Total Pageviews

Friday, August 16, 2013

တာမွေမြို့နယ်မှာ မူးယစ်ဆေးဝါး ဖမ်းဆီးရမိ


ရန်ကုန်၊ သြဂုတ် ၁၆

၁၅.၈.၂၀၁၃ ရက်နေ့ ၁၈၂၅ အချိန် တာမွေမြို့မ ရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မူးယစ်ဆေးဝါး သတင်းအရ တာမွေမြို့နယ်၊ ကျောင်းရှေ့ရပ်ကွက် ၊ကျောက်ရေတွင်းလမ်း၊ အ.ထ.က(၂)ကျောင်းရှေ့တွင် စောင့်ဆိုင်းနေစဉ်သတင်းရရှိသူ မသင်းသင်းမာ
(ဘ)ဦးကြည်မြင့်၊ မြောက်ဥက္ကလာပ မြို့နယ်နေသူအား တွေ့ရှိရှာဖွေရာ ၎င်းဝတ်ဆင်ထားသော အပြာရောင်ဂျင်း ဘောင်းဘီတို၏ ယာဘက်ရှေ့အိတ်အတွင်းမှ WY စာတမ်းပါ နီညိုရောင်စိတ်ကြွဆေးပြား (၂၀)ပြား၊အလေးချိန် (၂)ဂရမ်၊ ကာလတန်ဘိုးငွေကျပ် (၁၀၀၀၀၀)အား တွေ့ရှိသိမ်းဆည်းရမိ သဖြင့် တာမွေမြို့မရဲစခန်း မယ(ပ)၁၅/၂၀၁၃၊ မူး/စိတ် ၁၅/၁၆(ဂ) ဖြင့် အရေးယူ ဆောင်ရွက်ထားရှိပါသည်။

အဆိုပါအမှုမှ မသင်းသင်းမာ၏ကွင်းဆက်ဖော်ထုတ်ချက်အရ ၂၂၁၅အချိန် တွင် တာမွေမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်နေ နိုင်ထွဋ် (ဘ)ဦးထွန်းအောင်ကျော်၏ နေအိမ်သို့ ဆက်လက်ရှာဖွေရာ နေအိမ်ဧည့်ခန်း ဘုရားစင်သစ်သား ဗီရိုအောက်အဆင့်တွင် ထည့်ထားသော WY စာတမ်းပါ နီညိုရောင်စိတ်ကြွဆေးပြား (၁၈၀)ပြား၊ အလေးချိန် (၁၈)ဂရမ်၊ ကာလတန်ဘိုး ငွေကျပ် (၉၀၀၀၀၀)၊ ငွေစက္ကူရောရာကျပ်(၃၀၀၀၀)၊ နေအိမ်အိပ်ခန်း အတွင်းမှ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ပိုက်တပ်ဆင်ထားသောရေသန့်ဗူး(၁)ဗူး၊ ရေသန့်ဗူးသေး(၁)ဗူး၊အစိမ်းရောင် ပလပ်စတစ်ဗူး(၁)ဗူး၊ ဖန်ပုလင်းငယ် (၁)ဗူး၊ငွေရောင်ခဲပြားလိပ် (၁)ခု တို့အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် တာမွေမြို့မရဲစခန်းမယ(ပ)၁၆/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ဖြင့် အရေးယူဆောင်ရွက်ထားရှိ ကြောင်းသတင်း ရရှိပါသည်။

Yangon Police

No comments: