Total Pageviews

Thursday, August 22, 2013

တရုတ်တွင် လစာမရဘဲ အလုပ်လုပ်နေရသော မြန်မာ ၃၈ ဦးကို ကယ်တင်

တရုတ်တွင် လစာမရဘဲ အလုပ်လုပ်နေရသော မြန်မာ ၃၈ ဦးကို ကယ်တင်ရန်ကုန်- တပ်မမှူး တစ်ဦးနှင့် လွှတ်တော် အမတ်နှစ်ဦး အကူအညီဖြင့် တရုတ်နိုင်ငံတွင် လုပ်ခလစာ မရရှိဘဲ အလုပ်လုပ်နေရသော မြန်မာနိုင်ငံသား ၃၈ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း သတင်း ရရှိသည်။
“တပ်မ(၁၁) တပ်မမှူး ဗိုလ်မှူးကြီး လှမြင့်စိုး၊ ဟိုပန်ပြည်သူ့လွှတ်တော် အမတ်နဲ့ တာချီလိတ်မြို့နယ်၊ အမျိုးသားလွှတ်တော်
အမတ်တို့က အဓိက ကူညီတာ။ တပ်မမှူးက နိုင်ငံခြား ၀န်ကြီးဌာနနဲ့ ပြည်ထဲရေး ၀န်ကြီးဌာနက သူ့ သူငယ်ချင်းတွေ ဆီကိုစာရေးပေးတာ”ဟု တရုတ်နိုင်ငံတွင် လုပ်ခ လစာမရရှိသော မြန်မာနိုင်ငံ သားများကို ကယ်ဆယ် ဆောင်ရွက်ပေး ခဲ့သည့် လားဟူတိုင်းရင်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးယောနက ပြောသည်။
ရှမ်းပြည်နယ်၊ သိန်းနီမြို့မှ လားရှိုးတိုင်းရင်းသား ၁၈ဦး၊ ရှမ်းတိုင်းရင်းသား သုံးဦး၊ ၀လူမျိုးသုံးဦး နှင့် စစ်ကိုင်းတိုင်းဒေသကြီးမှ ၁၈ ဦးတို့မှာ တရုတ်နိုင်ငံ၊ ရှန်တုန်မြို့ နယ်၊ ချင်းတော့မြို့ရှိ ပလတ်စတစ် စက်ရုံတွင် ခြောက်လကျော်ကြာ လခမရဘဲ အလုပ်လုပ်နေကြရပြီး မိဘဆွေမျိုးများနှင့် အဆက် အသွယ်မရ၍ အထက်ပါ ပုဂ္ဂိုလ်များကိုပြောပြရာမှ ကူညီခဲ့ကြခြင်းဖြစ်သည်။
“ဒီတစ်ခေါက် တရုတ်ကပြန်ပို့တဲ့ လုပ်သားတွေက အရင်တုန်းက လူတွေထက် ထူးတယ်။ လုပ်ခ လစာတွေအပြည့်အ၀ ပေးတာ တွေ့ရတယ်”ဟု မူဆယ်မြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။ အဆိုပါ အလုပ်သမားများအတွက် လုပ်ခလစာအဖြစ် တရုတ်ယွမ်ငွေ လေးသိန်း ကျော်(မြန်မာကျပ်ငွေ သိန်းခြောက်ရာခန့်) ရရှိခဲ့ကြောင်း အဆိုပါ အလုပ်သမားများကို ကူညီသူထဲတွင် ပါဝင်ခဲ့သူ မူဆယ်ဒေသခံ ဦးသောင်းထွန်းက ပြောသည်။ အဆိုပါ အလုပ်သမား များကို တရုတ် အစိုးရမှ တာဝန်ရှိသူများက သြဂုတ်လ ၁၉ရက်က မူ ဆယ်မြို့၊ နန်းတော်ဂိတ် အထိ ပြန်လည်ပို့ဆောင်ပေး ခဲ့သည်။

7day news

No comments: