ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် လယ်ဦးစုရွာနှင့် အောင်ချမ်းသာ ရပ်ကွက်
ဆက်သွယ် ကာရံထား သည့် ရေကာတာ ရေထိန်းတံခါး မလုံသဖြင့် အောက်ရွာကြီး အုပ်စု
အနီးဝန်းကျင်တွင် လယ်မြေ ဧက ၅၀၀၀ ကျော် စပါးပင်များ ရေနစ်မြုပ်နေကြောင်း
ဒေသခံများက ပြောကြား သည်။ အောက်ရွာကြီး အုပ်စု အမှတ် (၁) ရပ်ကွက်၊
မကျီးကုန်း အုပ်စု၊ ဒယ်ပုတ်ကွင်း အုပ်စု၊ တစ်ပင်ကန် အုပ်စု စသည့်
ဒေသများရှိ လယ်မြေများ သည် အဆိုပါ ရေထိန်တံခါး မလုံမှုကြောင့် နှစ်စဉ်
မိုးရာသီတွင် စပါးပင်များ ရေနစ်မြုပ်ပြီး အထွက်နှုန်း ကျဆင်းကြောင်း ၎င်းတို့က
ဆိုသည်။ ရေနစ်မြုပ်ရာ လယ်များတွင် စပါးထွက်နှုန်း ထက်ဝက်ခန့် ကျဆင်း
သွားကြောင်း အောက်ရွာကြီး အုပ်စုမှ တောင်သူ ဦးမြင့်သိန်းက ပြောဆို သည်။
ရေအလွယ်တကူ မရောက်နိုင်သည့် လယ်မြေဧက နှစ်ထောင်ခန့် တွင်
ကောက်စိုက်သမများဖြင့် စိုက်ပျိုးသည့် စိုက်စနစ်ဖြင့် စိုက်ပျိုးရာ တစ်ဧက
စပါးတင်း တစ်ရာ အထွက်နှုန်း ရှိသော်လည်း ရေဝင်သည့် လယ်မြေများတွင် ရေမြုပ်ခံ
စပါးမျိုးများကို ပျိုးကြဲစနစ်ဖြင့် စိုက်ပျိုးရာ တစ်ဧက တင်း ၄၀ ခန့်သာ
ထွက် ရှိကြောင်း တောင်သူ ဦးမြတ်စံက ပြောကြားသည်။ ယင်းသို့ ရေနစ်မြုပ်နေမှု
ပြဿနာကို ဖြေ ရှင်းပေးရန် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး
လွှတ်တော် ဥက္ကဋ္ဌတို့ထံ တိုင်ကြား ထားကြောင်း တောင်သူ ဦးငြိမ်းဟန်က ဆိုသည်။
တောင်သူများ၏ တိုင်ကြားချက်ကြောင့် အင်္ဂပူမြို့နယ် အုပ်ချုပ်ရေးမှူးက စစ်ဆေး
မည် ဖြစ်ကြောင်း အောက်ရွာကြီးအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းနိုင်က
ပြောကြားသည်။
by Myanmar Breaking News
by Myanmar Breaking News
No comments:
Post a Comment