Total Pageviews

Thursday, August 29, 2013

၁၀တန်းကျောင်းသားလေး အုပ်စုဖွဲ့ရိုက်ခံရ၍ သေဆုံးမှု့ဖြစ်ပွား


30.8.2013

၂၂.၈.၂၀၁၂ ရက်နေ့ ည ၁ဝ နာရီခွဲ အချိန်တွင် စာကျက်ဝိုင်းမှ ပြန်လာသော အထက (၇) ကျောင်းသာ ခွန်အောင်ခမ်းဦး အသက်(၁၆) နှစ် ၊အောင်သိန်းဦး (၁၆) နှစ် ၁၀ တန်းကျောင်းသား တို့သည် စာကျက်ဝိုင်းမှ ဆိုင်ကယ်နှင့်ပြန်လာစဉ် အုပ်စုဖွဲ့ပြီး ဝိုင်းရိုက်ခဲ့ ကြပါသည်။ည ၁၁နာရီ အချိန်တွင် လှည့်ကင်းမှ တွေ့ရှိခဲ့ပြီး စပ်စံထွန်းဆေးရုံသို့ ဆေးကုသခဲ့ပါသည်။ ထိုနောက် ၂၃.၈.၂၀၁၂ မနက် ၁၀ နာရီ အချိန်တွင်မန်းဒလေး ဆေးရုံကြီးသို့ ဆက်လက်ဆေးကုသခံယူသော်လည်း ညနေ ၇ နာ၇ီ ၄၅ မိနစ် အချိန်တွင် ရိုက်နှက်မှု့ဒဏ်ရာ နှင့်သေဆုံးခဲ့ကြောင်းသိရပါသည်။ လတ်တလော အချိန်တွင် တရာခံပာု ယူဆရသော လူ(၃)ဦး အား ခေါ်ယူစစ်ဆေးနေပြီး ပုဒ်မ ၁၈၇ မှ ပုဒ်မ ၃၀၂ဖြင့် အမှု့ဖွင့် အရေးယူထားကြောင်း သိရပါသည်။ ယခု သေဆုံးမှု့နှင့်ပက်သက်ပြီး အမည်အဖေါ်လိုသူ ဆရာမ တစ်ဦးပြောကြားချက်အရ ယခုလို တောင်ကြီးတွင် အုပ်စုလိုက်ဝိုင်းရိုက်မှု့များယခင်ကလည်း ခဏခဏ ဖြစ်ပွားလျှက်ရှိသည်ပာုပြောပြပါသည်။ သေဆုံးသူမိသားစုဘက်မှအမှု့မှန်ပေါ်ပေါက်ရေးအတွက် မျှော်လင့်လျှက်ရှိပြီးနောက်နောင် ဒီလိုအုပ်စုလိုက်ရိုက်နှက်မှု့မဖြစ်ပေါ်ရေးအတွက်တာဝန်ရှိသူများအနေဖြင့်ဝိုင်းဝန်းဆောင်ရွက်သင့်ကြောင်းကျောင်းသားမိဘတစ်ဦးမှ ပြောပြပါသည်။

နေလင်းသိုက်

No comments: