မိုးမခပေးစာ
သြဂုတ် ၁၇၊ ၂၀၁၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ ရာဇာဝတ်တရားသူကြီး ဒေါ်သိရီတင်
တရားရုံးတင်…..၂၀-၅-၂၀၁၃ခုနှစ်၊ ပြစ်မှုကြီးအမှုအမှတ် ၂၄၉၃/၂၀၁၃ တရားလို - ရဲအုပ်စိုးမင်းတရားခံ - ဇော်ထွန်း ပါ (၆) ဦး
ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ… ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဥပဒေ ပုဒ်မ (၁၈) အရ စွဲဆိုမှု
ငြိမ်းချမ်းစွာစုဝေးခွင့်နှင့်ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းသည်
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ်(၁၉)၊(၂၀)အရ
လူသားအားလုံးနှင့်သတ်ဆိုင်သော လူ့ဂုဏ်သိက္ခာ
မွေးရာပါလူ့အခွင့်အရေးတစ်ရပ်ဖြစ်သလို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ
ပုဒ်မ(၃၅၄)အရ နိုင်ငံသားများ၏မှုလအခွင့်အရေးအဖြစ်ပြဌာန်းထားသော
ဥပဒေတစ်ရပ်လည်းဖြစ်ပါသည်။
ထိုအခွင့်အရေးနှင့်ဥပဒေကိုလေးစားရမည်တာဝန်မှာအစိုးရတိုင်း၏တာဝန်ဖြစ်ပါသည်။
တရားလိုနှင့်လိုပြသက်သေများ၏စွပ်စွဲချက်များသည်
အခိုင်အမာသက်သေမထူနိုင်သည်ကို တွေ့ရှိရပါသည်။ ငြိမ်းချမ်းစွာစုဝေး
ခွင့်နှင့်ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဥပဒေပုဒ်မ(၁၈)ဖြင့်
တရားစွဲထားသည်ဆိုပေမဲ့ ထိုဥပဒေ၏ပုဒ်မတိုင်းကို စေ့စေ့စပ်စပ်စီစီစစ်စစ်
ဆောင်ရွက်ပြီးမှ တရားစွဲဆိုသည်မဟုတ်ကြောင်းတွေ့ရှိရသည်။
ဆန္ဒဖော်ထုတ်သူပြည်များအနေဖြင့် ဥပဒေနှင့်အညီဆောင်ရွက်ခဲ့ပါ သည်။
တရားလိုနှင့် လိုပြသက်သေများသည် ဥပဒေနှင့်ညီညွတ်ခြင်းမရှိသည်ကို
တွေ့ရှိရပါသည်။
ကျွန်တော်တို့နိုင်ငံသည် ကလေးသူငယ်များဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်းနှင့်
အမျိုးသမီးများအားနည်းမျိုးစုံဖြင့် ခွဲခြားထားများ အားလုံး
လုံးဝပပျောက်ရေးဆိုင်ရာကွန်ဗင်းရှင်းများ၏
စာချုပ်အဖွဲ့ဝင်နိုင်ငံဖြစ်သောကြောင့် အကောင်အထည်ဖော်ဆောင်ရွက်ရန် တာဝန်
ရှိသော နိုင်ငံဖြစ်ပါသည်။ (၁၉၉၃)ခုနှစ်ကလေးသူငယ်ဥပဒေ ရည်ရွယ်ချက်များ
ပုဒ်မ(၃)ပုဒ်မခွဲ(က)တွင် ကလေးသူငယ်အခွင့်အရေးကို
အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် ပုဒ်မခွဲ(ဂ)တွင်
ကလေးသူငယ်အခွင့်အရးများကို ဥပဒေနှင့်အညီအပြည့်အ၀ခံစားနိုင်ရေး အတွက်
ကာကွယ်စောင့်ရှောက်ရန်ပြဌာန်းထားပါသည်။ ကလေးသူငယ်အခွင့်အရေးအပိုဒ်(၁၆)မှာ
လုံလောက်သောနေအိမ်၊ လုံလောက် သောလျှပ်စစ်မီးများကို
အစိုးရကအာမခံဆောင်ရွက်ပေးရန်နှင့် အမျိုးသမီးများအားနည်းမျိုးစုံဖြင့်
ခွဲခြားထားမှုအားလုံးလုံးဝပပျောက်ရေး
သဘောတူစာချုပ်အပိုဒ်(၁၄)အပိုဒ်ခွဲ(၂)(ဇ)မှာ လုံလောက်သောနေအိမ်၊
လုံလောက်သောလျှပ်စစ်မီးများကို အာမခံဆောင်ရွက်ပေးရမည် ဟုပြဌာန်းထားသည်။
ထိုသို့သောဥပဒေနှင့်အညီ အခွင့်အရေးများကိုဆောင်ရွက်ပေးပါက
လျှပ်စစ်မီးရရှိမှုအတွက် ဆန္ဒဖော်ထုတ်ရန် စာတင်မည်မဟုတ်ပါ။
လျှပ်စစ်မီးဆိုးဝါးစွာပျက်နေသောကြောင့် အခြေခံလိုအပ်ချက်၊
လူ့ဂုဏ်သိက္ခာနှင့်အညီနေထိုင်ရန်အတွက်
ဆန္ဒဖော်ထုတ်ခြင်းသည်ပြစ်မှုကျူးလွန်ခြင်းမဟုတ်ကြောင်းထိုဥပဒေနှင့်အခွင့်အရေးများကဖော်ပြထားပါသည်။
ဆန္ဒဖော်ထုတ်ရန်အတွက် ခွင့်ပြုမိတ်ရရှိရန် မြို့နယ်ရဲတပ်ဖွဲ့မှူးထံသို့
(၅-၄-၂၀၁၂)ရက်နေ့တွင် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ
စီတန်းလှည့်လည်ခြင်းဥပဒေ အခန်း(၃)
ပုဒ်မ(၄)ခွင့်ပြုမိန့်လျှောက်ထားခြင်းနှင့်အညီ လျှောက်ထားခဲ့ပါသည်။
(သက်သေခံ အထောက် အထားအဖြစ် ခွင့်ပြုမိန့်လျှောက်ထားသည့်စာကို
ရုံးတော်သို့တင်ပြထားပါသည်)။ မြို့နယ်ရဲတပ်ဖွဲ့မှူးက ပြည်မြို့နယ်
ရဲတပ်ဖွဲ့မှူးရုံး၊ ပြည်ခရိုင်၊ ပဲခူးတိုင်းဒေသကြီး၊
စာအမှတ်(၁၀၀၇)(ဈ)/၁၀၄/ဦး ၁၊ ရက်စွဲ ၂၀၁၂ခုနှစ်၊ ဧပြီလ ၆ရက်နေ့ နေ့စွဲပါ
တရားဝင်ငြင်းပယ်သည့်စာဖြင့် လျှောက်ထားသူထံသို့ပေးပို့၍ ငြင်းပယ်ခဲ့ပါသည်။
(သက်သေခံအထောက်အထားအဖြစ် တရားဝင် ငြင်းပယ်သည့်စာကို
ရုံးတော်သို့တင်ပြထားပါသည်)။ မြို့နယ်ရဲတပ်ဖွဲ့မှူးသည်
ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်း
ဥပဒေပုဒ်မ(၅)တွင် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊
ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ကိုယ်ကျင့်တရားကို
မဆန့်ကျင်သောကြောင့် ခွင့်ပြုမိတ်ကိုချပေးရမည်ဖြစ်ပါသည်။
ဆန္ဒဖော်ထုတ်သူများသည် လူ့ဂုဏ်သိက္ခာနှင့် အညီနေထိုင်နိုင်ရန်
အခြေခံလိုအပ်ချက်ဖြစ်သော လျှပ်စစ်မီးရရှိရန်အတွက်
ခွင့်ပြုမိတ်လျှောက်ထားခြင်းဖြစ်ပါသည်။ အစိုရ၏အာဏာကို လုယူရန်၊ အစိုးရကို
ဖြုတ်ချရန်အတွက် ဆန္ဒပြရန်မဟုတ်ပါ၊ ပြည်သူ့တို့၏အခြေခံလိုအပ်ချက်ဆန္ဒအရ
လျှပ်စစ်မီးရရှိရန်သာဖြစ်ပါသည်။
ဒီမိုကရေးစီ အစိုးရဖြစ်သောကြောင့် ပြည်သူ့လူထူ၏အခြေခံလိုအပ်ချက်ဆန္ဒကိုသာ
လေးစားရမည်ဖြစ်သည်။ ပြည်သူပြည်သားတို့၏ ဆန္ဒသည်
အုပ်ချုပ်မှုအာဏာ၏အခြေခံဖြစ်ရမည်ဟု
လူ့အခွင့်အရေးအပိုဒ်(၂၁)အပိုဒ်ခွဲ(၃)တွင်ဆင့်ဆိုထားပါသည်။ အပြည်ပြည်ဆိုင်ရာ
လူ့အခွင့် အရေးကြေညာစာတမ်းကို အစိုးရတိုင်းသည် လေးစားခြင်း၊ ကာကွယ်ခြင်း၊
မြှင့်တင်ခြင်းနှင့် ဖြည့်ဆည်းခြင်းတို့ကို ဆောင်ရွက်ရန် တာဝန်ရှိပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတစ်နိုင်ငံ ၏အမြင့်ဆုံးဥပဒေဖြစ်ပါသည်။
လူ့အခွင့်အရေးအပိုဒ်(၁၉)(၂၀)နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ(၃၅၄)ကို
အခြေမခံသောဆုံးဖြတ်ချက်ကြောင့် မြို့နယ်ရဲတပ်ဖွဲ့မှူးသည်
ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်း
လှည့်လည်ခြင်းဆိုင်ရာဥပဒေပုဒ်မ(၅)ကိုချိုးဖောက်ခြင်းသာဖြစ်ပါသည်။
လျှောက်ထားသူများသည်
မြို့နယ်ရဲတပ်ဖွဲ့မှူး၏ငြင်းပယ်ခြင်းခံသည့်တရားဝင်စာရပြီးသည့်နောက်
ခွင့်ပြုမိန့်ရရှိရန် ငြိမ်းချမ်းစွာ
စုဝေးခွင့်နှင့်ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဥပဒေ
ပုဒ်မ(၉)ပုဒ်မခွဲ(က)အရ အယူခံစာကို ငြင်းပယ်ကြောင်းအကြောင်းပြန်သည့်စာကို
လက်ခံရရှိသည့်နေမှ ခုနှစ်ရက်အတွင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးထံ
ဥပဒေနှင့်အညီ(၉-၄-၂၀၁၂)နေ့ရက်တွင် အယူခံစာကိုတင်ခဲ့ပါသည်။
(သက်သေခံအထောက်အထားအဖြစ် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးထံ အယူခံဝင်သည့်စာကို
ရုံးတော်သို့တင်ပြထားပါသည်)။ သက်ဆိုင်ရာ တိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူးသည်ပုဒ်မခွဲ(က)အရ အယူခံခြင်းနှင့်စပ်လျဉ်း၍
ယင်းအယူခံလွှာကိုရရှိသည့်နေ့မှ(၁၄)ရက်အတွင်း သက်ဆိုင်
ရာတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအုပ်ချုပ်ရေးမှူး၏
အတည်ပြုချက်ဖြင့် အဆုံးဖြတ်ပေးရမည်ဖြစ်ပါသည်။ ပုဒ်မခွဲ(ဂ)အရ
တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးကချမှတ်သော အဆုံးအဖြတ်သည်သာအပြီးပြတ်စေရမည်ဟု
ပြည်ထောင်စုလွှတ်တော်ကပြဌာန်းထားပါသည်။ သို့သော် သက်ဆိုင်ရာတိုင်းဒေသကြီး
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအုပ်ချုပ်ရေးမှူး၏
အတည်ပြုချက်ဆုံးဖြတ်ချက်မပေးခြင်းနှင့်
တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးကချမှတ်သောအဆုံးအဖြတ် မပြီပြတ်ခြင်းတို့သည်
ပြည်သူလူထုနှင့် ပြည်ထောင်စုလွှတ်တော်က ပြဌာန်း ထားသည့် ဥပဒေကိုမလေးစားသည့်
အပြုအမှုတွေကြောင့်သာဖြစ်ပါသည်။ လျှောက်ထားသူထံသို့ ခွင့်ပြုခြင်း သို့မဟုတ်
ငြင်းပယ်ခြင်းကို ဥပဒေနှင့်အညီတရားဝင်အကြောင်းပြန်စာမပေးခြင်းသည်
ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ
စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေကို
သက်ဆိုင်ရာအာဏာပိုင်များကချိုးဖောက်ခြင်းဖြစ်၍ခွင့်ပြုမိန့်ချမပေးခြင်းသာဖြစ်ပါသည်။
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကြီးဖြင့်အတည်ပြုပြဌာန်းလိုက်သော
ဖွဲ့စည်းပုံအခြေခံဥပဒေ၏ပုဒ်မ(၃၅၄)နှင့် နိုင်ငံတာကာအစိုးရတိုင်း
လေးစားလိုက်နာရသည့်
အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးအပိုဒ်(၁၉)(၂၀)တို့နှင့်အညီ
(၂၃-၅-၂၀၁၂)ရက်နေ့တွင် ငြိမ်းချမ်းစွာဆန္ဒ ဖော်ထုတ်ခဲ့ပါသည်။
ခရိုင်ရဲတပ်ဖွဲ့မှူးဦးသောင်းဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ဇော်ထက်၊
မြို့နယ်ရဲတပ်ဖွဲ့မှူးဦးမြင့်ဦးနှင့် ဒုရဲအုပ်ဦး ဇော်မင်းနိုင်တို့သည်
ဘုရားကြီးဘုရားအနီးတွင် ဆန္ဒဖော်ထုတ်သူများကို အကြမ်းဖက်ဖြိုခွင်းရန်း
ရဲ(၁၀၀)ကျော်ကို ဒိုင်းများကိုဒုတ်ဖြင့် ရိုက်ကာ
ခြောက်လှန့်တားဆီးခဲ့ပါသည်။ (သက်သေခံအထောက်အထားအဖြစ် မှတ်တမ်းဓါတ်ပုံကို
ရုံးတော်သို့တင်ပြထားပါသည်)။
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကြီးဖြင့်အတည်ပြုပြဌာန်းလိုက်သော
ဖွဲ့စည်းပုံအခြေခံဥပဒေ၏ပုဒ်မ(၃၅၄)နှင့် နိုင်ငံတာကာအစိုးရတိုင်း လေးစား
လိုက်နာရသည့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးအပိုဒ်(၁၉)(၂၀)အညီ
တိုင်းလျှပ်စစ်ရုံးအထိ ဆက်လက်ဆန္ဒဖော်ထုတ်ရန်ပြောခဲ့ပြီး
တိုင်းလျှပ်စစ်ရုံးထိ ဆက်လက်ဆန္ဒဖော်ထုတ်ခဲ့ပါသည်။ ထိုနောက်
မြို့နယ်လျှပ်စစ်ရုံးအထိပြန်လည်ရောက်ရှိပြီး နေ့လည်(၁၂)နာရီတွင်
လူစုခွဲခဲ့သည်။သက်ဆိုင်ရာအာဏာပိုင်များကငြိမ်းချမ်းစွာစုဝေးခွင့်နှင့်ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဥပဒေပုဒ်မ(၁၈)အရ
တရားစွဲဆိုမှု ကိုဆောင်ရွက်လိုပါက (၂၃-၅-၂၀၁၂)ရက်နေ့တွင်
တရားစွဲဆိုနိုင်သည်။ သက်ဆိုင်ရာအာဏာပိုင်များထံတွင် တရားဝင်ဥပဒေနှင့်အညီ
ငြင်းပယ်သည့်စာမရှိသောကြောင့် တရားစွဲဆိုနိုင်ခြင်း မရှိခြင်းဖြစ်ပါသည်။
တရားစွဲဆိုပါကငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်း
လှည့်လည်ခြင်းဆိုင်ရာဥပဒေနှင့်အညီမဆောင်ရွက်ခြင်းနှင့်
ထိုဥပဒေကိုချိုးဖောက်ခြင်းသာဖြစ်ပါမည်။ ပြည်ထောင်စုလွှတ်တော်ကို မလေး
စားခြင်းသာဖြစ်ပါမည်။
(၂၄-၅-၂၀၁၂)ရက်နေ့တွင် မြို့နယ်လျှပ်စစ်ရုံးရှေ့တွင်
ဆန္ဒဖော်ထုတ်ရန်လူစုချိန်တွင် တရားဝင်ငြင်းပယ်သည့်စာဖြင့် တားဆီး
ခြင်းမရှိခဲ့ပါ။ အကြမ်းဖက်ရန် ရဲတပ်ဖွဲ့အင်အားပြခြင်းသာ ဆောင်ရွက်ခဲ့ပါသည်။
လမ်းရှည်လမ်းနှင့် လက်သမားလမ်းဒေါင့်အရောက်တွင် ဆန္ဒဖော်ထုတ်သူများအား
တရားဝင်ငြင်းပယ်သည့်စာဖြင့် လူစုခွဲရန်ဆောင်ရွက်ခြင်းမရှိပဲ
ခရိုင်ရဲတပ်ဖွဲ့မှူးဦးသောင်းဝင်းကိုယ်တိုင် အကြမ်းဖက်ဝင်ရောက်
ဖမ်းဆီးရန်သာကြိုပမ်းခဲ့ပါသည်။ ထွန်းသီရိရုံရုပ်ရှင်ရုံဒေါင့်နှင့်
ဗဟိုမီးသတ်ဒေါင့်အရောက်တွင် အကြမ်းဖက်
ဖြိုခွင်းရန်အသင့်ပြင်စဉ်ထားသောရဲတပ်ဖွဲ့အင်အား(၁၀၀)ကျော်နှင့်
အချုပ်ကားကို ဗဟိုမီးသတ်ရှေ့တွင်ရပ်ထားသည်ကိုတွေ့ရှိရပါသည်။ မြို့နယ်
ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့သည်
တရားဝင်ငြင်းပယ်သည့်စာမရှိသောကြောင့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကြီးဖြင့်
အတည်ပြုပြ ဌာန်းလိုက်သော ဖွဲ့စည်းပုံအခြေခံဥပဒေ၏ပုဒ်မ(၃၅၄)ဖြင့်လည်းကောင်း၊
ပြဌာန်းထားသော ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်း
လှည့်လည်ခြင်းဆိုင်ရာဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ပြီးမဆန့်ကျင်ကြောင်း၊
ဥပဒေနှင်အညီ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး
အသီးသီးတို့ထံစာတင်ခဲ့ကြောင်း၊ နိုင်ငံတာကာအစိုးရတိုင်းလေးစားလိုက်နာရသည့်
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး အပိုဒ်(၁၉)(၂၀)တွင် ပြည်သူ့လုံခြုံရေး၊
ပြည်သူ့လုပ်ငန်း၊ ပြည်သူ့စီမံကိန်း၊ ပြည်သူ့ကျန်းမာရေး၊ တပါးသူ၏အခွင့်အရေး၊
တပါးသူ၏ကျင့်ဝတ်တို့ကို မထိခိုက်မနစ်နာပါက ငြိမ်းချမ်းစွာစုဝေးခွင့်နှင့်
ငြိမ်းချမ်းစွာစီတန်းလှည့်လည်ဆန္ဒဖော်ထုတ်ခွင့်ရှိကြောင်း၊
ကလေးသူငယ်အခွင့်အရေးစာချုပ်ကိုလက်မှတ်ထိုးပြီး
ကလေးသူငယ်ဥပဒေပြဌာန်းထားကြောင်း ကလေးသူငယ်အခွင့်အရေးအပိုဒ် (၁၆)
တွင်လုံလောက်သော
လျှပ်စစ်မီးကိုအစိုးရကအာမခံဆောင်ရွက်ပေးရန်တာဝန်ရှိကြောင်းနှင့်
အမျိုးသမီးများအားနည်းမျိုးစုံဖြင့်ခွဲခြားထားမှု
အားလုံးလုံးဝပပျောက်ရေးသဘောတူစာချုပ်ကိုလက်မှတ်ထိုးထားပြီး
အမျိုးသမီးအခွင့်အရေးအပိုဒ်(၁၄)အပိုဒ်ခွဲ(၂)(ဇ)တွင် လုံလောက်
သောလျှပ်စစ်မီးကို အစိုးရကအာမခံဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အစိုးရက
လုံလောက်သောလျှပ်စစ်မီးမပေးသောကြောင့်
ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခြင်းသာဖြစ်ကြောင်း၊
ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းသည်
လူ့အခွင့်အရေးတစ်ရပ် ဖြစ်ကြောင်းပြောဆိုပြီး ဗိုလ်ချုပ်ကျောက်ရုပ်အထိ
ဆက်လက်ဆန္ဒဖော်ထုတ်ရန်ပြောခဲ့ခြင်းကြောင့် သက်ဆိုင်ရာကခွင့်ပြုပြီး ဆက်လက်
ဆန္ဒဖော်ထုတ်ခဲ့ကြပါသည်။(သက်သေခံအထောက်အထားအဖြစ်
ဗိုလ်ဟိုမီးသတ်ဒေါင့်နေရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ်
အုပ်ချုပ်ရေးမှူး တို့နှင့် စကားပြောနေသည့် မှတ်တမ်းဓါတ်ပုံကို
ရုံးတော်သို့တင်ပြထားပါသည်)။ ဗဟိုမီးသတ်ရှေ့ကျော်ကျော်ရောက်သို့
ရောက်ရှိသောအခါ ဗဟိုမီးသတ်ဒေါင့်တွင် ဆိုက္ကားပေါ်တွင်ကျန်ခဲ့သော
ကိုကျော်ဆွေကို ရဲများက ဒုတ်ဖြင့် အကြမ်းဖက်ဝိုင်းရိုက်နှက်
ဖမ်းဆီးသွားသောကြောင့် ကျွန်တော်ထိုနေရာသို့သွားရောက်ခဲ့ပါသည်။
ဖိုးဖြူ(ခ)အောင်မိုးကျော်ကို ဒုရဲအုပ်ဦးဇော်မင်းနိုင်နှင့် ရဲများက
လက်သီးဖြင့်ထိုး၊ ခြေထောင်ဖြင့်ကန်၊ လက်ထိတ်ခတ်။ အကြမ်းဖက်ဖမ်းဆီးသွားပြီး
အချုပ်ကားထဲသို့ထည့်ခဲ့ပါသည်။ (သက်သေခံ အထောက်အထားအဖြစ် ကိုကျော်ဆွေနှင့်
ဖိုးဖြူ(ခ)အောင်မိုးကျော် အကြမ်းဖက်ဖမ်းဆီးသည့် မှတ်တမ်းဓါတ်ပုံကို
ရုံးတော်သို့တင်ပြ ထားပါသည်)။ လူ့အခွင့်အရေး အပိုဒ် (၅) မည်သူ့ကိုမျှ
ရက်စက်ကြမ်းကြုတ်စွာ လူမဆန်စွာ ဂုဏ်ငယ်စေသောဆက်ဆံမှု မပြုရသည့်ကို
ချိုးဖောက်ခြင်းဖြစ်နှင့် လူ့အခွင့်အရေးအပိုဒ် (၉) မည်သူ့ကိုမျှ ဥပဒေမဲ့
မတရားဖမ်းဆီးခြင်းမပြုရသည့်ကို သက်ဆိုင်ရာ အာဏာပိုင် များက
ချိုးဖောက်ခြင်းသာဖြစ် ပါသည်။ တရားရုံး၏ဖမ်းဝရမ်းမပါပဲ ကျွန်တော်၊
ကိုဝင်းလှိုင၊် ကိုကျော်ဆွေ၊ ကိုအောင်မိုးကျော်(ခ)ကိုဖိုးဖြူ၊ ကိုသန်းဌေး
အောင်၊ နှင့် မယမင်းလတ်(ခ) မဂျွန် အပါအ၀င် စုစုပေါင်း (၆)
ယောက်ကိုအကျဉ်းထောင်ထဲသို့ထည့်ခဲ့ပါသည်။ ထောင်ထဲသို့ ရောက်သောအခါ
ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့်
ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေ အခန်း(၄)
ပုဒ်မ(၉)ပုဒ်မခွဲ(ခ)ပုဒ်မခွဲ(ဂ)ကို ဥပဒေနှင့်အညီမဆောင်ရွက်ပဲ ဥပဒေ၏အထက်တွင်
ရောက်ရှိကာ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့်
ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်း ဆိုင်ရာဥပဒေ
ပုဒ်မ(၁၈)ဖြင့်တရားစွဲဆိုခဲ့ပါသည်။ ကျွန်တော်တို့ဆန္ဒဖော်ထုတ်သူများကို
အကျဉ်းထောင်မှလွတ်မြောက်ရန် လူ(၁၀၀၀) ကျော်က တောင်းဆို နေပါ သည်။
အကျဉ်းထောင်ရှေ့ရှိလူထုက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းမြင့်ကို
ဆန္ဒဖော်ထုတ်သူများကို အမြန်ဆုံးလွှတ်ပေးရန် ပြောကြားသည်ကို
ပြန်လည်ဖြေကြားခဲ့ပါသည်။ အကျည်းထောင်ထဲတွင် (၄)နာရီကျော်နေပြီ လွှတ်တော်
ကိုယ်စားလှယ်(၅)ဦး၏ အာမခံဖြင့်လွှတ်ပေးခဲ့ပါသည်။ အကျည်းထောင်ရှေ့တွင်
လူထူက၀မ်းမြောက်ဝမ်းသာဖြင့် ကြိုဆိုနေကြပါသည်။ (သက်သေခံ အထောက်အထားအဖြစ်
ပြည်သူ့လူထုသည် တရားမျှတမှု၊ လွတ်လပ်မှု၊ ငြိမ်းချမ်းမှုနှင့်
အမှန်တရားတို့ကိုလိုလားသောကြောင့်
ဆန္ဒဖော်ထုတ်သူ့များကိုလွှတ်ပေးရန်တောင်းဆိုနေသည့်မှတ်တမ်းဓါတ်ပုံကို
ရုံးတော်သို့တင်ပြထား ပါသည်)။
ပြည်သူ့တို့၏အခြေခံလိုအပ်ချက်ဆန္ဒကိုအစိုးရတိုင်းလေးစားရမည်ဖြစ်ပါသည်။
ခရိုင်ရဲမှူးဦးသောင်းဝင်းသည် တရားရုံးတွင်လာရောက်ထွက်ဆိုခြင်း
မပြုသည်လည်းတရားလိုဘက်မှ တာဝန်လစ်ဟင်း လျှက်ရှိ ပါသည်။
သူကိုယ်တိုင်လည်းအကြမ်းဖက်ဖမ်းဆီးရန်အမိန့်ပေးစေခိုင်းသူဖြစ်ပါသည်။
ဥပဒေထိန်းသိမ်းရေးဝန်းထမ်းဖြစ်သော ရဲတပ်ဖွဲ့ သည်
အမှုတစ်ခုကိုတရားရုံးတော်သို့အမှုတင်ရာတွင် စေ့စေ့စပ်စပ်
ထဲထဲဝင်ဝင်စုံစမ်းစစ်ဆေးပြီှး ထိုအမှု၏အခွင့်အရေးနှင့်၊ဥပဒေများကို
ကျွမ်းကျင်မှ တရားရုံးတော်ကိုတင်ရခြင်းဖြစ်ပါသည်။ ကလေးသူငယ်ဥပဒေ၊
လူ့အခွင့်အရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကိုမေးသော အခါ
“မသိဘူး၊သတိမထားမိဘူး” ဟုသာ ဖြေကြားခဲ့သည်။ မသိခြင်း၊သတိမထားမိခြင်းသည်
တာဝန်လစ်ဟင်းလျက်ရှိကြောင်း ထင်းရှား စွာတွေ့ရှိရပါသည်။
အကျဉ်းထောင်ရှေ့တွင်
အကြမ်းဖက်ဖမ်းဆီးထောင်ထဲထည့်ခံရသောဆန္ဒဖော်ထုတ်သူများလွတ်မြောက်ရန် ပြည်သူ
လူထူ(၁၀၀၀)ကျော်က လွှတ်ပေးရန်အော်ဟစ်တောင်းဆိုသည်ကိုလည်း
တရားလိုနှင့်လိုပြသက်သေများက ပြည်သူလူထူတစ်ထောင် ကျော်မဟုတ်ပါ။
(၅၀)ယောက်သာဖြစ်သည်ဟု ပြောဆိုခြင်းသည် လိမ်လည်ခြင်းဖြစ်နေသည်မှာ
ထင်ရှားစေသည်။(သက်သေခံ မှတ်တမ်းဓါတ်ပုံတင်ပြထားပါသည်)။ အမှုတစ်ခုလုံးကို
လိမ်လည်ခြင်းမှာ ပေါ်လွင်ထင်ရှားနေသောကြောင့် တရားစွဲဆိုခြင်းသည်
မှားယွင်းနေသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၃၄၇)
ဥပဒေအကာအကွယ်ကိုတန်းတူညီမျှစွာရယူနိုင်ခွင့်ရှိသည်။ အပြည်ပြည်ဆိုင်ရာ
လူ့အခွင့် အရေး ကြေညာစာတမ်းအပိုဒ်(၃၀) ဤကြေညာစာတမ်းပါ အခွင့်အရေးနှင့်တကွ
လွတ်လပ်ခွင့်များ ပျက်စီးရာပျက်စီကြောင်းရည်ရွယ်၍ နိုင်ငံအတွက်ဖြစ်စေ၊
လူတစ်စုအတွက်ဖြစ်စေ၊ လူတစ်ဦးတစ်ယောက်အတွက်
ပါဝင်ဆောင်ရွက်ရန်အခွင့်ရှိသူဟုလည်းကောင်း
ကိုယ်တိုင်ဆောင်ရွက်ရန်အခွင့်ရှိသည်ဟုလည်းကောင်းအဓိပ္ပါယ်ပိုင်းခြားကောက်ယူခြင်းမရှိစေရဟု
ဆင့်ဆိုထားပါသည်။
မွေးရာပါအခြေခံလူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာနှင့်နေထိုင်နိုင်ရန်အတွက်
ဆန္ဒဖော်ထုတ်ခြင်းသည်ပြစ်မှုကျူးလွန်ခြင်း မဟုတ်ပါ။ တရားလိုနှင့်လိုပြ သက်သေ
များ၏ စွပ်စွဲချက်မှာ ကလေးသူငယ်အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊
လူ့အခွင့်အရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စု
လွှတ်တော်ကပြဌာန်းထားသော
ငြိမ်းချမ်းစွာစုဝေးစီးတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေ
အခန်း(၄)ပုဒ်မ(၉)ပုဒ်မခွဲ(ခ)(ဂ)တို့ကို မလေးစားခြင်း၊
ဥပဒေနှင့်အညီမဆောင်ရွက်ခြင်း ဥပဒေမဲ့အကြမ်းဖက်ဖမ်းဆီးခြင်း၊ ဖမ်းဝရမ်းမပါပဲ
အကျဉ်းထောင် ထဲသို့ထည့်ခြင်း၊ ပုဒ်မ(၁၈)ဖြင့်တရားစွဲဆိုရန်
လုပ်ဆောင်ခြင်းတို့သည် မှားယွင်းနေခြင်း၊ အခိုင်အမာသက်သေမထူ နိုင်ခြင်း၊
တရားစွဲဆိုရန်အထောက်အထားကွင်းဆက်ပြတ်နေခြင်း တို့ကိုထင်းရှားစွာတွေ့မြင့်
နေရပါသည်။ ထိုသို့ထင်းရှားစွာ ပေါ်လွင်နေသောကြောင့် ကျွန်တော်တို့ကို အမှုမှ
အပြီးသတ်တရား တရားသေလွှတ်သင့်ကြောင်းလျှောက်လဲချက်တင်သွင်းအပ်ပါသည်။
လေးစားစွာဖြင့်
ဇော်ထွန်း(ခ)သန့်ဇော်ထွန်း
မှတ်ပုံတင်အမှတ်-၇/ပမန(နိုင်)၀၀၂၇၀၄
ကျောင်းသစ်လမ်း၊ရွှေလက်လှရပ်ကွက်၊
နေ၀င်းနယ်မြေ၊ ပြည်မြို့။
ရက်စွဲ။ ။ ၂၀၁၃ ခုနှစ်၊ သြဂုတ်လ၊ (၁၆)ရက်
No comments:
Post a Comment