- 17 August 2013 |
- By The Voice Journal
ဟင်္သာတခရိုင်
မြန်အောင်မြို့နယ် ရှားတောအုပ်စု ဘုရားသုံးဆူ အရှေ့ကျောင်းတိုက် အထက်
စက်တော်ရာစေတီမှ ဘုရားခြေတော်ရာမှာ သြဂုတ်လ ၁၄ ရက်နေ့က
ပျောက်ဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ အထက်စက်တော်ရာစေတီ၏
အနောက်မြောက်ထောင့် ရာဟုထောင့်ရှိ အလျားရှစ်ပေခွဲ၊ အနံရှစ်ပေခွဲ၊
အမြင့်ငါးပေ ဆယ်လက်မ ကျောင်းဆောင် အတွင်း အုတ်အင်္ဂတေဖြင့် ငုံလျက် ပူဇော်ထားရှိသည့် ခြေတော်ရာ ပျောက်ဆုံးခြင်း ဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၆၀ ကျော်က မြေကြီးအတွင်းမှ တူးဖော်ရရှိခဲ့သည့် အဆိုပါခြေတော်ရာမှာ အလျား ငါးပေ၊ အနံ ခြေဖဝါးတော် သုံးပေ၊ ခြေဖနောင့်တော် နှစ်ပေခွဲခန့် ရှိကြောင်း မြန်အောင်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ ကျောက်သားအား ထွင်းထုထားသော ဝဲဘက်ခြေတော်ရာပုံဖြစ်ပြီး အုတ်အင်္ဂတေမှခွာ၍ ခိုးယူခြင်း ဖြစ်ကြောင်း အဆိုပါ ရဲအရာရှိက ဆိုသည်။ ယင်းအမှုကို (ပ) ၇၆/၂၀၁၃၊ ပုဒ်မ ၃၈၀/၂၉၅ ဖြင့် အမှုဖွင့်ထားကြောင်း မြန်အောင် မြို့မရဲတပ်ဖွဲ့စခန်းမှ သိရသည်။
No comments:
Post a Comment