသော စက်ရုံ၊ အလုပ်ရုံများအား ဥပဒေကို လိုက်နာစေရေးအတွက် ၀န်ခံက တိ လက်မှတ်ရေးထိုးစေပြီး သတိပေးမှု သုံးကြိမ်ပြီးလျှင် တရားစွဲဆိုခြင်းကို ၀န်ကြီးဌာန၏ ခွင့်ပြု ချက်ဖြင့်   ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း ဒေါ်ဝင်းမော်ထွန်းက ပြောကြားသည်။ လက်ရှိအချိန်တွင် အလုပ် သမားရေးရာ အငြင်းပွားမှုများကို ဖြေရှင်းနိုင်ရန် ပြဋ္ဌာန်းထားသော အလုပ်သမားရေးရာ အငြင်းပွားမှု   ဖြေရှင်းရေး ဥပဒေ (၂၀၁၂)နှင့် နည်းဥပဒေများဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ စက်ရုံအဆင့်တွင် လုပ်ငန်းညှိနှိုင်းရေး ကော်မတီဖြင့် လည်းကောင်း၊ မြို့နယ်အဆင့်တွင် မြို့နယ်ညှိနှိုင်းရေး အဖွဲ့ဖြင့် လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့်တွင် ခုံသမာဓိ အဖွဲ့များဖြင့် လည်းကောင်း၊ ခုံသမာဓိ   ကောင်စီများဖြင့် လည်းကောင်း အငြင်းပွားမှုများကို ဥပဒေနှင့်အညီ စစ်ဆေးဆောင်ရွက်လျက် ရှိသည်ဟု ဒုတိယ၀န်ကြီးက ဆိုသည်။ ဆုံးဖြတ်ရာတွင် ပြစ်ဒဏ်များ၌ ငွေဒဏ်သာ ပါရှိသည့်အတွက် ငွေဒဏ်၊   ထောင် ဒဏ်နှစ်မျိုးစလုံး ချမှတ်မည့် အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေကို ပြင် ဆင်သည့် ဥပဒေမူကြမ်းအား ရေးဆွဲမည်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါ်ဝင်းမော်ထွန်းက ပြောကြားသည်။

by http://myanbnews.blogspot.com

No comments: