Total Pageviews

Monday, August 26, 2013

အမေရိကန် နိုင်ငံသား ဓာတ်ပုံဆရာ တစ်ဦး အစ္စလာမ်မစ် စစ်သွေးကြွများ လက်အတွင်းမှ လွတ်မြောက်

လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလ အတွင်းက ဆီးရီးယား နိုင်ငံတွင် အစ္စလာမ်မစ် စစ်သွေးကြွ များ၏ ဖမ်းဆီးခြင်း ခံခဲ့ရပြီး မတရား ညှဉ်းပန်း နှိပ်စက်ခြင်း ခံခဲ့ရသည့် အမေရိကန် နိုင်ငံ သား ဓာတ်ပုံဆရာ တစ်ဦးသည် ယခုအခါတွင် ၎င်းတို့၏ လက်တွင်းမှ  ထွက်ပြေးလွတ်မြောက် ခဲ့ကြောင်း နယူးယောက်တိုင်းစ် သတင်းစာတွင် ဖော်ပြထားသည်။
မတ်သရူးရှရီရာ အမည်ရှိ အသက် ၃၅ နှစ်အရွယ် ဓာတ်ပုံဆရာ တစ်ဦးသည်  စစ်ဒဏ် ခံရသည့် ဒေသများ အတွင်း ပထမဆုံး အကြိမ်အဖြစ် ဓာတ်ပုံ ရိုက်ကူးရန် အတွက် အလွတ် ဓာတ်ပုံဆရာ တစ်ဦးအဖြစ် ဆီးရီးယား နိုင်ငံ အလက်ပို မြို့သို့ ဒီဇင်ဘာ ၃၁ ရက်တွင် ကားဖြင့် ထွက်ခွာ ခဲ့သည်ဟု သိရသည်။

ထို့နောက် မက်သရူးသည် ယင်းမြို့၌ ဓာတ်ပုံ ရိုက်ကူးနေစဉ် ၎င်းအား CIA အဖွဲ့မှ သူလျှို ဖြစ်သည်ဟု စွပ်စွဲချက်ဖြင့် အယ်လ်ကိုင်ဒါ အဖွဲ့နှင့် ဆက်စပ်နေသော ဂျာဟတ်အယ်လ်-နျူဆာ အမည်ရှိ စစ်သွေးကြွ အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး မတရား ညှဉ်းပန်းနှိပ်စက် ခဲ့သည်ဟု သိရသည်။ ထို့ကြောင့် မက်သရူးသည် ဇူလိုင် ၂၉ ရက် အစောပိုင်းတွင် ၎င်းအားဖမ်းဆီး ထားသည့် အကျဉ်းစခန်း၏ ပြတင်းပေါက်မှ အပြင်သို့ လစ်ထွက်၍ စစ်သွေးကြွများ အလစ်တွင် ထွက်ပြေးခဲ့ပြီး လွတ်မြောက်ခဲ့ခြင်း ဖြစ်ကြောင်း နယူးယောက်တိုင်းစ် သတင်းစာတွင် ဆက်လက် ဖော်ပြထားသည်။ အဆိုပါ စစ်သွေးကြွ အုပ်စုသည် အခြား အမေရိကန် တစ်ဦးကို ဆက်လက် ဖမ်းဆီးထားကြောင်း သိရသည်။

မြ၀တီ

No comments: