Total Pageviews

Thursday, August 22, 2013

ဂျပန် ဖူကူရှီးမား နျူကလီးယားဒဏ်ခံ ပြည်သူများ အစိုးရကို ပြန်တရားစွဲမည်

 Photo: ရှိကြသည်။
From : ..the voice


ဂျပန် ငလျင်ဖြစ်စဉ်က ချွတ်ယွင်းမှုများ ဖြစ်ပွားပြီး နျူကလီးယား ဓာတ်ရောင်ခြည်များ သင့်ခဲ့ရသော ဒိုင်အိချိနျူ စက်ရုံရှိရာ ဖူကူရှီးမား ဒေသ မှ ဒေသခံများသည် ဗဟို အစိုးရက ကူညီ ထောက်ပံ့မှုများ မပြုလုပ်ပေးဘဲ လျစ်လျူရှုထားသည်ဟု ဆိုကာ အစိုးရကို ပြန်တရားစွဲဆိုထားကြောင်း NHK သတင်း တစ်ရပ်က ဖော်ပြထားသည်။
ပြီးခဲ့သည့် တစ်နှစ်ခန့်ကတည်းက အကူအညီပေးရေးဆိုင်ရာ ဥပဒေ ပြုခဲ့ ပြီး ဖြစ်သော်လည်း နစ်နာမှုအတွက် အကူအညီပေး ထောက်ပံ့ရန် ပျက်ကွက်သည်ဟု ဒေသခံများက စွပ်စွဲထားကြခြင်း ဖြစ်သည်။

စက်ရုံ၏ မတော်တဆမှုကြောင့် ဖြစ်ပွားခဲ့ရသော ရေဒီယို ဓာတ်ရောင်ခြည် ပမာဏ မြင့်တက်နေခြင်း ဒဏ်ကို ခံရသည့် ဒေသခံ ပြည်သူများကို ဆေးဝါး၊ အိမ်ရာနှင့် အခြား ထောက်ပံ့မှုများ ကူညီရမည်ဟု ပြီးခဲ့သည့်နှစ် ဇွန်လ ကတည်းက လွှတ်တော်တွင် သဘောတူညီ ဥပဒေပြုပြီး ဖြစ်ပေသည်။

ယခုအစိုးရကို တရားစွဲသည့် ဒေသခံလူ ၁၉ ဦးမှာ အဆိုပါဒေသတွင် နေထိုင်လျက် ရှိသူများနှင့် ယင်းမတော်တဆမှုကြောင့် ယင်းနေရာမှ ပြောင်းပြေးရသူများ ဖြစ်ပေသည်။

အဆိုပါလူစုသည် ဂျပန် အစိုးရကို အကူအညီပေးရန် ချမှတ်ထားသော လမ်းညွှန်ချက်များကို အကောင်အထည်ဖော်ရန် ပျက်ကွက်သည့် ဥပဒေ ချိုးဖောက်မှုဖြင့် တရားစွဲဆိုလိုက်ကြခြင်း ဖြစ်ပေသည်။

ပြီးခဲ့သည့် တစ်နှစ်က ချမှတ်ခဲ့သည့် ဥပဒေကို ယခုအချိန်အထိ အကောင်အထည် မဖော်သေးသည်မှာ အလွန်ရှက်ဖွယ် ဖြစ်ကြောင်း တရားလို ရှေ့နေများက ပြောကြားခဲ့သည်။

အဆိုပါကိစ္စကို အစိုးရ အနေနှင့် အလျင်အမြန် ကိုင်တွယ်ရန်လည်း ၎င်းတို့က သတိပေးသွားသည်။

ငလျင်ဒဏ်ကြောင့် တန်ချိန် ၃၀၀ ခန့်ရှိသော ရေဒီယို သတ္တိကြွနေ သည့် ရေများ စိမ့်ထွက်သွားခဲ့ကြောင်း ယင်း မတော်တဆမှု ဖြစ်စဉ်က ဒိုင်အိချိ စက်ရုံကို လည်ပတ်နေသည့် ကုမ္ပဏီ TEPCO (Tokyo Electric Power Company) က အတည်ပြုပေးခဲ့သည်။

ဖူကူရှီးမား နျူကလီးယား မတော်တဆမှု ဖြစ်ပြီးနောက် ဂျပန်နိုင်ငံ တစ်ဝန်းလုံးရှိ နျူကလီးယား ဓာတ်အားပေး စက်ရုံများကို ပိတ်ထားလိုက်ပြီး လုံခြုံရေး စစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း ယခုတက်လာသော ရှင်ဇိုအာဘေး အစိုးရသစ်က ပြန်လည်၍ ယင်းနျူကလီးယား စက်ရုံများ ဖွင့်စေလို သည်။

ငလျင်ဒဏ်၊ ဆူနာမီဒဏ်များ ဖြစ်လျှင် နျူကလီးယား စက်ရုံမှ အန္တရာယ်ရှိ ဓာတ်ရောင်ခြည်များ ပေါက်ကွဲ ယိုစိမ့်နိုင်သောကြောင့် စိုးရိမ်သူများက အစိုးရကို ကန့်ကွက်လျက် ရှိကြသည်။
by Myanmarexpress

No comments: