Total Pageviews

Saturday, August 17, 2013

မိန်းကလေး တစ်ယောက် အတွက် စိတ်ထား ဖြူစင်ဖို့က အလိုအပ်ဆုံးပဲလို့ ပြောတဲ့ သဇင်

မိန်းကလေး တစ်ယောက် အတွက် စိတ်ထား ဖြူစင်ဖို့က အလိုအပ်ဆုံးပဲလို့ ပြောတဲ့ သဇင်သရုပ်ဆောင်နှင့် အဆိုတော် သဇင်က " မိန်းကလေး တစ်ယောက် အတွက် စိတ်ထား ဖြူစင်ဖို့က အလိုအပ်ဆုံးပဲ"ဟု ပြောသည်။ " မိန်းကလေး တစ်ယောက် အတွက် တကယ် အလိုအပ်ဆုံး အရာက စိတ်ဓာတ်၊ စိတ်ထားဖြူစင်ဖို့ပါပဲ၊ ရုပ်ရည်ချောတာ ဆိုးတာနဲ့ မဆိုင်ဘူး၊ စိတ်ထားလေးဖြူစင်မယ် ဆိုရင် မိန်းကလေးမှ မဟုတ်ဘူး၊ လူတိုင်းအတွက် ဘာမဆို ကောင်းတယ်"ဟု ၎င်းကပြောသည်။ သရုပ်ဆောင် အဆိုတော် သဇင်အနေဖြင့် ဖက်ရှင်ပိုင်းတွင် အွန်လိုင်းမှ ခေတ်စားလျက် ရှိသော ဒီဇိုင်းများ၊ မျက်လုံးခြယ်သမှုများ စသည်ဖြင့် လေ့လာလျက် အလှအပဆိုင်ရာ များကို စီစဉ်လေ့ရှိ ကြောင်းမိတ်ဆွေများ အကြံ ဥာဏ်ပေးသော ဝတ်စုံများ ကိုတီထွင်ဝတ်ဆင်ရခြင်း ကိုလည်း နှစ်သက်ကြောင်း သဇင်က ထပ်မံပြောပြသည်။ အဆိုတော် သဇင်သည် ၂၀ဝ၆ ခုနှစ်တွင် အမျိုး သမီး သုံးယောက်ဖြင့်ဖွဲ့ ထားသော No အဖွဲ့ဝင် တစ်ယောက်အဖြစ် အနုပညာ လောကသို့ စတင် လျှောက်လှမ်းခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် ထိပ်ဆုံးရဲ့ ထိပ်ဆုံးမှာ အမည်ရှိ တစ်ကိုယ်တော် တေးစီးရီးထွက်ရှိ ထားသူလည်း ဖြစ်သည်။ 

By Venus News Journal

No comments: