Total Pageviews

Saturday, August 17, 2013

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရေးမူပါ စာအုပ်ကို ရေနံချောင်း ဒေသခံများထံ ပြန်လည်ပေးအပ်

အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဗိုလ်ချုပ်အောင်ဆန်း လက်ရေးမူပါ စာအုပ်ကို ရေနံချောင်း ဒေသခံများထံ သြဂုတ် ၁၆ ရက်က ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြန်လည် ပေးအပ်ခြင်းကို နေပြည်တော်ရှိ အမျိုးသားလွှတ်တော်
ဧည့်ခန်းမဆောင်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရေနံချောင်းမှ ဒေသခံများအပြင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ပါ တက်ရောက်ခဲ့ကြောင်း သိရသည်။
“ဗိုလ်ချုပ်လက်ရေးမူကို အမျိုးသား လွှတ်တော် ဥက္ကဋ္ဌကနေ ရေနံချောင်း ဒေသခံတွေထံ ပြန်လည်ပေးအပ် ခဲ့ပါတယ်။ လက်ရေးမူအစစ် ဟုတ်မဟုတ်ကို နိုင်ငံခြားက ပညာရှင်တွေခေါ်ပြီး စစ်ဆေးသင့်တဲ့ အကြောင်း၊ စစ်ဆေးပြီးနောက် မှန်ကန်ရင် ၀ိုင်းဝန်းထိန်းသိမ်းကြဖို့ တိုက်တွန်းခဲ့ပါတယ်'' ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါ ဗိုလ်ချုပ်လက်ရေးမူပါ စာအုပ်ကို အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ရေနံချောင်းမြို့သို့ သွားရောက်စဉ် အထက်တန်းကျောင်း တစ်ကျောင်းမှ ယူဆောင်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည် ကလည်းအဆိုပါ လက်ရေးမူသည် ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရေးမူ အစစ်ဟုတ်မဟုတ်ကို အတိအကျပြောရန် ခဲယဉ်းကြောင်း သတင်းထောက်များသို့ ပြောကြားခဲ့သည်။
Eleven News

No comments: