Total Pageviews

Wednesday, August 21, 2013

လူကိုယ်တိုင်သွားစရာ မလိုဘဲ အင်တာနက်လျှောက်ထားခြင်း

၁.၈.၂ဝ၁၃ မှစ၍ 1331 နံပါတ်သို့ SMS ပေးပို့၍ Internet လိုင်း ဖွင့်နိုင်အောင် ပြုလုပ်နိုင်ပြီ~~
 
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqAvIxVbkUgMRAjLrOrSatd1T8ey_bjkE-rdyF7dDWKAJb2waR5OIREA8au-BaYhllIxaJjhKIzA4E3nljWfShf_Wmo1hCHhyBkMk8sVKAhr2gB4uz0a4nhcuycL8vfp5gNti75lowbQA/s1600/MPT.jpg
ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ Prepaid GSM / WCDMA ကြိုတင်ငွေဖြည့်ကဒ်ဖြင့် တယ်လီဖုန်းသုံးစွဲသူများမှ အင်တာနက်စနစ်အား ဌာနသို့ လူကိုယ်တိုင်လာရောက် လျှောက်ထားရန်မလိုဘဲ မိမိမိုဘိုင်းဖုန်းဖြင့် (၁.၈.၂၀၁၃) ရက်နေ့မှ စတင်၍ တိုက်ရိုက်ဖွင့်လှစ် သုံးစွဲနိုင်ရန် ဆောင် ရွက်ပေးမည်ဖြစ်ပါသည်။အင်တာနက်ဖွင့်ရန်အတွက် မိမိမိုဘိုင်းဖုန်းမှ 1331 နံပါတ်သို့ “ Orderdata service ” စာသားအား SMS ပေးပို့ရပါမည်။ 
အင်တာနက်လိုင်းပွင့်ပါက သုံးစွဲသူ၏ ငွေလက်ကျန်ထဲမှ ၁၀၀၀၀ိ/ (ကျပ်တစ်သောင်း တိတိ) ကိုနှုတ်ယူ မည်ဖြစ်ပါသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ အင်တာနက်လျှောက်ထားပြီးလျှင် 1234123 မှ

Dear customer, you have ordered product service successfully! Please restart you handset. ဟု message ပြန်ပို့လာပြီး ဖုန်းကို restart ချ၍ internet Setting ချိန်ပြီး အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။

Yatanarpon Call Center
=======================================

(SMS Service) နှင့် (Internet Service) များသည် ၁-၈-၂၀၁၃ နေ့ နံနက် ၁ နာရီမှ ၂ နာရီခန့်အထိ ယာယီ အသုံးပြု၍ ရရှိနိုင်မည်မဟုတ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးမှသတင်းထုတ်ပြန် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ၀န်ဆောင်မှု ပေး လျက်ရှိသော CDMA မိုဘိုင်းဖုန်းများမှနိုင်ငံခြား သို့ ဖုန်းခေါ်ဆိုရာတွင်နိုင်ငံခြားငွေလက်မှတ် (FEC)နှင့် ကျခံသုံးစွဲနေရာမှ မြန်မာကျပ်ငွေနှင့် ကျခံသုံးစွဲနိုင်ရေးအတွက် Software Upgrade ပြုလုပ်ခြင်းကို ၁-၈-၂၀၁၃ ရက် (ကြာသပတေးနေ့) တွင် လုပ်ငန်းဆောင်ရွက်မှာဖြစ်တဲ့အတွက် (SMS Service) နှင့် (Internet Service) များသည် ၁-၈-၂၀၁၃ နေ့ နံနက် ၁ နာရီမှ ၂ နာရီခန့်အထိ ယာယီအသုံးပြု၍ ရရှိနိုင်မည်မဟုတ်ပါကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရဲ့ သတင်းထုတ်ပြန်ချက်အရသိရတယ်။
 အဲ့ဒါကြောင့်ဒီနေ့မှာ Software Upgrade ပြုလုပ်ဆောင်ရွက်ရာမှာ လက်ရှိသုံးစွဲလျက်ရှိသော CDMA မိုဘိုင်းဖုန်းသုံးစွဲသူများ၏ FEC Account တွင်ကျန်ရှိနေသည့် FEC ငွေများအား 1 FEC လျှင်မြန်မာငွေကျပ် ၉၀၀ိ/- ကျပ်နှုန်းဖြင့်တွက်ချက်ပြီး KYATS Account သို့ပေါင်းထည့်ပေးမည်ဖြစ်တယ်လို့ သိရတယ်။ အဲ့သည့်လိုပေါင်းထည့်ပြီးသည့်နောက် ပြည်တွင်းခေါ်ဆိုမှု (Local Call) နှင့် ပြည်ပခေါ်ဆိုမှု (IDD Call) အားလုံးသည် မြန်မာကျပ်ငွေဖြင့် ပုံမှန်အတိုင်းခေါ်ဆို၍ ရရှိနိုင်မှာဖြစ်တယ်လို့ မြန်မာ့ဆက်သွယ်ရေးရဲ့ သတင်း ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

No comments: