Total Pageviews

Friday, August 16, 2013

အမေရိကန်အမျိုးသမီးတွေ သိပ္ပံကို ပိုပြီး စိတ်ဝင်စားလာအောင် ကြိုးပမ်းချက်

အမေရိကန်အမျိုးသမီးတွေ သိပ္ပံကို ပိုပြီး စိတ်ဝင်စားလာအောင် ကြိုးပမ်းချက်
ဒေါ်လှလှသန်း
အမေရိကန်ပြည်ထောင်စုက အမျိုးသမီးတွေ သိပ္ပံဘာသာမှာ ၀ါဿနာပါလာရေးအတွက် တဖက်တလမ်းက ကြိုးစားဆောင်ရွက်နေသူတဦးကတော့ အမေရိကန်အမျိုးသားအာကာသသိပ္ပံဌာန နာဆာက အမျိုးသမီး အာကာသယာဉ်မှူးဟောင်း ဆယ်လီ ရိုက်စ် ဖြစ်ပါတယ်။


သူဟာ ၁၉၇၈ ခုနှစ်မှာ နာဆာမှာ စတင်ဝင်ရောက်ခဲ့ပြီး ၁၉၈၃ ခုနှစ် အသက် ၃၂ အရွယ်မှာ အာကာသယာဉ်ထဲ လိုက်ပါခွင့်ရခဲ့တဲ့ ပထမဆုံးနဲ့ အငယ်ဆုံး အမျိုးသမီးတဦးလည်းဖြစ်ပါတယ်။ အခုတော့ အသက် ၆၀ အရွယ်မှာ သူဟာ အာကာသအစီအစဉ်ကနေ အနားယူခဲ့ပြီးဖြစ်ပေမဲ့ အမေရိကန်အမျိုးသမီးတွေ သိပ္ပံပညာမှာ စိတ်ဝင်စားလာကြဖို့ သူ ဘယ်လိုဆောင်ရွက်နေတယ်ဆိုတာတွေကို ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်း က တင်ဆက်ထားပါတယ်။
VOA Myanmar

No comments: