
ပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင်အား ဟံသာဝတီ အပြည်ပြည် ဆိုင်ရာ လေဆိပ် တည်ဆောက်မည့် Incheon International Airport Corporation နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်အား Aviation Logistic Hub တည်ဆောက်မည့်
Mitsubishi Corporation တို့မှ တာဝန်ရှိသူများသည် ယနေ့တွင် အဆိုပါ ၀န်ကြီးရုံး၌ လာရောက်တွေ့ဆုံကြရာ ပြည်ထောင်စု ၀န်ကြီးက မြန်မာနိုင်ငံတွင် လက်ရှိ အသုံးပြုနေသည့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ နှစ်စဉ် ခရီးသည် ၂ ဒသမ ၇ သန်းသာ ကိုက်တွယ်နိုင်ကြောင်း၊ လေကြောင်း ခရီးသွားလာမှုတွင် ၂၀၁၀ ခုနှစ်မှစ၍ နှစ်စဉ် ၂၄ ရာခိုင်နှုန်း တိုးတက်လျက်ရှိကြောင်း၊ ထို့ကြောင့် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်ကိုလည်း ခရီးသည် ခြောက်သန်း ကိုင်တွယ်နိုင်အောင် တိုးချဲ့သွားမည်ဖြစ်ကြောင်း၊ သို့ရာတွင် ရန်ကုန်လေဆိပ်သည် ထပ်မံတိုးချဲ့ရန် မြေနေရာ ကန့်သတ်ချက်များ ရှိနေသည့်အတွက် အနာဂတ်လေကြောင်းသွားလာရေး လေဆိပ်သစ်အဖြစ် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် တည်ဆောက်ရခြင်းဖြစ်ကြောင်း၊ နောင်တွင် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ပင်မ၀င်ပေါက် အဖြစ် ပြောင်းရွှေ့အသုံးပြုသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် အရှေ့မှ အနောက်သို့ ဖြတ်သန်းသွား လာ သည့် လေကြောင်း လမ်းများသည် မန္တလေးမြို့တွင်ဆုံ၍ ခွဲသွားကြသကဲ့သို့ အာဆီယံ-တရုတ်၊ အာဆီယံ-အိန္ဒိယတို့ကို ကုန်းလမ်းဖြင့် ဆက်သွယ်ရာတွင်လည်း မန္တလေးမြို့ကို ဖြတ်သန်းသွားရသဖင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို အချက်အချာကျသော လေကြောင်းကုန်စည် ပို့ဆောင်ရေး အဓိကသော့ချက် (Aviation Logistic Hub) အဖြစ် တည်ဆောက်ရခြင်းဖြစ်ကြောင်း၊ နောင်တွင် တရုတ်-အိန္ဒိယ နိုင်ငံများက ၄င်းတို့၏ ကုန်ပစ္စည်းများကို အာရှနိုင်ငံများနှင့် ဥရောပနိုင်ငံများသို့ မန္တလေးလေ ဆိပ်မှတစ်ဆင့် အချိန်တိုအတွင်း ပို့ဆောင်နိုင်မည်ဖြစ်သည်ဟု ရှင်းလင်း ပြောကြားခဲ့ကြောင်း ၂၀၁၃ ခုနှစ် သြဂုတ် ၂၂ ရက်နေ့တွင် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။
by http://myanbnews.blogspot.com
No comments:
Post a Comment