Total Pageviews

Saturday, August 17, 2013

ဖိလစ်ပိုင် သင်္ဘောမှောက်မှု လူ၃၀၀ နီးပါး ပျောက်နေ


ရေတွေ လှိမ့်ဝင်လာတာ တွေ့လို့ သင်္ဘောပေါ်က ခုန်ဆင်းခဲ့ရတယ်လို့ လွတ်မြောက်လာသူတွေ ပြောပြ 


ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း ဆာဘူးကျွန်းနားမှာ ခရီးသည်တွေ အပြည့် တင်ဆောင်လာတဲ့ ကူးတို့ သင်္ဘော တစင်း တိမ်းမှောက်သွား ခဲ့ရာမှာ အနည်းဆုံး လူ၂၄ဦး သေဆုံးသွားပြီး လူ၃၀၀ နီးပါးလောက် ပျောက်ဆုံးနေတယ်လို့ ဖိလစ်ပိုင် ကမ်းခြေစောင့် အဖွဲ့က ပြောပါတယ်။
ကုန်တင် သင်္ဘော တစင်းနဲ့ တိုက်မိအပြီး မိနစ်ပိုင်း အတွင်းမှာပဲ အဲဒီ St Thomas Aquinas သင်္ဘော နစ်မြုပ်သွားခဲ့တာပါ။

ခရီးသည် ၆၀၀ နီးပါးလောက်ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ကမ်းခြေစောင့်အဖွဲ့က ပြောပါတယ်။

အဲဒီသင်္ဘော မှာ ဟောင်းလောင်းပေါက်ကြီးတခုကနေ ရေတွေ လှိမ့်ဝင်လာတာ တွေ့ရတဲ့အတွက် သင်္ဘောပေါ်ကနေ ခုန်ဆင်းခဲ့ကြတယ်လို့ အသက်ရှင် လွတ်မြောက်လာသူတွေက ပြန်ပြောပြကြပါတယ်။

ဖိလစ်ပိုင်နိုင်ငံဟာ ရေကြောင်းဆိုင်ရာ ဘေးကင်းလုံခြုံမှုနဲ့ ပတ်သက်လို့ ဆိုးဆိုးဝါးဝါး အားနည်း ချွတ်ယွင်းမှုတွေ ရှိနေပြီး နှစ်စဉ် နှစ်တိုင်းလိုလို မတော်တဆ ဖြစ်ရပ်တွေကြောင့် လူအများအပြား သေဆုံးလေ့ ရှိပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

No comments: