စပိန်ခရီးသွား
ဧည့်သည်များ မြန်မာနိုင်ငံအတွင်း ဟိုတယ်နှင့် လေယာဉ်လက်မှတ်များ
ဈေးမြင့်ခြင်းတို့ကြောင့် ခရီးသွား ကျဆင်းလျက်ရှိကြောင်း
စပိန်ခရီးသွားများကို ၀န်ဆောင်မှု ပေးနေသည့် လုပ်ငန်းနယ်ပယ်မှ သိရသည်။
စပိန်ခရီးသွားများမှာ ဇွန်လမှ စက်တင်ဘာလအထိ ၀င်ရောက်လေ့ ရှိသည်။
"သူတို့နိုင်ငံမှာက ဒီအချိန်က သူတို့ရဲ့ အားလပ်ရက်တွေဖြစ်တော့ ခရီးတွေ သွားကြတာ များတယ်။ အခု မြန်မာနိုင်ငံက ဈေးမြင့်တော့ မလာနိုင်ကြဘူး။ နီးစပ်ရာ ထိုင်းတို့ ကမ္ဘောဒီးယားတို့လို နေရာတွေပဲသွားတော့တယ်။ ဈေးသက်သာတာကို ရွေးချယ်လာကြတာပေါ့။ အခုဆိုရင် F.I.T လောက်ပဲ တွေ့ရတော့တယ်။ လေကြောင်းလိုင်းတွေမှာလည်း တစ်စီးကို ၁၀ ယောက်လောက်ပဲ တွေ့တော့တယ်" ဟု Myanmar Voyages ခရီးသွား ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးသက်လွင်တိုးက ပြောကြားသည်။
"မြန်မာနိုင်ငံကို စပိန်တွေက အရမ်းလာချင် ကြပါတယ်။ ဒီမှာက ဟိုတယ်အခန်းတွေကလည်း ဈေးကြီးတော့ ခရီးသွားက တော်တော်ကို သိသိသာသာ လျော့သွားတယ်။ အရင်ကဆိုရင် အယောက် ၂၀၊ ၂၅ ယောက် အဖွဲ့တွေ လာတာ။ ကျွန်တော်တို့ ဂိုက်တွေဆိုရင်လည်း တစ်ဖွဲ့နဲ့တစ်ဖွဲ့ တိုးနေတာ ပုဂံမှာဆို ညနေနေ၀င်ချိန်ဆိုရင် စပိန်အသံတွေချည်းပဲ၊ အခုက စပိန်ဂိုက်တွေတောင် မတွေ့တာ တော်တော်ကြာပြီ။ လာလိုက်ရင်လည်း စပိန်တွေ တစ်ယောက်စ၊ နှစ်ယောက်စလောက်ပဲ တွေ့တော့တယ်" ဟု စပိန်ဧည့်လမ်းညွှန် ကိုဇော်ဇော်လှိုင်က ပြောကြားသည်။
မြန်မာနိုင်ငံတွင်းသို့ စပိန်လူမျိုးများ လာရောက်မှုမှာ ရန်ကုန်လေဆိပ်မှ ၂၀၁၂ ခုနှစ်တွင် ၂၅၀၀ ကျော် ၀င်ရောက်ခဲ့ပြီး ယခုနှစ်အတွင်း ၁၆၉၆ ယောက်သာ ရှိသေးသည်။
by Eleven News

No comments:
Post a Comment