ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ အကြား ၂၀၀၉ ခုနှစ်တွင် ရေးထိုးခဲ့သည့်
တရားမ၀င် လုပ်သားများ တရားဝင်ဖြစ်ရေး အစီအစဉ်ပါ နားလည်မှု စာချွန်လွှာအရ
ထိုင်းနိုင်ငံတွင် လက်ရှိ လုပ်ကိုင်နေသည့် မြန်မာလုပ်သားများမှာ
အလုပ်လက်မဲ့ များပြားနေသည့် မြန်မာနိုင်ငံအတွင်း ရွှေ့ပြောင်းလုပ်သား
သိန်းနှင့်ချီ၍ ပြန်လာရဖွယ် ရှိနေကြောင်း ထိုင်းနိုင်ငံ အခြေစိုက်
အဖွဲ့အစည်း နှစ်ခုဖြစ်သည့် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ရက်နှင့်
Human Rights and Development တို့၏ သြဂုတ် ၁၆ ရက်က ပူးတွဲ ထုတ်ပြန်ချက်အရ
သိရသည်။
ထိုင်းနိုင်ငံ အတွင်း၌ ရွှေ့ပြောင်းလုပ်သား သုံးသန်းကျော် အထိရှိနေပြီး ၈၀ ရာခိုင်နှုန်း ကျော်ခန့်မှာ မြန်မာလူမျိုးများ ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ အနေဖြင့် ထိုင်းနိုင်ငံ အပါအ၀င် ကမ္ဘောဒီးယား၊ လာအိုအစိုးရများနှင့် နိုင်ငံအချင်းချင်း အကြား ရွှေ့ပြောင်းလုပ်သား ဆိုင်ရာ နားလည်မှု စာချွန်လွှာများ ရေးထိုးခဲ့ပြီး ၂၀၀၉ ခုနှစ် ဇူလိုင်မှ စတင်ကာ ထိုင်းနိုင်ငံ အစိုးရ အနေဖြင့် မြန်မာလုပ်သားများ အတွက် ယာယီပတ်စ်ပို့နှင့် ဗီဇာထုတ်ပေးခြင်း၊ နိုင်ငံသား စိစစ်ခြင်း လုပ်ငန်းစဉ်များအား လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ထိုသို့ တရားဝင် လုပ်ကိုင်ခွင့် ပေးအပ်ရာတွင် နှစ်နှစ်သက်တမ်း
ဗီဇာထုတ်ပေးခြင်း ဖြစ်ပြီး အဆိုပါ နှစ်နှစ်သက်တမ်း ကုန်ဆုံးချိန်တွင်
ထပ်မံ၍ နှစ်နှစ်သက်တမ်း တိုးပေးမည် ဖြစ်ကာ တိုးမြှင့်သက်တမ်း
ကုန်ဆုံးချိန်တွင်မူ အဆိုပါ မြန်မာလုပ်သား အနေဖြင့် မြန်မာနိုင်ငံအတွင်း
သုံးနှစ်ပြန်လည် နေထိုင်ရမည် ဖြစ်ကာ သုံးနှစ်ပြည့်ချိန်မှသာ
ထိုင်းနိုင်ငံအတွင်း ပြန်လည် လုပ်ပိုင်ခွင့် ရရှိမည်ဖြစ်သည်။
ထိုသို့ နှစ်နိုင်ငံ သဘောတူညီချက်အရ လက်ရှိကာလတွင် နေထိုင်ခွင့် သက်တမ်း ကုန်ဆုံးနေသည့် မြန်မာရွှေ့ပြောင်း လုပ်သား သိန်းနှင့်ချီ နေပြီဖြစ်ပြီး ထပ်မံသက်တမ်း ကုန်ဆုံးမည့် မြန်မာနိုင်ငံသား သိန်းနှင့်ချီ ကျန်ရှိနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုသို့ ပြန်လာရမည်ဟုသာ ဖော်ပြထားပြီး မည်သို့ ပြန်လာရမည်ကို နှစ်နိုင်ငံ စာချွန်လွှာတွင် ဖော်ပြထားမှု မရှိသောကြောင့် မြန်မာလုပ်သားများအား ပွဲစားများက ပတ်စ်ပို့နှင့် ဗီဇာသက်တမ်း တိုးပေးမည်ဟု ဆိုကာ လိမ်လည်မှုများ ကြုံတွေ့နေရကြောင်း သိရသည်။
မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား များအား ယာယီပတ်စ်ပို့နှင့် ဗီဇာထုတ်ပေးရာတွင် လုပ်သား ၁၇ သိန်းကျော်အထိ စာရင်းရှိနေ သော်လည်း ထိုင်းနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး၏ တရားဝင် စာရင်းတွင်မူ လုပ်သား ၇ သိန်းခွဲကျော်သာ တရားဝင် အသိအမှတ် ပြုထားကြောင်း သိရသည်။
Eleven News
ထိုင်းနိုင်ငံ အတွင်း၌ ရွှေ့ပြောင်းလုပ်သား သုံးသန်းကျော် အထိရှိနေပြီး ၈၀ ရာခိုင်နှုန်း ကျော်ခန့်မှာ မြန်မာလူမျိုးများ ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ အနေဖြင့် ထိုင်းနိုင်ငံ အပါအ၀င် ကမ္ဘောဒီးယား၊ လာအိုအစိုးရများနှင့် နိုင်ငံအချင်းချင်း အကြား ရွှေ့ပြောင်းလုပ်သား ဆိုင်ရာ နားလည်မှု စာချွန်လွှာများ ရေးထိုးခဲ့ပြီး ၂၀၀၉ ခုနှစ် ဇူလိုင်မှ စတင်ကာ ထိုင်းနိုင်ငံ အစိုးရ အနေဖြင့် မြန်မာလုပ်သားများ အတွက် ယာယီပတ်စ်ပို့နှင့် ဗီဇာထုတ်ပေးခြင်း၊ နိုင်ငံသား စိစစ်ခြင်း လုပ်ငန်းစဉ်များအား လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါ နှစ်နှစ်သက်တမ်း ကုန်ဆုံးချိန်တွင် ထပ်မံ၍ နှစ်နှစ်သက်တမ်း တိုးပေးမည် ဖြစ်ကာ တိုးမြှင့်သက်တမ်း ကုန်ဆုံးချိန်တွင်မူ အဆိုပါ မြန်မာလုပ်သား အနေဖြင့် မြန်မာနိုင်ငံအတွင်း သုံးနှစ်ပြန်လည် နေထိုင်ရမည် ဖြစ်ကာ သုံးနှစ်ပြည့်ချိန်မှသာ ထိုင်းနိုင်ငံအတွင်း ပြန်လည် လုပ်ပိုင်ခွင့် ရရှိမည်ဖြစ်သည်... |
ထိုသို့ နှစ်နိုင်ငံ သဘောတူညီချက်အရ လက်ရှိကာလတွင် နေထိုင်ခွင့် သက်တမ်း ကုန်ဆုံးနေသည့် မြန်မာရွှေ့ပြောင်း လုပ်သား သိန်းနှင့်ချီ နေပြီဖြစ်ပြီး ထပ်မံသက်တမ်း ကုန်ဆုံးမည့် မြန်မာနိုင်ငံသား သိန်းနှင့်ချီ ကျန်ရှိနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုသို့ ပြန်လာရမည်ဟုသာ ဖော်ပြထားပြီး မည်သို့ ပြန်လာရမည်ကို နှစ်နိုင်ငံ စာချွန်လွှာတွင် ဖော်ပြထားမှု မရှိသောကြောင့် မြန်မာလုပ်သားများအား ပွဲစားများက ပတ်စ်ပို့နှင့် ဗီဇာသက်တမ်း တိုးပေးမည်ဟု ဆိုကာ လိမ်လည်မှုများ ကြုံတွေ့နေရကြောင်း သိရသည်။
မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား များအား ယာယီပတ်စ်ပို့နှင့် ဗီဇာထုတ်ပေးရာတွင် လုပ်သား ၁၇ သိန်းကျော်အထိ စာရင်းရှိနေ သော်လည်း ထိုင်းနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး၏ တရားဝင် စာရင်းတွင်မူ လုပ်သား ၇ သိန်းခွဲကျော်သာ တရားဝင် အသိအမှတ် ပြုထားကြောင်း သိရသည်။
Eleven News
No comments:
Post a Comment